Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




နိူးထမှုကိုပေးသောဘုရား

(နိူးထမှုနှင့်ပါတ်သက်၍ တရားဒေသနာ-၁၄)
THE GOD OF REVIVAL
(SERMON NUMBER 14 ON REVIVAL)
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၄ခုနှစ်
နိူဝင်ဘာလ ( ၉ ) ရက်နေ့ ညနေပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, November 2, 2014

“ကိုယ်တော်သည်မိုးကောင်းကင်ကိုဖွင့်လှစ်၍၊ ဆင်းသက်တော်မူပါစေသော်။ ရှေ့ တော်၌တောင်တို့သည် လှုပ်ကြပါစေသော။ မီးသည် အမှိုက်ကိုလောင်သကဲ့သို့၎င်း၊ ရေကိုဆူစေသကဲ့သို့၎င်း၊ ဖြစ်ပါစေသော။ သို့ဖြစ်လျှင်၊ ကိုယ်တော်၏ရန်သူတို့သည် နာမတော်ကိုသိ၍၊ ရှေ့တော်၌ လူအမျိုးမျိုးတို့သည် တုန်လှုပ်ကြပါလိမ့်မည်။ အကျွန်ုပ်တို့မြော်လင့်သည်ထက်၊ အံ့ဘွယ်သောအမှုတို့ကိုပြုတော်မူသောအခါ၊ ဆင်းသက်တော်မူ၍ တောင်တို့သည် ရှေ့တော်၌ လှုပ်ကြပါ၏။” (ယေရှာ ၆၄း၁-၃ )


ဣသရေလလူမျိုးများသည် ဆိုးရွားသောအခြေအနေတွင်ရှိနေခဲ့ကြသည်။ သူတို့သည် ကြောက်ရွှံပြီး ဝမ်းနည်းငိုကြွေးနေကြသည်။ သို့ရာတွင် ပရောဖက်က သူတို့အား ငြိမ်းချမ်းမှုကို ပြန်လည်ပေးရန် ဘုရားသခင်ထံဆုတောင်းခံခဲ့သည်။ ဘုရားသခင်အား အတိတ်တွင်ပြုခဲ့သမျှ သောအရာကို ပြန်လည်သတိရရန်တောင်းဆိုခဲ့သည်။ အတိတ်ကပြုခဲ့သကဲ့သို့ပြန်လည်ပြုလုပ် ရန် တောင်းဆိုခဲ့သည်။ ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိသောဘုရားဖြစ်တော်မူသည်။ သူ သည်မနေ့၊ ယနေ့၊ နောင်ကာလ မပြောင်းလဲသောဘုရားဖြစ်ပါသည်။ အတိတ်က သူလုပ်ဆောင်ခဲ့သောအရာကို တဖန်သူလုပ်ဆောင်နိူင်ပေသည်။ ထို့ကြောင့် ပရောဖက်က ဘုရားသခင်အား ဤသို့ဆိုပါသည်။

“အကျွန်ုပ်တို့မြော်လင့်သည်ထက်၊ အံ့ဘွယ်သောအမှုတို့ကိုပြုတော်မူသောအခါ၊ ဆင်းသက်တော်မူ၍ တောင်တို့သည် ရှေ့တော်၌ လှုပ်ကြပါ၏။” ( ဟေရှာ ၆၄း ၃ )

ကျွန်ုပ်တို့သည် အထက်ပါကျမ်းပိုဒ်မှ အချက်သုံးချက်ကိုတွေ့ရှိရပါသည်။

၁။ ပထမအချက်- ဘုရားသခင်၏မျက်မှောက်တော်သည် ကျွန်ုပ်တို့၏ တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်သည်။

ဟေရှာယက အပိုဒ်ငယ်တစ်ကို တောင်းသည့်အချိန်တွင် ဤအရာကို တွေ့မြင်ခဲ့ သည်။ “ကိုယ်တော်သည်မိုးကောင်းကင်ကိုဖွင့်လှစ်၍၊ ဆင်းသက်တော်မူပါစေသော”။(ဟေ ၆၄း ၁ ) သူက အနည်းငယ်စော၍ “မိုးကောင်းကင်ကိုဖွင့်လှစ်၍၊ ဆင်းသက်တော်မူရန်” ဆု တောင်းတော်မူခဲ့သည်။ (ဟေရှာ ၆၃း ၁၅ ) သူ၏ဆုတောင်ချက် တိုး၍ ကြီးလာသည်။ သူက ဘုရားသခင်သည် “ဖွင့်လှစ္”တော်မူရန် စတင်ဆုတောင်းတော်မူခဲ့သည်။ သို့သော် ယခုတွင် “ဆင်းသက်” ရန်ဆုတောင်းတော်မူခဲ့သည်။ ယခုတွင် မိုးကောင်းကင်ကို နှစ်ခြမ်းခွဲ၍ ဆင်းသက်ကာ သူ၏လူများကို ကူညီမစရန် ဘုရားသခင်ထံဆုတောင်းခဲ့သည်။

