Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ပြော၍မကုန်နိူင်သောဆုကျေးဇူး

THE UNSPEAKABLE GIFT
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၅ခုနှစ်
ဇန်နာဝါရီလ ( ၂၅ ) ရက်နေ့ ညနေပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။

"”ပြော၍မကုန်နိူင်သောဘုရားသခင်၏ဆုကျေးဇူးတော်ကို အောက်မေ့၍ ချီး မွမ်းခြင်းရှိစေသတည်း။" ( ၂ကောရိန္တု ၉း ၁၅ )


၁၉၉၄ခုနှစ်ညသန်းခေါင်တွင် ငလျှင်တစ်ခုသည် ကျွန်ုပ်တို့အိမ်ကို အဆတ်မပြတ်အ သံမြည်စေသည်။ ထိုအရာက ကျွန်ုပ်တို့အိမ်တွင်ရှိသောအရာ၏တန်းဖိုးကို ကျွန်ုပ်အားတွေး တောစေပါသည်။ မီးကူးစက်လွယ်သော ကျွန်ုပ်ုတို့အိမ်အကြောင်းကို တွေးတော်လာသည်။ ယခုမီးလောင်ခဲ့သော် အဘယ်သို့ဖြစ်မည်နည်း။ ကျွန်ုပ်တို့သည် လွတ်မြောက်ရန် သုံးလေး မိနစ်ခန့်သာကျန်တော့သည် အခြေအနေဖြစ်နေပေလိမ့်မည်။ ထိုသို့ဖြစ်လျှင် အဘယ်အရာကို စတင်ယူဆောင်မည် စသဖြင့်တွေးတောသည်။ ကျွန်ုပ်သည် အိပ်ခန်းထဲပြေးဝင်ပြီး အံဆွဲကို ဖွင့်ကာ ပထမဆုံးဆံပင်ညှပ်သည့်အချိန်က ကလေးလေး၏ဆံပင်ကိုယူ၍ ဖိနပ်စင်တွင် ရှိသည့် ကလေး၏ဖိနပ်လေးကို ယူလျက် စသဖြင့် အမျိုးမျိုးစဉ်းစားခဲ့သည်။ နောက်တစ်ချိန်ရှိသေးလျှင် ကျွန်ုပ်အမေနှင့်ကလေးလေး၏ဓါတ်ပုံကိုယူမည်။ အခြားကျန်သေးသည့် မိနစ်အနည်းငယ်တွင် ကျွန်ုပ်မိန်းမဝတ်ဆင်သော မင်္ဂလာဆောင်ဝတ်စုံကိုဝတ်၍ သေတ္တာထဲသို့ထည့်ထားမည်။ ထို့နောက် ၁၉၃၄ ခုနှစ်မင်္ဂလာဆောင်သည့်အချိန်တွင်ရရှိသော လက်ဆောင်များကို သိမ်းထား မည်။

ထိုအရာများသည် အဘယ်မျှလောက်သောတန်ဖိုးကို ပိုင်ဆိုင်ထားကြပါသနည်း။ ဘာမျှမဟုတ်ပါ။ ကို မင်္ဂလာဝတ်စုံဟောင်းအတွင် ဒေါ်လာ ၂၅ လောက်သာဖြစ်ချင်ဖြစ်နိူင် သည်။ အခြားအရာများမှာ ငွေကြေးနှင့်ဆိုရလျှင် အချည်းနှီးသာဖြစ်ပါသည်။ ကျွန်ုပ်အတွက် တန်ဖိုးမဲ့သောအရာများသာဖြစ်ကြပါသည်။ အကြီးမားဆုံးသောဆုလဒ်များကို ကျွန်ုပ်တို့၏ စိတ်နှလုံး၊ စိတ်ဝိညာဉ်တွင် သို၍ထားပါသည်။

ကျွန်ုပ်အဘွားသောသည့်အချိန် နောက်မနက်တွင် သူမ၏နေအိမ်ကို ရှင်းလင်းရမည် အကြောင်းကို ကျွန်ုပ်အားပြောကြပါသည်။ ကျွန်ုပ်ဒုက္ခရောက်နေသည်။ ကျွန်ုပ်အိမ်ထဲဝင်ပြီး တစ်ခုကို ယူလိုက်သည်။ စပျစ်ကိုပျိုးထားသောအိုးပင်ဖြစ်သည်။ သူကြိုက်နှစ်သက်သောအရာ ဖြစ်ပြီး ထိုအရာကို ယူလိုက်ခြင်းဖြစ်သည်။ ကျွန်ုပ် ဤတရားဒေသနာကို ရေးနေသည့်အချိန် တွင် ကျွန်ုပ်စားပွဲပေါ်တွင် စပျစ်ပင်ကိုမြင်နေရပါသည်။ ကျွန်ုပ်သည ထိုစပျစ်ပင်ကို ခြောက် နှစ်ခန့်ကြာမြင့်အောင်ကြာမြင့်လာသည်။ ဒေါ်လာနှစ်ကျပ်ပင်တန်ဖိုးမရှိလှပါ။ သို့သော် ထိုအရာများမှာ အသက် ၁၅နှစ်အရွယ်ကလေးအနေဖြင့် အဘွားအိမ်မှာ သယ်သည့်အရာများ ပင်ဖြစ်ကြပါသည်။ ဒေါ်လာ ၂ မတန်သကဲ့သို့ ကျွန်ုအတွက်လည်း အကျိုးမရှိပေ။ အကြီးမား ဆုံးသောအရာသည် ကျွန်ုပ်တို့၏နှလုံးသားနှင့်စိတ်ဝိညာဉ်တွင်ရှိသည်။

