Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




စာတစ်ကြောင်းရှိ ဧဝံဂေလိတရား

THE GOSPEL IN ONE SENTENCE
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၄ခုနှစ်
ဩဂုတ်လ ( ၁၄) ရက်နေ့ နံနက်ပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, September 14, 2014

“ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကိုကယ်တင်ခြင်းငှါ၊ ဤလောကသို့ကြွလာ တော်မူသည်ဟူသောစကားသည် သစ္စာစကားဖြစ်၏။အကြွင်းမဲ့ခံယူအံ့သောစ ကားလည်းဖြစ်၏။” ( ၁ တိ ၁း ၁၅ )

ကျွန်ုပ်သည် ဇူလိုင်လ ၁၂ ရက်နေ့မှစတင်၍ တစ်ဦးတည်းရှိနေခြင်းနှင့်ပါတ်သက်၍ အပိုင်းလိုက် တရားဒေသနာ ဟောကြားခြင်းကိုပြုခဲ့သည်။ တကယ်တော့ တနင်္ဂနွေ ခုနှစ်ခု လောက်ဟောကြားခဲ့ရသည်။ ကျွန်ုပ်သည် ယနေ့လူငယ်အများစုကြုံတွေ့နေရသော တစ်ဦး တည်းနေခြင်းပြဿနာအကြောင်းကို ဟောပြောခဲ့သည်။ “အဘယ့်ကြောင့် တစ်ဦးတည်းနေရ ပါသနည်း၊ အိမ်မှ အသင်းတော်သို့လာပါ။ ” ဟု ထပ်ခါထပ်ခါမေးမြန်းဟောပြောခဲ့ရသည်။ ထို့ပြင် ကျွန်ုပ်တို့အသင်းတော်သည် တစ်ဦးတည်းအထီးကျန်နေခြင်းကိုကုသပေးသောအသင်း တော်ဖြစ်ကြောင်းပြောပါသည်။ ထိုတရားဒေသနာမှာ အသင်းတော်နှင့်သက်ဆိုင်သော တရား ဒေသနာဖြစ်ပြီး ဓမ္မပညာရှင်များက “အက်ကလီဆီရလော်ဂျီ” ဟုခေါ်ကြသည်။ ကျွန်ုပ်က မေတ္တာရှိသောအသင်းတော်သည် အထက်တန်းနှင် တက္ကသိုလ်ကျောင်းသူ/သားလူငယ်များ အား အကူအညီပေးနိူင်ကြောင် ထပ်တလဲလဲ ပြသခဲ့ပါသည်။ ကောင်းပြီးအသက်ရှင်သောအ သင်းတော်က သင့်အား တစ်ဦးတည်းအထီးကျန်ခြင်းခံစားချက်ကို အောင်မြင်စေနိူင်သည်။ ကျွန်ုပ်သည် ထိုတရားဒေသနာများကို ဟောကြားသည်တွင် သင်တို့တွင် များစွာသောသူတို့ သည် ဘုရားကျောင်းသို့လာကြသည်။ သို့သော် ကျွန်ုပ်သည် အခြားတရားဒေသနာကို ပြောင်း ရွေ့ဟောပြောရန်အချိန်ကျရောက်လို့လာပြီ။ အခြားအကြောင်းအရာက ခုနှစ်ရက်ခန့်ထပ်ထပ် ခါခါ ကျွန်ုပ်ပြောကြားခဲ့သော ဒုတိယအရာဖြစ်သည်။ “အဘယ့်ကြောင့် ပျောက်ဆုံးပါသနည်။ ဘုရားသခင်၏သားတော် ယေရှုထံသို့လာပါ။” ထိုအကြောင်းအရာမှာ ဒီမနက် ကျွန်ုပ်တို့၏ ကျမ်းပိုဒ်ဖြစ်ပေသည်။ ၁ တိမောတေ ၁း ၁၅ ကို ကျေးဇူးပြု၍ မတ်တပ်ရပ်ဖတ်ပါ။ Scofield Study Bible မှ စာမျက်နှာ ၁၂၇၄ တွင်ဖြစ်သည်။

“ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကိုကယ်တင်ခြင်းငှါ၊ ဤလောကသို့ကြွလာတော်မူ သည်ဟူသောစကားသည် သစ္စာစကားဖြစ်၏။အကြွင်းမဲ့ခံယူအံ့သောစကားလည်းဖြစ်၏။”

( ၁ တိ ၁း ၁၅ )

အားလုံးထိုင်နိူင်ပါပြီ။

ကျွန်ုပ်လေ့လာသင်ယူသမျှသည် တရုတ်နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာ Dr. Timothy Lin နှင့် နေ့တိုင်းနေ့တိုင်းနှစ်ပေါင်းများစွာနားထောင်ခဲ့ရသော ရေဒီယိုကျမ်းစာချ ဆရာ Dr. J. Vermon McGee တို့ထံမှလာခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏အခြေပြုကျမ်းပိုဒ်နှင့် ပါတ်သက်၍ Dr. McGee က ဤသို့ဆိုထားသည်။

“ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှါ ဤလောကသို့ကြွလာ သည်”ကိုအတည်ပြုထားသည်ဖြစ်၍ သမ္မာကျမ်းစာထဲတွင် အရေးကြီးသောကျမ်း ပိုဒ်ပင်ဖြစ်သည်။ ခရစ်တော်သည် လုပ်ဆောင်နိူင်သောလည်း လောကကသိရှိနား လည်ခဲ့ဖူးသောအကြီးမားဆုံးဆရာဖြစ်ရန်ကြွလာတော်မူသည်မဟုတ်။ သူသည် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာကို ပြရုံသက်သက်လာခြင်းမဟုတ်သော်လည်း ထိုသို့ပြ သခဲ့သည်။ ခရစ်တော်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှါ ဤလောကသို့ ကြွလာတော်မူသည်။ “အပြစ်ရှိသောသူတို့တွင် ငါသည်အကြီးဆုံးဖြစ်သည်။” (J. Vernon McGee, Th.D., Thru the Bible,အတွဲ-၅၊ Thomas Nelson Publishers, ၁၉၈၀၊ စာ- ၄၃၄၊ ၁တိမောတေ ၁း ၁၅ မှတ်စု )

“သစ္စာစကားဟူမူကား” ဟူသော တမန်တော်၏ဆိုလိုချက်မှာ သင်ယုံကြည်နိူင် လောက်သည့်၊ ယုံကြည်အားကိုးထိုက်သောစကားဟုဆိုလိုပေသည်။ “အကြွင်းမဲ့လက်ခံနိူင် သောစကား” ဖြစ်ပါသည်။ မှန်ကန်သောစကားဖြစ်၍ လက်ခံနိူင်ဖွယ်ရှိပါသည်။ သင်လက်ခံနိူင် သောစကားကားအဘယ်နည်း။ “ယေရှုခရစ်သည်အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှါ ဤ လောကသို့ကြွလာသည်ဟူသောစကားသည် သစ္စာစကားဖြစ်သည်၊အကြွင်းမဲ့ခံယူအပ်သော စကားဖြစ်သည်၊ အပြစ်ရှိသောသူတို့တွင် ငါသည်အကြီးဆုံးဖြစ်သည်” ဟူသောအရာပင်ဖြစ် သည်။ သင်ယုံကြည်လောက်ပေသည်။ သမ္မာတရားအနေဖြင့်လည်းလက်ခံနိူင်ပါသည်။ “ယေရှုခရစ်သည်အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှါ ဤ လောကသို့ကြွလာသည်ဟူသော စကားသည် သစ္စာစကားဖြစ်သည်၊အကြွင်းမဲ့ခံယူအပ်သော စကားဖြစ်သည်၊ အပြစ်ရှိသောသူ တို့တွင် ငါသည်အကြီးဆုံးဖြစ်သည်။” ဤသည်မှာ အကြွင်းမဲ့ခံယူအပ်သောသမ္မာတရားပင်ဖြစ် ပါသည်။ ဤကျမ်းပိုဒ်မှ အချက်သုံးချက်ကို သင်ယူရရှိပါသည်။