ခရစ်တော်သည် ဘုရားသခင်ထံသို့ရောက်နိူင်သောလမ်းကို ကျွန်ုပ်တို့အတွက် ဖွင့်လှစ်တော်မူခဲ့သည်။ သူသည် တဲတော်ရှိ ကုလားကာကို မတင်ထားသည်မဟုတ်။ အထက်မှအောက်သို့ နှစ်ခြမ်းကွဲစေခဲ့သည်။ သို့ဖြင့် ဘုရားသခင်ထံပါးသို့သွားနိူင်သောလမ်းကို ထာဝရဖွင့်လှစ်တော်မူခဲ့သည်။ ခရစ်တော်သည် ဖွင့်လျက်ရှိသောကောင်းကင်ကိုဖြတ်ကျော်၍ ပရဒိသုဘုံသို့သွားခဲ့သည်။ ထိုဖွင့်လျက်ရှိသောကောင်းကင်ကိုဖြတ်၍ သန့်ရှင်းသောဝိညာဉ် တော်သည် အသင်းတော်ပေါ်သို့ ပင်္တေကုတ္တိနေ့တွင် ဆင်းသက်တော်မူခဲ့သည်။

ကျွန်ုပ်တို့သည် ဘုရားသခင်၏ဝိညာဉ်တော် ကျွန်ုပ်တို့အပေါ် တဖန်သက်ရောက်လာ ရန် ဆုတောင်းပဌနာပြုရပေမည်။ ယနေ့တွင် ဘုရားသခင်သည် ဆင်းသက်တော်မူပြီး ကျွန်ုပ်တို့နှင့်အတူရှိနေရန် စိတ်နှလုံးဖြင့် ဆုတောင်းပဌနာပြုကြပါစို့။ တရုတ်နှစ်ခြင်းအသင်း တော်တွင် ကျွန်ုပ်၏သင်းအုပ်ဆရာအဖြစ် နှစ်ရှည်လများ တာဝန်ထမ်းဆောင်သူမှာ Dr. Timothy Lin ဖြစ်ပါသည်။ Dr. Lin က ဤသို့ဆိုထားပါသည်။

     ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်က မိမိလူတို့အားကောင်းကြီးပေးရန်
     လိုအပ်သော တောင်းဆိုချက်မှာ ဘုရားသခင်၏မျက်မှောက်တော်ဖြစ်သည်။
     သာဓကကောင်းမှာ ဣဇက်ဖြစ်သည်။ သူ၏ [ခေတ်] ကာလတွင် သူမစိုက် ပျိုးသော ဖိလိပ္ပိတို့၏လယ်မြေတွင် ခက်ခဲကြမ်းတမ်းသည့်ကြားတွင် ကောက်ရိတ် သိမ်းနိူင်ခဲ့သည်။ ဘုရားသခင်၏မျက်မှောက်တော်ကြောင့်ပင်ဖြစ်ပါသည်။ ….ဖိလိတ္တိ မင်းကလည်း “သခင်ဘုရာသည် သင်နှင့်အတူရှိတော်မူကြောင်းကို သိကြပါသည်” ဟုဆိုလေသည်။ ( ကမ္ဘာ ၂၆း ၂၈ )
     ယောသပ်တွင်လည်း ထိုနည်းလည်းကောင်းဖြစ်တော်မူခဲ့သည်။ ကျွန်အဖြစ် တိုင်းတစ်ပါးသို့ရောင်းစားခြင်းခံရသည့်တိုင် သူ၏ချုပ်နှောင်ခံရခြင်းအားလုံးကို စွန် ပယ်နိူင်ပြီး အီဂျစ်ပြည်တစ်ခုလုံးအပေါ် စိုးစံနိူင်ခဲ့သည်။ ထိုသို့ဖြစ်ပျက်ရခြင်း၏ [တစ်ခုတည်းသော] အကြောင်းတရားမှာ ဘုရားသခင်၏မျက်မှောက်တော်သည် သူနှင့်အတူရှိနေခြင်းကြောင့်ဖြစ်သည်။ “ထာဝရဘုရားသည် ယောသပ်ဘက်မှာရှိ၍၊ သူပြုလေရာရာ၌ အောင်စေတော်မူသတည်း။” ( ကမ္ဘာ ၃၉း ၂၃)
     ဘုရားသခင်၏မျက်မှောက်တော်တည်နေခြင်း၏အရေးကြီးခြင်းမှာ ကနဦး အသင်းတော်ခေတ်တွင်လည်း သာ၍မြင်သာပေသည်။ ကနဦးအသင်းတော်ခေတ် တွင် အသင်းတော်ကြီးထွားမှု၏နက်နဲခြင်းမှာ ဘုရားသခင်၏မျက်မှောက်တော် တည်နေခြင်းဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်သည်လည်း ၎င်း၏မျက်မှောက်တော်တည်နေကြောင်း တိုး၍ထင်ရှားစေပါသည်။ နောက်ဆုံး သောကာလအသင်းတော်သည် ကြီးထွားလိုသည့်ဆန္ဒရှိလျှင် ဘုရားသခင်၏မျက် မှောက်တော်ကို ပိုင်ဆိုင်ထားရမည်၊ သို့တည်းမဟုတ် ၎င်း၏ကြိုးစားအားထုတ်မှု များသည်လည်း အချည်းနှီးဖြစ်ပေလိမ့်မည်။ (Timothy Lin, Ph.D., The Secret of Church Growth, FCBC, ၁၉၉၂၊ စာ-၂-၆ )

“ကိုယ်တော်သည်မိုးကောင်းကင်ကိုဖွင့်လှစ်၍၊ ဆင်းသက်တော်မူပါစေသော….” ( ဟေရှာယ ၆၄း ၁ )