ကျွန်ုပ်၏ဝမ်းကွဲဖြစ်သူ Johnny နှင့်ဇနီးသည်တို့ဆုံးကြသည့်အချိန်တွင် ကျွန်ုပသည် အပြင်သို့ကားမောင်းထွက်ခဲ့သည်။ ထိုအိမ်ကိုရောင်းလိုက်သည်ဖြစ်၍ ထိုအိမ်တွင်ရှိသမျှသည် လည်းမရှိတော့ပေ။ တစ်ဦးဦးက "တစ်စုံတစ်ရာ" အလိုရှိသလားဟုမေးသည်။ ကျွန်ုပ်ကဲ့ ဘဲများပုံဖော်ထားသည့် ပလိုင်ဝုတ်အလိုရှိသည်ဟုဖြေလိုက်သည်။ ထိုအရာကို ကျွန်ုပ်အားပေး ကြသည်တွင် ဝမ်းနည်းစွာအဝေးကို ထွက်သွားခဲ့သည်။ ထိုအရာသည် ကျွန်ုပ်သား၏အိပ်ခန်း တွင် ယနေ့ထိရှိနေသေးသည်။ ထိုအရာမှာ ကျွန်ုပ်အသက် ၁၃နှစ်အရွယ်က အသက်ရှင်နေ ထိုင်ခဲ့သည့်နေရာကဖြစ်သည်။ ဒေါ်လာ ၂၅ တန်တယ်မဟုတ်လား။ ကျွန်ုပ်အတွက်မူ အကျိုးမ ရှိပါ။ အကြီးမားဆုံးသောအရာမှာ ကျွန်ုပ်တို့စိတ်နှလုံးစိတ်နှလုံးနှင့် ကျွန်ုပ်စိတ်ဝိညာဉ်တွင်ရှိ သည်။

ကျွန်ုပ်အမေ၏အိမ်ကိုရောင်းလိုက်သည့်အချိန်တွင် သင်လိုချင်တာရှိရင် ယနေ့ယူပါ၊ ဒါနောက်ဆုံးနေ့ပဲဟုပြောကြသည်။ တကယ်နောက်ဆုံးအချိန်ဖြစ်သည်။ အဘယ့်ကြောင့် တစ်ရက်နှစ်ရက်ကြိုမပြောကြပါသနည်း။ ကျွန်ုပ်သည် အပြေးအလွှားလုပ်ပြီး ဆိုင်တင်ဟင်းသီး ဟင်းရွက်များကိုရောင်းသည်။ သူမ၏ အော်ဂင်၊ ပလာစတာဘဲနှစ်ကောင်၊ နှင့် ပလာစတာပတ် ဟောင်းနှစ်ခု၊ တစ်ခုမှ အမေရိကန်အန္ဓိယ၊ တစ်ခုမှာ စပိန် နွားကျောင်းသားဖြစ်သည။် ထိုအရာ အားလုံးမှာ ဒေါ်လာ ၂၀၀၀ ထက်ဈေးလျော့သည်။ သို့သော် ထိုအရာကို သင်က ကျွန်ုပ်ထံမှ ဒေါ် ၁၀၀၀၀ နှင့်ပင်ဝယ်မရနိူင်ပါ။ ကျွန်ုပ်အတွက် အကျိုးမရှိပါ။ အကြီးမားဆုံးသောအရာမှာ ကျွန်ုပ်တို့၏စိတ်နှလုံးနှင့် စိတ်ဝိညာဉ်တွင် သိုမှီးထားပါသည်။

မင်္ဂလာဆောင်ဝတ်စုံနှစ်ခု၊ ဆံပင်နှစ်ခု၊ စပျစ်ပင်ပျိုးထားသောအိုးတစ်လုံး၊ ပန်းကန် ခွက်ယောက်ဟောင်းများ၊ ကျိုးပဲ့သောအော်ဂင်၊ စသည်တို့သည် ကျွန်ုပ်အတွက် အလွန်ပင်အ ဖိုးထိုက်လှပါသည်။ ကျွန်ုပ်ဖော်ပြနိူင်ပါ။ သူတို့၏တန်ဖိုးများသည် ရှင်းပြ၍လည်းမရပါ။ အကြီး မားဆုံးသောလက်ဆောင်မှာ ကျွန်ုပ်တို့၏စိတ်နှလုံးတွင် ချည်နှောင်ထားကြောင်း တွေ့ရပေ မည်။