ဘုရားသခင်၏မျက်မှောက်တော်သည် မောရှေနှင့်အတူရှိတော်မူ၍ သူ၏လူများကို ကျွန်ခံရာအီဂျစ်ပြည်မှ လွတ်မြောက်စေတော်မူခဲ့သည်။ သူတို့သည် သဲကန္တာရကို ကျော်ဖြတ်ခဲ့ ရသည်ဖြစ်၍ ဘုရားသခင်၏မျက်မှောက်တော်သည် သူတို့နှင့်အတူရှိနေတော်မူခဲ့သည်။ သူသည် တိမ်တိုက်နှင့် မီးတိုင်အားဖြင့် ထင်ရှားပြီး သူတို့၏လမ်းခရီးကို ဦးဆောင်တော်မူခဲ့ သည်။ “ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူရှိသည်” ဟူသောအောင်လံတံခွန်ကို ဂျူးလူမျိုး များရေးသားကြသောအချိန်တွင် သူတို့သည် တစ်ပင်လယ်ပြီး တစ်ပင်လယ်အောင်မြင်နိူင်ကြ သည်။ သို့ရာတွင် ဘုရားသခင်ကို ဝမ်းနည်းကြေကွဲစေကြသောအခါ အားနည်းသော လူမျိုး များဖြစ်ကြရသည်။ သူတို့သည် ဗာဗုလုန်ပြည်တွင်လည်း ကျွန်အဖြစ်သိမ်းဆည်းခြင်းခံကြရ သည်။ ဘုရားသခင်၏မျက်မှောက်တော်သည် ဂျူးလူမျိုးများ၏ဘုန်းအသရေပင်ဖြစ်ပါသည်။ သို့ရာတွင် ဘုရားသခင်၏မျက်မှောက်တော်မရှိသောအခါ အဘယ်အမှုမျှမတတ်နိူင်ကြပေ။

ဤသည်မှာ မှောင်မိုက်ပြီး ကြောက်မက်ဖွယ်ရာနေ့ရက်ပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏အ သင်းတော်များသည်လည်း အားအင်ချိနဲ့နေသည်။ ကျွန်ုပ်တို့၏တရားဟောဆရာများသည် လည်း တန်ခိုးမရှိကြတော့ပြီ။ ကျွန်ုပ်တို့သည် မှောင်မိုက်ပြီး အနောက်တိုင်းနိူင်ငံ၏ဆိုးယုတ် သောသောဒုံဖြစ်သည် ဆိုးမိုက်သောမြို့၏အတွင်းနှလုံးသားဖြစ်ရပေသည်။ ငရဲ၏တွန်းအားက ကျွန်ုပ်တို့အားရပ်တန့်စေရန် ၎င်းတို့၏အဆိုးရွားဆုံးသောအရာကို လုပ်ဆောင်ခဲ့လေပြီ။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူ ရှိတော်မူခဲ့သည်။ ကျွန်ုပ်တို့ဘုရားကျောင်း သည်လည်း အံ့ဘွယ်ဖွယ်ဖြစ်တော်မူရာပေးတော်မူခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် အတူရှိတော်မူသည်ဖြစ်၍ ယခုတွင်လည်း ဤတရားဒေသနာသည် အင်တနက်ပေါ်တွင် လူပေါင်း ၈၀,၀၀၀ ကျော်ထံ လတိုင်းရောက်ရှိပေမည်။ ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူ ရှိတော်မူခဲ့သည်။ ယခုတွင် ကျွန်ုပ်တို့သည် လူငယ်များကိုဆောင်ယူပြီး အသင်းတော်ကိုတည် ဆောက်ကြရမည်။ “မဖြစ်နိူင်ပါဘူး” ဟု သင်ပြောပေလိမ့်မည်။ သို့ရာတွင် ခံစားချက်များကို ကျွန်ုပ်သိပေသည်။ သို့ရာတွင် ထိုခံစားချက်သည် ကျွန်ုပ်တို့၏ဇာတိနှင့်စာတန်ထံက လာပေ သည်။ ကျွန်ုပ်တို့အသင်းတော်ဘုရားကျောင်းကို ဘုရားသခင်ကကယ်တင်ပေးသည့်အချိန်တွင် ကျွန်ုပ်တို့အတွက် အဘယ်အရာလုပ်ဆောင်သည်ကို သတိချပ်ရပေမည်။ ထိုပြင် လူငယ်တို့၊ အရင်က ဆုမတောင်းခဲ့သောကြောင့် အခုဆုတောင်းရပေမည်။ အကြောင်းမူကား၊ ကြီးမြတ် တော်မူသောဘုရားသခင်၏မျက်မှောက်တော်သည ကျွန်ုပ်တို့၏ဧဝံဂေလိလုပ်ငန်းနှင့် အသင်း တော်ကိုးကွယ်ဝတ်ပြုခြင်းတွင် တည်လျက်ရှိပေသည်။

“ကိုယ်တော်သည်မိုးကောင်းကင်ကိုဖွင့်လှစ်၍၊ ဆင်းသက်တော်မူပါစေသော….” ( ဟေရှာယ ၆၄း ၁ )

ဘုရားသခင်၏မျက်မှောက်တော်သည် ကျွန်ုပ်တို့၏မျှော်လင့်ချက်ဖြစ်ပေသည်။ မျှော်လင့်စရာ အဘယ်သူမျှမရှိပါ။ ဘုရားသခင်သည် ကောင်းကင်ကိုဖွင့်လှစ်၍ ကျွန်ုပ်တို့အလယ်တွင် ဆင်းသက်တော်မမူလျှင် အဘယ်သူမျှ ပြောင်းလဲလာမည်မဟုတ်၊ အဘယ်သူမျှ အသင်းတော်

တွင် ခိုင်မာသောအသင်း သားလည်းဖြစ်လာမည်မဟုတ်။

၂။ ဒုတိယအချက်- ဘုရားသခင်၏မျက်မှောက်တော်သည် အံ့ဘွယ်အမှုကို ပြုပေသည်။

အသုံးပြုထားသောကျမ်းပိုဒ်က “ သင်သည် ကျွန်ုပ်တို့ မရှာဖွေသော ကြောက်မက် ဖွယ်သောအရာကို လုပ်ဆောင်ခဲ့သည့် အချိန်တွင် သင်ဆင်းသက်လာခဲ့သည်” ဟုဆိုထားပါ သည်။ ခေတ်သစ်ကျမ်းစာအုပ်က “ကြောက်မက်ဖွယ်ရာ” ကို “ကြီးမားသော” ဟုဘာသာပြန် ဆိုထားပါသည်။ ထိုအရာကို ကျွန်ုပ်အလေးမထားတော့ပါ။ အကြောင်းမှာ ၎င်းသည် အလွန်အ ကျွံအသုံးပြုထားခြင်းကြောင့် ပျက်စီးသွားခဲ့ပြီ။ ထိုအရာကို “ကျွန်ုပ်တို့ရှာဖွေထားခြင်းမရှိသည့် အံ့ဘွယ်အရာ” ဟုသာတွေးတောသင့်ပါသည်။ ဂျူးလူမျိုးများက “ကိုယ်တော်သည် အံ့ဘွယ်အ မှုကို ပြုသောဘုရား” ဟုဆိုကြသည်။ ( ဆာလံ ၇၇း ၁၄ )

ဣသရေလလူမျိုးများသည် ပင်လယ်နီကိုဖြတ်လျှောက်သောအချိန်တွင် ခြောက်သွေ့ သောမြေ၌လျှောက်သွားကြမည်ဟုမျှော်လင့်ကြမည်ဟု သင်တွေးမိသလား။ သို့ရာတွင် သူတို့ သည်အမှန်တကယ် ထိုသို့သွားနိူင်ခဲ့ကြသည်။ နောက်ကလိုက်လာသော အီဂျစ်လူများသည် ရေပြန်စေ့သောအခါ နစ်မြှုပ်ခဲ့ကြပေသည်။ သဲကန္တာရတွင်ရှိနေချိန် ၎င်းတို့၏တဲများတွင် လျှပ်စစ်ထက်သာ၍လင်းလက်သောမီးကို ရရှိခဲ့ကြရန် သူတို့မျှော်လင့်ကြမည်ဟု ထင်မိပါသ လား။ သူတို့သည် အမှန်ပင် ထိုသို့အလင်းရခဲ့ကြပါသည်။ ဆာလောင်မွတ်သိပ်သည့်အခါ ကောင်းကင်မှ မန္နမုန့်ကို စားရရန်မျှော်လင့်ကြမည်ဟု ထင်ပါသလား။ ရေငတ်သောအခါ ကျောက်ဆောင်ထဲမှ ရေကို ရုတ်တရက်ရရှိရန် မျှော်လင့်ကြလိမ့်မည်လော။ ယေရိခေါကို ပတ်၍ တံပိုးမှုတ်ပြိးအော်ဟစ်သဖြင့် ယေရိခေါမြို့ရိုးပြိုပျက်ရန်မျှော်လင့်ခဲ့ကြပါသလား။ ဣသရေလသမိုင်းကို လေ့လာကြသောအခါ “ကျွန်ုပ်တို့တတွေ လုံး၀မျှော်လင့်ထားခြင်းမရှိ သည့်အရာများ” ဖြစ်ကြောက်မက်ဖွယ်ရာများနှင့်ပြည့်စုံနေကြောင်းကို တွေ့ရှိရပေသည်။