Mike ဟူသော အထက်တန်းကျောင်းသားဘဝတုန်းက သူငယ်ချင်းတစ်ယောက်ရှိပါ သည်။ ကျွန်ုပ်ကျောင်းထွက်ပြီးနောက်တွင် သူသည် မိမိကိုယ်ကို အသေသတ်ခဲ့သည်။ သူ့အမေကိုသွားကြည့်ဖြစ်သည်။ သူသည်ကျွန်ုပ်သူငယ်ချင်းဖြစ်ကြောင်း သူမကိုပြောပြသည်။ သူမက သူ၏ဈေးကြီးသည် စာရေးစက်ကိုပေးရန်ကြိုးစားသည်။ သူ၏အဝတ်အစားများကို ပေးရန်လည်းကြိုးစားသည်။ သူမသည် တစ်ဦးတည်းသောသား ဆုံးရှုံးခြင်းကြောင့် ဝမ်းနည်း ကျေကွဲဖြစ်ခဲ့ရပါသည်။ သူသည် ကြွယ်ဝချမ်းသာသူသာဖြစ်လျှင် "ကျွန်ုပ်သည် Beverly တောင်တွင် အခန်းပိုင်ဆိုင်ထားသည်၊ ဘဏ်တွင် ဒေါ်လာတစ်သန်းရှိသည်၊ တန်ဖိုးမဖြစ်နိူင် သည့် စိန်လည်ဆွဲပိုင်ဆိုင်သည်၊ ကျွန်ုပ်သားသာ ပြန်အသက်ရှင်မည်ဆိုလျှင် ထိုအရာအားလုံး ကို ကျွန်ုပ်ပေးနိူင်သည် " " ဟု ကျွန်ုပ်ကိုပြောပေမည်။ အကြီးမားဆုံးသောဆုလဒ်သည် ကျွန်ုပ် တို့နှလုံးသားနှင့်စိတ်ဝိညာဉ်မှ ဆင်းသက်လာခြင်းဖြစ်ပါသည်။

ရှင်ပေါလုရေးသားသည့် အသုံးပြုထားသောကျမ်းပိုဒ်ကို ဖတ်ရှုသောအခါ သူသည် အဘယ်အရာကို ဆိုလိုသည်ကို သိရပါသည်။

"ပြော၍မကုန်နိူင်သောဘုရားသခင်၏ဆုကျေးဇူးတော်ကို အောက်မေ့၍ ချီး မွမ်းခြင်းရှိစေသတည်း။" ( ၂ကောရိန္တု ၉း ၁၅ )

"ပြော၍မကုန်နိူင်သော " ဟူသောစကားလုံး၏ ဂရိစကားလုံးမှာ anekdiegetos ဖြစ်သည်။ "ရှင်းပြမရနိူင်သော၊ ဖော်ပြ၍မရနိူင်သော" ဟူသောအဓိပ္ပါယ်ကို ဖော်ဆောင်ထားပါသည်။ (James Strong) "ဖော်ပြ၍မရနိူင်သော" ဟုဆိုလိုပါသည်။ (George Ricker Berry) စကား လုံးအားဖြင့်လုံး၀ဖော်ပြ၍မရနိူင်သောအခြေအနေ၊ အကြောင်းအရာပင်ဖြစ်ပါသည်။ အပြစ်ရှိ သောလူသား၊ ပျောက်သောလောကကြီးအပေါ်ထားရှိသည့် သခင်ယေရှုခရစ်၊ ဘုရားသခင်၏ မေတ္တာကိုဖော်ကျူးထားပါသည်။ ဘုရားသခင်၏သားတော်ယေရှုပင်ဖြစ်ပါသည်။ ဤစကားလုံး များကို ဆင်ခြင်းကြည့်ပါ။

၁။ ပထမအချက်- ခရစ်တော်တည်းဟူသောဘုရားသခင်၏ဆုကျေးဇူးသည် လောကကို ကောင်းဆုံးနေရာပြင်ဆင်ပေးသည်။

ဘုရားသခင်သည် ယေရှုခရစ်ကိုစေလွှတ်တော်မူသောအခါ ကျွန်ုပ်တို့၏သေးငယ် သောနေရာလေးကို နေရာကောင်းတစ်ခုဖြစ်စေခဲ့သည်။ လောကနှင့်တူသောစကြဝဠာကြီးကို စူးစမ်းရှာဖွေလို့လုံးဝမရနိူင်တော့သည့်နေရာတွင်ရှိပါသည်။ လောကကြီးသည် အမှန်တကယ် ဖြစ်လာပါတော့သည်။ မရေတွက်နိူင်သောကြယ်၊ ဂြိုလ်များ၊ ကျွန်ုပ်တို့နေရာကဲ့သို့မရှိပေ။ သို့သော် ဆိုလာနည်းစနစ်တွင် ကျွန်ုပ်တို့၏ကမ္ဘကြီးသည် အခြားဂြိုလ်များနှင့်အဘယ့်ကြောင့် ကွဲပြားခြားနားလျက်ရှိပါသနည်း။

"အသက်တာသည် ဤအရပ်တွင် ရှိနေသောကြောင့် လောကကြီးသည် ကွဲပြားခြား နားနေပါသည်" ဟုဆိုလျှင် မယုံကြည်သူများက "ထိုသို့မဟုတ်ပါ" ဟုဆိုကြမည်။ ဘဝအသက် တာဖြင့်တည်ဆောက်ထားသည့် အခြားကမ္ဘာနှင့် ဂြိုလ်များလည်းရှိသည်ဟု ဆိုကြပါမည်။ ထိုသူတို့ကို ငြင်းမရနိူင်ပါ။ မမှန်ကန်ပါဟု သင်ဆိုမည်၊ သို့သော် သက်သေပြရန်မရှိပေ။ အခြား ဂြိုလ်များတွင်လည်း ဘဝရှိနိူင်သည်။ ထိုအကြောင်းက ကျွန်ုပ်တို့၏ကမ္ဘာကြီးကို ကွဲပြားခြားနား စေသည်။ နောက်ဆုံးဆန်းစစ်မှုအရ ကျွန်ုပ်တို့က မ္ဘာကြီးကို အထူးဖြစ်စေသည့်အရာမှာ ယေရှုကြွလာသည့်အကြောင်းဖြစ်သည်။ ဘုရားသခင်တည်ရှိတော်မူရာမမြင်နိူင်သောကမ္ဘာ၊ ဘုရားသခင်တည်ရှိတော်မူရာ တတိယကောင်းကင်မှ ခရစ်တော်ကြွလာပြီး ကျွန်ုပ်တို့နှင့်အတူ ကြွလာအသက်ရှင်ခဲ့သည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်။