ပုဂ္ဂိုလ်တစ်ဦးအဖြစ်ကြွလာရန် ယေရှုကို အဘယ်သူမျှော်လင့်သနည်း။ “မတရားသော သူအဖို့တရားသောသူ” လက်ဝါးကပ်တိုင်တွင် အသေခံပြီး ကျွန်ုပ်တို့အား ကောင်းကင်ဘုံသို့ ဆောင်ယူရန် အဘယ်သူမျှော်လင့်ပါသနည်း။( ၁ပေ ၃း ၁၈ ) ကြောက်ရွံ့သောတပည့်တော်များ၊ သော့ခတ်ထားသောအခန်းထဲတွင် ခိုအောင်းသောသူများက ရောမအင်ပါယာအနှံ့ ဧဝံဂေလိတ ရားဟောကြားရန် အဘယ်သူထင်မှတ်သနည်း။ ဖယောင်းတိုင်လေးကို ကိုင်လျက်အသက်ကြီး တစ်ဦးဦးဆောင်သည့် ချို့တဲ့သောကျွန်းငယ်လေးသည် ကြီးမားသည့် စစ်တပ်ပိုင်ရှင် ဟစ်တလာကိုအနိူင်ယူမည်ဟုအဘယ်သူထင်သနည်း။ နှစ်ပေါင်းနှစ်ထောင်ကျော်လွန်လာသော အခါ အနှယ်နှယ်အရပ်ရပ်တွင် ကွဲပြားသွားသော ဂျူးများ ပြန်လည်ပေါင်းစည်းလာကြမည်ဟု အဘယ်သူထင်ထားပါသနည်း။ သေးငယ်သောနိူင်ငံလေးက မူစလင်နိူင်ငံများကို နှစ်ပေါင်း ခြောက်ဆယ်ထက်မနည်း ကြံကြံခံနိူင်မည်ဟု အဘယ်သူထင်ထားပါသနည်း။ အနည်းငယ် သောတရုတ်ခရစ်ယာန်များသည် မော်စီတုန်း၏ဖိနှိပ်ချုပ်ချယ်မှုအောက်တွင် ရာစုနှစ်ဝက် လောက်ခံနိူင်ရည်ရှိမည်ဟု အဘယ်သူထင်ထားသနည်း။ “ဤအိမ်အသင်းတော်ငယ်လေးများ” သည် လောကသမိုင်းတွင် နိူးထမှုကြီးဖြစ်စေသောနေရာအဖြစ် အဘယ်သူထင်ပါသနည်း။ ကျွန်ုပ်တို့၏အသင်းတော်က အလွန်းဆိုးရွားသောအသင်းတော်ကိုကြည့်ရှုကျွေးမွေးနေရသည် ဟု အဘယ်သူထင်မှတ်သနည်း။ အသင်းတော်အဆောက်အဦးအတွက် လူပေါင်း သုံးဆယ့်ကိုး ယောက်က တစ်လလျှင် ဒေါ်လာ တစ်သောင်းခြောက်ထောင်ကျဖြင့် နှစ်ပေါင်းနှစ်ဆယ်ပေးနိူင် မည်ဟု အဘယ်သူထင်သနည်း။ လောကမှာ အံ့ဩဖွယ်ရာအကောင်းဆုံး သင်းအုပ်ဆရာ၏မိန်း မတစ်ယောက်ကို ကျွန်ုပ်ထံစေလွှတ်မည်ဟု အဘယ်သူထင်မှတ်မည်နည်း။ တနင်္ဂနွေနေ့တိုင်း တွင် ကျွန်ုပ်၌ သန်မာသောသားနှင့်ယောက် ကျွန်ုပ်နှင့်အတူရှိနေမည်ဟု အဘယ်သူထင်မည် နည်း။ကျွန်ုပ်တို့အသင်းတော်ကို ဦးဆောင်ဖို့ ဒေါက်တာဘွဲ့ရသူနှစ်ဦးနှင့် ဆေးဒေါက်တာတို့ကို ကျွန်ုပ်တို့ထံစေလွှတ်မည်ဟု အဘယ်သူထင်မှတ်မည်နည်း။ ကြမ်းတမ်းသောအတွေးအခေါ် တွင် ကျွန်ုပ်၏အမေသည် အသက်ရှစ်ဆယ်အရွယ်တွင် အသိပညာနှင့်ကြွယ်၀သောခရစ်ယာန် ဖြစ်မည်ဟု အဘယ်သူထင်ထားမည်နည်း။

“အကျွန်ုပ်တို့မြော်လင့်သည်ထက်၊ အံ့ဘွယ်သောအမှုတို့ကိုပြုတော်မူသောအခါ၊ ဆင်းသက်တော်မူ၍ တောင်တို့သည် ရှေ့တော်၌ လှုပ်ကြပါ၏။” ( ဟေရှာ ၆၄း ၃ )

ဘုရားသခင်သည် ဆင်းကြွလာသောအချိန်တွင် အဘယ်သူမျှကြံမရသော၊မျှော်လင်မထား သောအံဘွယ်အမှုများကို လုပ်ဆောင်နိူင်ပါသည်။

အံ့ဘွယ်ကောင်းသော ကျွန်ုပ်ဘုရား၊
ကိုယ်တော့်အလင်းထွန်းတောက်ပါ၏။
ကျေးဇူးပလ္လင်လှပါသည်တကား။
တောက်လောင်သောအရာထဲတွင်
တောက်လောင်သောအရာထဲတွင်

အံ့ဘွယ်ကောင်းပေ၊ လှပလွန်းလှ
ကိုယ်တော်၏မျက်မှောက်တော်သည်
အဆုံးမဲ့ဥာဏ်တော်၊ အကန့်အသတ်မဲ့တန်ခိုးတော်အောက်
ကြောက်မက်ဖွယ်သန့်ရှင်းခြင်း
ကြောက်မက်ဖွယ်သန့်ရှင်းခြင်း
   ( “အံ့ဘွယ်သော ကျွန်ုပ်ဘုရား” ၊ Frederick W. Faber ၁၈၁၄-၁၈၆၃ ရေးစပ်သည်။ )

Spurgeon ၏ ဟေရှာယကျမ်းနှင့်ပါတ်သက်၍ တရားဟောချက်ကို သင်တို့အားသိစေ လိုပါသည်။ ကျွန်ုပ်သည် သူ၏အကြောင်းအရာတစ်ချို့နှင့် ဆင်ခြင်မှုအနည်းငယ်ကိုသာအသုံး ပြုမည်ဖြစ်ပါသည်။ ကြီးမားသည့် “တရားဟောဆရာမင်းသား” က ဤသို့ဆိုထားပါသည်။

ဘုရားသခင်သည် လူကြားတွင်ဆင်းသက်လာသောအခါ မမျှော်လင့်သောအရာ ကိုလုပ်ဆောင်တော်မူတတ်ပါသည်။ ခေါင်းမာသောသူများ၊ ဆန့်ကျင်သောသူများ ကို ခရစ်တော်၏ခြေတော်ရင်းသို့ဆောင်ယူလာခဲ့သည်။ ထိုသို့လုပ်ဆောင်ရန် [ဆု တောင်း]ပဌနာပြုပါ။ (C. H. Spurgeon, “Divine Surprises,” MTP, အတွဲ-၂၆၊ ခရီးသွားပုံနှိပ်လုပ်ငန်း၊ ၁၉၇၂၊ စာ-၂၉၈ )

၃။ တတိယအချက်- ဘုရားသခင်၏မျက်မှောက်တော်သည် အဆီးအတား များနှင့်ပြဿနာများကို အနိူင်ယူသည်။

“အကျွန်ုပ်တို့မြော်လင့်သည်ထက်၊ အံ့ဘွယ်သောအမှုတို့ကိုပြုတော်မူသောအခါ၊ ဆင်းသက်တော်မူ၍ တောင်တို့သည် ရှေ့တော်၌ လှုပ်ကြပါ၏။” (( ဟေရှာ ၆၄း ၃ )

“မြစ်ရေသည် သင့်မျက်မှောက်သို့စီးဆင်းတော်မူသည်” ဟူသောစကားစုမှာ အံ့ဘွယ်ကောင်း သောစကားစုပေသည်။

ဘုရားသခင်သည် ဂျူးလူမျိုးများကြားတွင် ဆင်းသက်လာသောအခါ အတန်ခိုးရှိပြီး တောင်ကြီးများသဖွယ် သူတို့ကို ဝန်းရံနေသောသူတို့ကို အနိူင်ယူကြပါသည်။ ထိုတောင်ကြီး များသည် ဘုရားသခင်၏မျက်မှောက်တော်ကြောင့် ပြိုလဲသွားကြပါသည်။ သန့်ရှင်းသောဝိ ညာဉ်တော်သည် နိူးထမှုတွင် ဆင်းသက်လာသောအခါ ခိုင်မာသောနှလုံးသားများသည် ဘုရားသခင်၏မျက်မှောက်တော်တွင် ယိုဖိတ်စီးဆင်းကြလေသည်။ ကျွန်ုပ်တို့အထဲတွင် ကျောက်ဆောင်ကဲ့သို့ စိတ်နှလုံးခိုင်မာသောသူများလည်းရှိကြသေးသည်။ သူတို့အတွက် ဆုတောင်းကြသည်။ သူတို့အား ဧဝံဂေလိကိုဟောကြားသည်။ သို့သော် ထူးခြားမှုရှိမလာပေ။ သူတို့သည် မည့်သည့်အချိန်တွင်မျှ မပြောင်းလဲကြမည့် သဘောကိုတွေ့ရသည်။ သို့သော် ဘုရားသခင်ဆင်းသက်တော်မူသောအခါတွင် ခိုင်မာသောစိတ်နှလုံးများသည် အစိတ်စိတ်အ မွှာကွဲသွားပါသည်။ သူတို့အပြစ်ကို ရုတ်တရက်သိနားလည်လာကြသည်။ ခရစ်တော်ကသာ သူတို့ကိုကယ်တင်နိူင်ကြောင်းကို သိလာကြသည်။ ဘုရားသခင်ဆင်းသက်လာသောအခါ သူတို့အပြစ်များကို ဆေးကြောသန့်စင်ရန် ခရစ်တော်၏အသွေးလိုအပ်ကြောင်းကို သိမြင်ခံစား လာကြပေသည်။ အပြစ်ကိုသိမြင်စေသောမျက်ရည်စက်များသည် ခိုင်မာသောစိတ်နှလုံးကို ပျောပြောင်းစေပါသည်။ ဤကဗျာလေး၏ဆိုလိုရင်းကို သူတို့သိမြင်ကြပေလိမ့်မည်။

သနားခြင်းထဲသို့ပျော်ဝင်သွား၊ မြေပေါ်သို့လဲကျ
တွေ့ရှိခဲ့သနားခြင်းကို ချီးမွမ်းရန် မျက်ရည်များကျဆင်း

ဤသည်မှာ နိူးထမှုတွင် ဖြစ်လေ့ဖြစ်ထရှိသောအရာပင်ဖြစ်သည်။ Dr. Lloyd-Jones က နိူးထမှုကို အောက်ပါအတိုင်းအဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။

နိူးထမှုဟူသည်မှာ ဘုရားသခင်၏ဝိညာဉ်တော်ကိုသွန်းလောင်းခြင်းဖြစ် သည်။ လူတို့အပေါ်ဆင်းသက်သည်မှာ ဝိညာဉ်တော်ပင်ဖြစ်ပါသည်။

Welsh တရားဟောဆရာကြီး Howell Harris ကလည်း ပြောဆိုပါသေးသည်။ Howell Harris သည် ပွဲတော်မင်္ဂလာတွင် ပြောင်းလဲလာသူဖြစ်ပါသည်။ သူသည် နှစ်ပေါင်းများစွာ အတွင်းပိုင်းဒုက္ခရုန်းကန်မှုများနှင့်ရင်ဆိုင်နေရသည်။ မာနတ်သည် သူ၏ယုံ ကြည်ခြင်းကို အရာတိုင်း၌ ကိုင်လှုပ်ရန်ကြိုးစားခဲ့ပါသည်။ သို့ရာတွင် သူသည် ပွဲတော်မင်္ဂလာ သို့ဝင်ရောက်သုံးဆောင်ရန် လာသောအခါ “တားဆီးသောတောင်များသည် ဘုရားသခင်၏ မျက်မှောက်တော်တွင် ပြိုကွဲလွင့်စင်သွားခဲ့ရပါသည်။” Howell Harris က အောက်ပါအတိုင်း ဆိုထားပါသည်။