"အချိန်ကာလစေ့သောအခါ၊ ငါတို့သည် သား၏အခွင့်အရာကိုခံရမည်အ ကြောင်း၊ ပညတ်တရားလက်၌ရှိသောငါတို့ကို ရွေးနှုတ်စေခြင်းငှါ၊ မိန်းမ ဝမ်း၌ပဋိသန္ဒေယူ၍ ပညတ်တရားအောက်၌ဖွါးမြင်သောသားကို ဘုရားသ ခင်သည်စေလွှတ်တော္မူသည်။" (ဂလာတိ ၄း ၄-၅ )

ကာလအချိန်ရောက်လာသောအခါ၊ "ဘုရားသခင်သည် သားတော်ကိုစေလွှတ်ခဲ့သည်။" သူ၏ သားတော်ယေရှုကြွလာခဲ့သည်။ ဂရိစကားလုံးမှာ exapostello ( စေလွှတ်ရန်၊) ဟူ၍ဖြစ် သည်။ ယေရှုကို မည်သည့်နေရာမှစေလွှတ်သနည်း။ မည်သည့်အရပ်သို့စေလွှတ်သနည်း။ သူကိုကောင်းကင်မှစေလွှတ်တော်မူခဲ့သည်။ အပျိုကညာမာရိ၏သားအိမ်ထဲသို့စေလွှတ်တော်မူ ခဲ့ပါသည်။ ကောင်းကင်မှ လောကသို့စေလွှတ်တော်မူခြင်းအားဖြင့်ဖြစ်သည်။ ထိုအချက္က ကျွန်ုပ်တို့၏ကမ္ဘာကို ကွဲပြားခြားနားစေပါသည်။ ထိုအချက္က ကျွန်ုပ်တို့၏ကမ္ဘာကို ဆန်းသစ် စေသည်။ ယေရှုသည် ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာငယ်လေးဆီသို့ဆင်းကြွလာခဲ့သည်။ လောကကြီး၊ ကြယ်၊ နှင့်စကြာဝဠာကို အုပ်စိုးသောအရှင်သည် သားတော်ကို စေလွှတ်ခဲ့သည်။ ယေရှုကို အခြားေနရာသို့စေလွှတ်တော်မူသည်မဟုတ်။ ဘုရားသခင်သည် သားတော်ကို ဤ လောကသို့စေလွှတ်တော်မူသောအကြောင်းတရားသည် အခြားဂြိုလ်များနှင့်လုံးဝကွဲပြားခြား နားစေသည့်အကြောင်းတရားပင်ဖြစ်ပါသည်။ ခရစ်တော်သည် ဤလောကသို့ဆင်းကြွခဲ့သည်။ ထိုအရာက ကျွန်ုပ်တို့ကို ကွဲပြားခြားနားစေသည်။ "ဘုရားသခင်သည် သားတော်ကို စေလွှတ် ခဲ့သည်။" " သူသည် လူ့ဇာတိခံယူမွေးဖွါးလာခဲ့သည်။ ကျွန်ုပ်တို့နှင့်အတူရှိနေခဲ့သည်။" "သမ္မာ တရားနှင့်ကျေးဇူးတော်နှင့်ပြည့်စုံလာပေသည်။" ( ယောဟန် ၁း ၁၄ ) William Booth သည် ကယ်တင်ခြင်းတပ်ကို တည်ထောင်သူဖြစ်သည်။ သူ၏မြေးလေးက လှပသည့် တေးသီချင်းကို သီကုံးခဲ့သည်။

ဘုန်းထင်ရှားရာအရပ်မှ
   အသက်ရှင်ရာနေရပ်
ကျွန်ုပ်ဘုရားနှင့်ကယ်တင်ရှင်ကြွလာ
   ယေရှုဟူသည် သူ့နာမတော်
နွားစားခွက်တာမွေးဖွားလာ
   သူ့အတွက် သူစိမ်းဆန်နေ
ဝမ်းနည်းခြင်း၊ မျည်ရည်များစီးကျလို့လာသည်။
( "အောက်အရပ်မှဘုန်းတော်သို့" William E. Booth-Clibborn ၊ ၁၈၉၃-၁၉၆၉ ရေးစပ်သည်၊ ကယ်တင်ခြင်းတပ်ကိုတည်ထောင်သည့် William Booth ၏မြေးဖြစ်သည်။ )