ခရစ်တော် လက်ဝါးကပ်တိုင်ပေါ်တွင် သွေးများယိုစီးခြင်းကို ကျွန်ုပ်မျက်စိ ရှေ့တွင် စဉ်ဆက်မြင်ယောင်မိသည်။ အသွေးတော်အားဖြင့် အပြစ်ကြွေးများ ကျေသည်ကို လက်ခံယုံကြည်နိူင်ရန် ကျွန်ုပ်အား ခွန်အားကိုပေးတော်မူပါသည်။ကျွန်ုပ်ဝန်ထုပ်များ မရှိတော့ပေ။ ပျော်ရွှင်ဝမ်းမြောက်လျက် အိမ်သို့ပြန်ကြရသည်။ ထိုအကြောင်းအရာ ကိုအမြဲအမှတ်ရနေမည်သာဖြစ်ပါသည်။ (Martyn Lloyd-Jones, M.D., “ Howell Harris and Revival,” The Puritans: Their Origins and Successors, Banner of Truth, ၁၉၉၆၊ စာ-၂၈၉၊ ၂၈၅ )

Howell Harris သည် ပထမဆုံးနိူးထမှုတွင် တန်ခိုးပြည့်ဝစွာ အသုံးတော်ခံခဲ့သော တရား သောဆရာကြီးဖြစ်ပေသည်။ သူ၏မှတ်တမ်းများကို ဖတ်ရှုလေ့လာသောအခါ နိူးထမှုမည်သို့ ဖြစ်ပေါ်လာခဲ့သည်ကို ထပ်ခါထပ်ခါတွေ့မြင်ရပေမည်။ သန့်ရှင်းသောဝိညာဉ်တော်သည် တန်ခိုးဖြင့်ဆင်းသက်လာသောအခါ ပျောက်ဆုံးသောသူများ ပြောင်းလဲလာကြသည်။ Harris က “ ကျွန်ုပ်သည် ကယ်တင်ရှင်၏အသေခြင်းအကြောင်းကိုတိကျစွာပြသသောအချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် လေကဲ့သို့ဆင်းသက်လာသည်။” “သခင်ဘုရားသည် တန်ခိုး တော်ဖြင့်ဆင်းကြွလာခဲ့သည်။” “ကယ်တင်ခြင်း၏ကြီးမားခြင်းအကြောင်းကိုပြသသောအချိန် တွင် ခိုင်မာသောလေပြင်းမုန်တိုင်းတစ်ခု ဆင်းသက်ခဲ့သည်။” ဟုဆိုထားပါသည်။ ဤသာမန် လူတစ်ယောက်သည် တရားဟောကြားသောအခါ အင်္ဂလန်ပြည်တွင်သော်လည်းကောင်း၊ ဝေးလပြည်တွင်လည်းကောင်း ထောင်ပေါင်းများစွာသောသူတို့သည် အမှန်တကယ်ပြောင်းလဲ လာကြသည်။

ကျွန်ုပ်တို့အသင်းတော်တွင် နိူးထမှုရရှိနိူင်ပါရဲ့လား။ ရရှိနိူင်ပါသည်။ သို့ရာတွင် အမှန်တကယ် လိုချင်တောင့်တရပေမည်။ ကျွန်ုပ်သည် တရုတ်ပြည်တွင် ၁၉၀ဝခုနှစ်မှ ၁၉၂၇ ခုနှစ်တိုင်အောင် သာသနာပြုသော နော်ဝေးလူမျိုးအမျိုးသမီးတစ်ယောက်ရေးသားသည့် အံ့ဩဘွယ်ရာစာအုပ်ငယ်လေးကို ဖတ်ရှုနေရသည်မှာ အတော်ပင်ကြာမြင့်ခဲ့ပြီ။ သူသည် နှစ်စဉ်နှစ်တိုင်း နိူးထမှုအတွက်ဆုတောင်းခဲ့သည်။ သူသည် အစာရှောင်၍လည်း ဆုတောင်းခဲ့ သည်။ သူသည် ၁၉၀၇ ခုနှစ်တွင် ကိုးရီးယားနိူင်ငံတွင်ဖြစ်ပျက်ခဲ့သော နိူးထမှုအကြောင်းကို ဖတ်ရှုခဲ့ရသည်။ တရုတ်ပြည်တွင်လည်း နိူးထမှုကျရောက်လာရန် သူမ မျှော်လင့်စောင့်စားခဲ့ သည်။ သူမသည် နိူးထမှုကို အမှန်တကယ္မျှော်လင့်လိုလားခဲ့သည်။ ထိုနိူးထမှုသည် တရုတ် အမျိုးသမီးများအလယ်တွင် ရုတ်တရက်ဖြစ်ပေါ်လာခဲ့သည်။ ထိုနိူးထမှုပြန့်နှံ့လာပြီး လူပေါင်း သူမသည် နော်ဝေးနိူင်ငံသို့မပြန်မှီ လူပေါင်း တစ်ရာကျော်ပြောင်းလဲ့လာခဲ့ကြသည်။

ကျွန်ုပ်တို့အသင်းတော်တွင်လည်း ထိုသို့သောအရာ အနည်းငယ်ဖြစ်နိူင်ပါမည်လော။ ဖြစ်နိူင်ပါသည်။ သို့ရာတွင် ကျွန်ုပ်တို့မတောင်းခဲ့ဖူးသည့် အရှိန်ဖြင့် ဆုတောင်းရမည်။ အပိုဒ်ငယ်တစ်တွင် ဟေရှာယဆုတောင်းသကဲ့သို့ ကျွန်ုပ်တို့ဆုတောင်းရပေမည်။

“ကိုယ်တော်သည်မိုးကောင်းကင်ကိုဖွင့်လှစ်၍၊ ဆင်းသက်တော်မူပါစေသော….” ( ဟေရှာယ ၆၄း ၁ )

သင်သည် မပြောင်းလဲသေးသောသူတစ်ဦးဖြစ်ခဲ့ပါလျှင် သင့်အတွက် ကျွန်ုပ်တို့ဆု တောင်းမည်။ သင့်အပြစ်ကို ဘုရားသခင်ကသိမြင်စေရန်သော်လည်းကောင်း၊ ခရစ်တော်ထံပါး သာ၍နီးရန်သော်လည်းကောင်း ဆုတောင်းဆက်ကပ်ကြပါမည်။

သင့်အပြစ်အတွက်ပေးဆပ်ရန် ခရစ်တော်သည် လက်ဝါးကပ်တိုင်တွင် အသေခံတော် မူခဲ့သည်။ သူသည် သေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီး တတိယကောင်းကင်တွင် အသက် ရှင်လျက်ရှိနေပြီး သင့်အတွက်ဆုတောင်းပဌနာပြုပါသည်။ သင့်အပြစ်မှ ကယ်တင်တော်မူခြင်း သို့ရောက်ရန် သူ့အား ယုံကြည်ကိုးစားရပေမည်။

သင်က “ငါအပြစ်သားမဟုတ်ဘူး၊ ငါလူကောင်းတစ်ယောက်ပါ” ဟုဆိုပေမည်။ သို့ရာ တွင် သမ္မာကျမ်းစာက ကျွန်ုပ်တို့က အပြစ်မရှိဟုဆိုသောအခါ သူ့အားလိမ်ညာသူဖြစ်စေသည် သာမက သူ၏နှုတ်ကပါတ်စကားသည်လည်း ကျွန်ုပ်တို့တွင်မရှိ” ကြောင်း ဆိုထားပါသည်။ (၁ယော ၁း ၁၀ ) ကျွန်ုပ်တို့က ဘုရားသခင်၏ဝိညာဉ်တော်သည် သင့်အား အပြစ်ကိုဖော်ပြပြီး အသွေးတော်အားဖြင့် သင့်အပြစ်ကိုဆေးကြောရန် ခရစ်တော်ထံပါးသို့ သာ၍နီးစေတော်မူ မည်အကြောင်း ဆုတောင်းကြပါ၏။ Dr. Chan ကျေးဇူးပြုပြီး ဆုတောင်းဆက်ကပ်ပေးပါ။ အာမင်………..။

(တရားဒသေနာနိဂုံး)



တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို Mr. Abel Prudhomme ကဆောင်ရွက်သည်။ ဟေရှာ ၆၄း ၁-၃
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith ဂုဏ်တော်ချီးမွမ်းသည်။ “အံ့ဘွယ်ကောင်းသော ကျွန်ုပ်ဘုရား”၊
      စာသား- Frederick W. Faber, ၁၈၁၄-၁၈၆၃၊ သံဇဉ်- Majestic Sweetness Sits Enthroned” )

အခွပွေုကမျြး

နိူးထမှုကိုပေးသောဘုရားအကျဉ်းချုပ်

THE GOD OF REVIVAL

Dr. R. L. Hymers, Jr

“ကိုယ်တော်သည်မိုးကောင်းကင်ကိုဖွင့်လှစ်၍၊ ဆင်းသက်တော်မူပါစေသော်။ ရှေ့ တော်၌တောင်တို့သည် လှုပ်ကြပါစေသော။ မီးသည် အမှိုက်ကိုလောင်သကဲ့သို့၎င်း၊ ရေကိုဆူစေသကဲ့သို့၎င်း၊ ဖြစ်ပါစေသော။ သို့ဖြစ်လျှင်၊ ကိုယ်တော်၏ရန်သူတို့သည် နာမတော်ကိုသိ၍၊ ရှေ့တော်၌ လူအမျိုးမျိုးတို့သည် တုန်လှုပ်ကြပါလိမ့်မည်။ အကျွန်ုပ်တို့မြော်လင့်သည်ထက်၊ အံ့ဘွယ်သောအမှုတို့ကိုပြုတော်မူသောအခါ၊ ဆင်းသက်တော်မူ၍ တောင်တို့သည် ရှေ့တော်၌ လှုပ်ကြပါ၏။” ( ယေရှာ ၆၄း၁-၃ )

၁။ ပထမအချက်-ဘုရားသခင်၏မျက်မှောက်တော်သည် ကျွန်ုပ်တို့၏တစ်ခုတည်း
သောမျှော်လင့်ချက်ဖြစ်သည်။ ဟေရှာ ၆၄း၁၊ ၆၃း၁၅၊ကမ္ဘာ ၂၆း၂၈၊ ၃၉း၂၃

၂။ ဒုတိယအချက်- ဘုရားသခင်၏မျက်မှောက်တော်သည် အံ့ဘွယ်အမှုကိုပြု
တတ်သည်။ဆာလံ ၇၇း ၁၄၊ ၁ပေ ၃း ၁၈၊ ဟေရှာယ ၆၄း ၃

၃။ တတိယအချက်-ဘုရားသခင်၏မျက်မှောက်တော်သည် အဆီးအတားများနှင့်
ပြဿများကို အနိူင်ယူသည်။ ဟေရှာ ၆၄း ၃၊ ၁ ယော ၁း ၁၀