ကယ်လီဖိုးနီးယားပြည်နယ်၊ ယွာဘာလင်ဒါမြို့တွင် အိမ်ဖြူလေးတစ်လုံးရှိသည်။ ထိုအိမ်တွင် အခန်းငယ်လေးနှစ်ခန်းရှိပြီး ပထမအထပ်တွင် မီးဖိုလေးရှိသည်။ သို့သော် ထောင်ပေါင်းများစွာ သောသူတို့သည် နောက်ဆုံးနှစ်အနည်းငယ်တွင် ထိုအိမ်ကလေး၏အရှေ့နှင့်မီးဖိုချောင်ကို ဖြတ်သွားဖြတ်လာပြုကြပါသည်။ ကျွန်ုပ်သည် လည်းထိုအိမ်ကလေးကို ကြည်ရှုဖို့အလည်အ ပတ်ဖြင့် အကြိမ်လေးဆယ်လောက်ရောက်သည်။ ထိုနေရာကို သူများစွာ အဘယ့်ကြောင့် လာကြပါသနည်း။ ထိုအိမ်လေး၏ဆွဲဆောင်မှုကားအဘယ်နည်း။ ထိုအိမ်တွင် မွေးဖွါးသောသူ ကြောင့်သာဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၏ ၃၇ဦးမြောက်သော သမ္မတသည် ထိုအိမ် လေးရှိကြမ်းပြင်ပေါ်တွင် မွေးဖွါးခဲ့သည်။ ထိုအကြောင်းက အိမ်ကို ထူးခြားမှုဖြစ်စေသည်။ မွေး ဖွါးလာသောသူကြောင့်သာဖြစ်သည်။ သူသေသည့်အချိန်တွင် ဘီလီဂရေဟမ်တရားဟောနေ စဉ်တွင် အသက်ရှင်လျက်ရှိသော သမ္မတငါးဦးသည် လူပေါင်း ၄၀၀၀ ကျော်တို့၏နှင့်အတူ ထိုအိမ်လေးရှေ့တွင် ထိုင်ခဲ့ကြသည်။ ထိုနေရာက မွေးသောသူကြောင့်ဖြစ်သည်။ ထိုနေရာတွင် သမ္မတမွေးဖွါးခဲ့သည်။ ကမ္ဘာကြီးသည် အခြားအရပ်နှင့်လုံးဝမတူဘဲ ထူးခြားမှုရှိ စေရန် သီးခြားထားပါသည်။ အကြောင်းမှာ ယေရှုသည် ဤလောကသို့စေလွှတ်ပြီး မွေးဖွါး လာသောကြောင့်ဖြစ်သည်။

"ပြော၍မကုန်နိူင်သောဘုရားသခင်၏ဆုကျေးဇူးတော်ကို အောက်မေ့၍ ချီး မွမ်းခြင်းရှိစေသတည်း။" ( ၂ကောရိန္တု ၉း ၁၅ )

၂။ ဒုတိယအချက် - ခရစ်တော်တည်းဟူသောဘုရားသခင်၏ ဆုကျေးဇူးသည် လူ့ဘဝကိုမြင့်မြတ်စေသည်။

ရေလွှမ်းမိုးခြင်းနောက်ပိုင်းတွင် ဘုရားသခင်သည် ဘိုးဘေး နောဧကို စကားပြော တော်မူခဲ့သည်။

"အကြင်သူသည် လူ၏အသွေးကို သွန်း၏။ ထိုသူ၏အသွေးကို လူ့လက် ဖြင့်သွန်းရမည်။ အကြောင်းမူကား၊ ဘုရားသခင်သည် မိမိပုံသဏ္ဍာန် နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။" ( ကမ္ဘာ ၉း ၆ )

လူသည် ဘုရားသခင်၏ပုံသဏ္ဍာန်တော်အတိုင်းဖန်ဆင်းခြင်းကိုခံရသည်။ လူသည် ဘုရား သခင်၏တံဆိတ်ဖြင့်ဖန်ဆင်းထားခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကိုယ်တိုင်စီရင်ထား သောအချက်မှာ အခြားသူတစ်ဦး၏အသွေးကိုသွန်းသောသူအတွက် အပြစ်ဒဏ်ပင်ဖြစ်သည်။ လူသားတို့၏ဘဝအသက်တာကို ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော်ဖြစ်သည့် ဆုကျေးဇူးတော်အားဖြင့် ထာဝရပေးဆပ်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် နှစ်တစ်နှစ်၏ဇန်နာဝါရီလ တိုင်းတွင် တနင်္ဂနွေနေ့ကို ဘေးချိပ်ထားရပါသည်။ ထိုအရာကို လွန်ခဲ့သည် တနင်္ဂနွေနေ့တွင် ကျင်းပခဲ့ကြသည်။ ထိုအရာမှာ ရို ၅ ၏နှစ် ၄၂နှစ်မြောက်သော နှစ်ပတ်လည်နေ့လည်းဖြစ်ပါ သည်။ လွန်ခဲ့သည့်လူကြီးဟောင်းများက အမျိုးသမီးတစ်ယောက်က ၎င်း၏ကလေးကိုသတ် ရန်မှာ ဥပဒေအရဖြစ်သည်ဟုဆိုသည်။ ၅၇ သန်းသော ကလေးများသည် သားဖျက်ချခြင်းအား ဖြင့်အသတ်ခံရပါသည်။ ဘုရားသခင်သနားတော်မူပါ။

ထိုအရာအားလုံးကို လွန်ခဲ့သော တနင်္ဂနွေနေ့က ဟောခဲ့ပြီးပြီ။ ထိုအကြောင်းအရာကို ကျွန်ုပ်ပြောဆိုလုပ်ဆောင်သည့်အချိန်တွင် မိခင်နှင့်၎င်း၏ကလေးများသည် အသင်းတော်မှ ထွက်ခွါကြပါသည်။ ကျွန်ုပ်က ထိုသားဖျက်ချခြင်းနှင့်ပါတ်သက်ပြီး သင်းအုပ်အများစုက မဟောပြောကြဟု ကျွန်ုပ်ထင်မိသည်။ သို့သော် ထိုအရာမှာ ရှက်ဖွယ်ကောင်းပါသည်။ သားဖျက် ချခြင်းကို ပြုသောအမျိုးသမီးများသည် ၎င်းတို့၏လုပ်ဆောင်ခြင်းများကို အသွေး တော်အားဖြင့်ဆေးကြောခြင်းကို ခံရရန်လိုအပ်ပါသည်။ လူငယ်အမျိုးသမီးများကို ခရစ်တော်၏ မေတ္တာအကြောင်းကြားစေချင်သည်မှာ ကျွန်ုပ်၏ဆန္ဒအမှန်ပင်ဖြစ်ပါသည်။ ခရစ်တော်၏အ သွေးတော်အားဖြင့်ဆေးကြောခြင်းရှိတော်မမူလျှင် သူဘ၀၏ကျန်သောအခ်ျိန်များသည် ပျော် ရွှင်ဖွယ်ရာမဖြစ်နိူင်တော့ပေ။ ထာဝရကာလတိုင်အောင် ထိုဩတ္တပ္ပစိတ်တွေကြောင့်ခြောက် ချားနေပေလိမ့်မည်။ "ကျွန်မသားလေးကိုသတ်တယ်၊ ကျွန်မသားလေးကိုသတ်တယ်၊ ဘုရား သခင် ကျွန်မသားလေးကိုသတ်မိတယ်။" ထိုအချက်က ထိုအမျိုးသမီးကို ထာဝရကာလတိုင် အသက်တာတစ်ခုလုံးကို စိတ်ခြောက်ချားမှုက ဖျက်ဆီးပေလိမ့်မည်။ လောကဆရာများက ထိုအကြောင်းအရာများကို သင့်အားပြောကြမည်မဟုတ်ပါ။ သင်၌ သားဖျက်ခြင်းအမှုကိုလုပ် ဆောင်ခဲ့ပါလျှင် ထိုအရာက သင့်စိတ်နှလုံးအားဖြင့်ပြောဆိုနေပေမည်။ "အို၊ ဘုရားသခင်၊ ကျွန်တော်ကလေးငယ်ကို သတ်လိုက်ပါသည်။" လောကဘက်တွင် ရပ်တည်ပြီး ဘုရားကို ငြင်း ဆန်သောသူများက ထိုမိန်းမ၏ရွေးချယ်သောလမ်းသည် မှန်ကန်ပေသည်ဟု ဆိုပေမည်။ သို့သော် ထိုသူတို့က မိန်းကလေးအား ကျန်ရှိနေသော ဘဝတစ်ယောက်လုံးတွင်ရရှိမည့် စိတ်ဒုက္ခများအကြောင်းကိုမူပြောကြလိမ့်မည်မဟုတ်ပါ။ အကြောင်းမှာ လူ့ဘဝသည် မြင့်မြတ် လှပါသည်။ လူသည် ဘုရားသခင်၏ပုံသဏ္ဍာန်တော်နှင့်အညီဖန်ဆင်းထားသောလူဖြစ်ပါ သည်။ ထို့ကြောင့်သာလျှင်ဖြစ်သည်။

အခြားနေ့ရက်တွင် နောက်ဒီချင်းစာပိုဒ်ကို သီဆိုခဲ့ကြသည်။ "ဘုရားသခင်၏မေတ္တာ" အကြောင်းကိုဖော်ပြရေးသားထားပါသည်။ အင်မိတ်သေပြီးနောက်တွင် သူရေးသားထားသည့် ဤစာသားကို တွေ့ရှိခဲ့ကြသည်။

ခက်ခဲသောအချိန်ကာလကျော်လွန်သောအခါ၊ လောကနန်သည် ပြိုပျက်မည်၊
   ဆုတောင်းရန်ငြင်းဆန်သောလူသား၊ ကျောက်ဆောင်၊ တောင်များဟောပြောကုန်
ဘုရားမေတ္တာထာဝရတည်မြဲ၊ တိုင်းမရအနှိုင်းမဲပါ။
   အာဒံမျိုးနွယ်အားရွေးကောက်သောကျေးဇူးတော်၊ သန့်ရှင်းသူများသီဆိုကျူး
ဘုရားမေတ္တာ၊ သန့်ရှင်းမြင့်မြတ်၊ တိုင်းမရအနှိုင်းမဲ့ပါ။
   ထာဝရတည်မြဲနေ၊ သန့ရှင်းသူများသီဆိုကျူးဧကြ။
("ဘုရားမေတ္တာ" Frederick M. Lehman, ၁၈၆၈-၁၉၅၃ ရေးစပ်သည်။ ဒုတိယအပိုဒ)

ယေရှုခရစ်အားဖြင့် ဘုရားသခင်ပေးတော်မူသောဆုကျေးဇူးတော်သည် လူသားတို့၏ အသက်တာကိုဆေးကြောသန့်ရှင်းစေသည်။ လူသားသည် ဘုရားသခင်၏အမြင်တွင် အလွန် ပင်ထူးခြားပြီး မြင့်မြတ်သောသူဖြစ်ပါသည်။ ဘုရားသခင်သည် လူကိုချစ်တော်မူ၍ ကယ်တင် ခြင်းအလို့ငါွ သားတော်ကို စေလွှတ်တော်မူခဲ့သည်။ "ပြော၍မကုန်နိူင်သောကျေးဇူးတော် ကြောင့်ဘုရားသခင်ကို ချီးမွမ်းပါသည်။" ( ၂ကော ၉း ၁၅ )

၃။ တတိယအချက် - ခရစ်တော်တည်းဟူသောဘုရားသခင်၏ဆု ကျေးဇူး တော်သည် အပြစ်ခွင့်လွတ်ခြင်းနှင့်ကယ်တင်ခြင်း ကိုပေး ထားသည်။

သမ္မကျမ်းစာ ကျမ်းပိုဒ်ကိုရှေးဦးစွာဖတ်ကြပါစို့နော်။

"ငါတို့သည် အကျိုးနည်းရှိစဉ်တွင် အချိန်တန်မှခရစ်တော်သည်မတရား သောသူတို့အတွက်ကြောင့် အသေခံတော်မူ၏။ ဖြောင့်မတ်သောသူအ တွက်အသေခံမည့်သူရှိခဲ့၏။သူတော်ကောင်းအတွက်အသေခံဝံသောသူ ရှိကောင်းရှိလိမ့်မည်။ ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အ တွက်ကြောင့်အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့အား အဘယ်မျှလောက်ချစ်တော်မူသည်ကို ထင်ရှားစွာပြတော်မူ၏။ သို့ဖြစ်၍ ယခုတွင် အသွေးေတော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်ပြီးမှ ထိုသခင် အားဖြင့်အပြစ်ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ရောက်လိမ့်မည်ဟု သာ၍ မျှော်လင့်စရာရှိ၏။" ( ရောမ ၅း ၆-၉ )

ယေရှုခရစ်သည် လက်ဝါးကပ်တိုင်တွင် အသေခံတော်မူသည့်အချိန်တွင် ကျွန်ုပ်တို့အ တွက်အပြစ်အလုံးစုံ၏အခကိုပေးတော်မူခဲ့သည်။ "ငါတို့သည် အကျိုးနည်းရှိစဉ်တွင် အချိန်တန် မှ ခရစ်တော်သည်မတရား သောသူတို့အတွက်ကြောင့် အသေခံတော်မူ၏။" (ရောမ ၅း ၆ ) ကျွန်ုပ်တို့သည် ဘုရားသခင်ကိုကျေနပ်စေရန် လုံလောက်သောခွန်အားမရှိ၊ မိမိကိုယ်ကိုလည်း ကယ်တင်တော်မမူနိူင်။ ကျွန်ုပ်တို့အားလုံးသည် သူတော်ကောင်များမဟုတ်ကြပေ။ သို့သော် "ခရစ်တော်သည် လက်ဝါးကပ်တိုင်တွင် အသေခံတော်မူခဲ့သည်။ " ၎င်းမှာ ပြော၍မကုန်နိူင် သောဘုရားသခင်၏ဆုကျေးဇူးပင်ဖြစ်ပါသည်။

"အသွေးေတော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်ပြီးမှ ထိုသခင် အားဖြင့်အပြစ်ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ရောက်လိမ့်မည်ဟု သာ၍ မျှော်လင့်စရာရှိ၏။" ( ရောမ ၅း ၆-၉ ) သူသည် ကျွန်ုပ်တို့ကိုယ်စားအသေခံခဲ့သည်။ ၎င်းသည် ပြော၍မကုန်နိူင်သော ဘုရားသခင်၏ ဆုကျေးဇူးပင်ဖြစ်ပါသည်။ အသွေးတော်အားဖြင့် ကျွန်ုပ်တို့၏အပြစ်အလုံးစုံကို ဆေးကြောသန့် ရှင်းစေပါသည်။ ၎င်းမှာ ဘုရားသခင်၏ပြော၍မကုန်နိူင်သောဆုကျေးဇူးပင်ဖြစ်သည်။

ကျွန်ုပ်တို့လုပ်ဆောင်ရန် ဘုရားသခင်တောင်းဆိုထားသည့်အရာမှာ အပြစ်မှ နောင်တ ရပြီး ဘုရားသခင်၏သားတော်ကို ယုံကြည်လက်ခံရန်ဖြစ်သည်။ သခင်ယေရှုကို ယုံကြည် လက်ခံသည်နှင့် ကယ်တင်တော်မူခြင်းသို့ရောက်လိမ့်မည်။ ၎င်းမှာ ယုံကြည်သောသူတိုင်းအဖို့ ပြော၍မကုန်နိူင်သော ဘုရားသခင်၏ဆုကျေးဇူးပင်ဖြစ်ပါသည်။

ကျွန်ုပ်အပြစ်ရှိသမျှခွင့်လွှတ်၊ အလုံးစုံဟိုအဝေးထွက်ပြေး
ဝါးတိုင်ပေါ်အသေခံသောသူ၏အသွေးကြောင့် ကယ်တင်ခံရပြီ
( "အသွေးတော်အားဖြင့်ကယ်တင်" S. J. Henderson, ၁၉ ရာစု ရေးစပ်သည်။ )

ယေရှုသည် အသွေးတော်မြတ်အား အပြစ်ခွင့်လွှတ်ခြင်းအတွက်စွန့်လွှတ်
   မိုးပွင့်ကဲ့သို့ဖြူစင်စေအောင်ဆေးကြောသန့်စင်တော်မူသည်။
ကိုယ်တော်မြတ်ကိုသာယုံကြည်ပါ၊ ယခုယုံကြည်ပါ။
   သင်၏အပြစ်မှ ကယ်ချွတ်မည်၊ ယခုကယ်ချွတ်မည်။
( "ကိုးစားယုံကြည်"၊ John H. Stockton ၊ ၁၈၁၃-၁၈၇၇ ရေးစပ်သည်။ )

ခရစ်တော်ကို "ကိုးစားခြင်း" ဟူသည်မှာ အဘယ်နည်း။ ကောင်းသောဆရာဝင်ကို အားကိုးသကဲ့သို့ အသက်တာကို သူ၏လက်ထဲသို့ပုံအပ်ထားခြင်းဖြစ်ပါသည်။ ကျွန်ုပ် ခုနှစ်နှစ် ရှိသည့်အချိန်တွင် ပသိရောင်နာရှိကြောင်း ၎င်းကိုဖယ်ရှားရမည်ဖြစ်ကြောင်း ဒေါက်တာ Pratt က ကျွန်ုပ်မိခင်အားပြောပြသည်။ ထိုအကြောင်းကို မိခင်မှတဆင့် ကြားရသောအခါ စိုးရိမ် ကြောက်လန့်ခဲ့ရသည်။ ထိုအချိန်တွင် ခုနှစ်နှစ်သာရှိသေးသည်။ ဆေးရုံသို့ရောက်သောအခါ ကျွန်ုပ်၏နှလုံးခုန်သံက မြန်သည်ထက်မြန်လာသည်။ ကျွန်ုပ်ကို "အိပ်ဆေးထိုးကြလျှင်"အ ဘယ်သို့ဖြစ်မည်ကို ကျွန်ုပ်မသိပါ။ ဆရာ ဆရာမအားလုံးသည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင် ကြကာ ကျွန်ုပ်ထံသို့လာ၍ အဆင်သင့်ဖြစ်စေကြသည်။ ကျွန်ုပ်သည် ထခုန်၍ထွက်ပြေးလုမ တတ်ဖြစ်ခဲ့ရပါသည်။ ထို့နောက် ဒေါက်တာ Pratt ကလာသည်။ သူကို ငယ်ငယ်ကတည်းက သိသည်။ ကျွန်ုပ်မွေးသည့်အချိန်တွင်လည်း သူကမွေးပေးသည်။ ကျွန်ုပ်၏ဆရာဝန်လည်းဖြစ် သည်။ သူသည် အလွန်ပင်သဘောထားကောင်းသောသူဖြစ်သည်။ သူ့ကို ချစ်သည်။ ကိုးစား သည်။ "သူက ရောဘတ် မစိုးရိမ်ပါနှင့်၊မိနစ်အနည်းငယ်အတွင်းပြီးမည် " ဟုပြောသည်။ ကျွန်ုပ်နှလုံးခုန်သက်သာသွားသည်။ အကြောင်းမှာ ဒေါက်တာ Pratt ကို အားကိုးသည်။ ခဏလေးမေ့ဆေးထိုးလိုက်သည်။ အခြားတစ်ချိန်တွင် ထပြီး သူ့ကိုပြုံးပြသည်။ ဒေါက်တာ Pratt က "ရောဘတ်၊ ပြီးသွားပြီ၊ ခဏကြာရင် အိမ်ပြန်နိူင်ပြီ" ဟုဆိုသည်။ ကောင်းပြီ အသက် ကြီးသောဆရာဝန်ကို ယုံကြည်ကိုးစားသည်။ ယေရှုနှင့်ထိုသို့ုလုပ်ဆောင်စေလိုသည်မှာ ကျွန်ုပ် ၏ဆန္ဒပင်ဖြစ်ပါသည်။

ကိုယ်တော်မြတ်ကိုသာယုံကြည်ပါ၊ ယခုယုံကြည်ပါ။
သင်၏အပြစ်မှ ကယ်ချွတ်မည်၊ ယခုကယ်ချွတ်မည်။

Dr. Chan ကျေးဇူးပြုပြီး ဆုတောင်းပေးပါ။ အာမင်…။

(တရားဒသေနာနိဂုံး)



တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို Mr. Abel Prudhomme ကဆောင်ရွက်သည်။ ရောမ ၅း ၆-၉
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith ဂုဏ်တော်ချီးမွမ်းသည်။ “ကိုယ်တော်မေတ္တာ”၊
Frederick M. Lehman, ၁၈၆၈-၁၉၅၃ ရေးစပ်သည်။ )

အခွပွေုကမျြး

ပြော၍မကုန်နိူင်သောဆုကျေးဇူးအကျဉ်ချုပ်

THE UNSPEAKABLE GIFT

Dr. R. L. Hymers, Jr.

"ပြော၍မကုန်နိူင်သောဘုရားသခင်၏ဆုကျေးဇူးတော်ကို အောက်မေ့၍ ချီး မွမ်းခြင်းရှိစေသတည်း။"
( ၂ကောရိန္တု ၉း ၁၅ )

၁။ ပထမအချက်- ခရစ်တော်တည်းဟူသောဘုရားသခင်၏ဆုကျေးဇူးသည် လောကကို
ကောင်းဆုံးနေရာပြင်ဆင်ပေးသည်။ ဂလာတိ ၄း ၄၊ ယောဟန် ၁း ၁၄

၂။ ဒုတိယအချက် - ခရစ်တော်တည်းဟူသောဘုရားသခင်၏ ဆုကျေးဇူးသည်လူ့ဘဝကိုမြင် မြတ်စေသည်။ ကမ္ဘာဦး ၉း ၆

၃။ တတိယအချက် - ခရစ်တော်တည်းဟူသောဘုရားသခင်၏ဆု ကျေးဇူးတော်သည် အပြစ် ခွင့် လွတ်ခြင်းနှင့်ကယ်တင်ခြင်း ကိုပေး ထားသည်။ ရောမ ၅း ၆-၉