၁။ ပထမအချက်- ခရစ်တော်၏ပုဂ္ဂိုလ်ဖြစ်ကြောင်းကို သင်ယူသည်။

“ခရစ်တော်သည် ဤလောကသို့ကြွလာသည်။” “သူကြွလာသည်။” သူသည် ကျွန်ုပ် တို့ကဲ့သို့ ဖန်ဆင်းခံမဟုတ်ပါ။ ကျွန်ုပ်တို့သည် လောကသို့ကြွလာတော်မူသည်မဟုတ်။ ဤ လောက၌ဖန်ဆင်းခံရသောသူများသာဖြစ်ပါသည်။ သို့သော် “ခရစ်တော်သည် ဤလောကသို့ ကြွလာသည်။” မည်သည့်အရပ်ကလာသနည်း။ ကျွန်ုပ်တို့နှင့်အတူအသက်ရှင်ဖို့ရန် ကောင် ကင်မှဆင်းသက်လာသည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းက ဤသို့ဆိုထားသည်။

“အစအဦး၌နှုတ်ကပါတ်တော်ရှိ၏။နှုတ်ကပါတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိတော်မူ၏။ နှုတ်ကပါတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။………. နှုတ်ကပါတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍……. ငါတို့တွင်တည်နေ တော်မူသည်ဖြစ်၍…” ( ယော ၁း ၁၊ ၁၄ )

ခရစ်တော်သည် အထက်အရပ်ကောင်းကင်ဘုံ ခမည်းတော်ဘုရားနှင့်အတူရှိတော်မူ သည်။ ထို့နောက် သူသည် လောကသို့ကြွလာတော်မူပြီး လူဇာတိခံယူကာ ကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသည်။ ထိုအရာကို “ လူ့ဇာတိခံယူခြင်း” ဟုခေါ်သည်။ ၎င်းကို “လူ့ဇာတိတွင်” ဘုရား ဖြစ်တော်မူသည်။ ထိုအကြောင်းကြောင့် ၎င်း၏လှပသောဓမ္မတေးသီချင်းတွင် ချားလ်ဝယ်စလီ ၁၇၀၇-၁၇၈၈ က “ဘုရားသခင်ကို လူ့ဇာတိတွင်မြင်ခွင့်ရပြီ၊ လူဇာတိခံဘုရာပေ၊ လူသားတို့နှင့် အတူကျိန်းဝပ်ခဲ့၊ ကျွန်ုပ်တို့၏ ဧမာနွေလယေရှု၊ ကောင်းကင်တမန်များကျူးဧသီဆို၊ ဆင်းကြွ ဘုရင်ဘုန်းရှိစေ” ဟုသီကုံးထားပါသည်။ ( “ံHark, the Herald Angels Sing,” ချားလ်ဝယ်စ လီ၊ ၁၇၀၇-၁၇၈၈ ) Emily Elliott က “ ကျွန်ုပ်အတွက် လောကသို့ကြွစဉ်ခါ၊ ကိုယ်တော်၏ သရဖူ၊ ဘုရင့်သရဖူကိုစွန့်ခဲ့ရ” ဟုဆိုခဲ့သည်။ ( ကိုယ်တော်၏ဘုန်းသရဖူကိုစွန့်လွှတ်၊ Emily E. S. Elliott, ၁၈၃၆-၁၈၉၇ )

ကောင်းကင်ဘုံကိုစွန့်လွှတ်ပြီးအဘယ့်ကြောင့် လောကသို့ဆင်းကြွခဲ့ရသနည်။ အပျို ကညာမာရိ၏ဝမ်းထဲတွင် အဘယ့်ကြောင့် ပဋိသန္ဓေစွဲယူရသနည်း။ ကျွန်ုပ်တို့နှင့်အတူအဘယ့် ကြောင့်ရှိနေရသနည်း။ အလွန်ပြင်းထန်သောဝေဒနာကို ကျွန်ုပ်တို့အတွက် အဘယ့်ကြောင့် ခံစားခဲ့ရသနည်း။ လက်ဝါးကပ်တိုင်သို့တက်သွား၍ ခြေလက်များသံမှိုနှင့်ရိုက်ခြင်းကို အဘယ့် ကြောင့်ခံယူသနည်း။ လူ့ဇာတိခံယူသောဘုရား၊ လူ့ဇာတိရှိသောဘုရားသည် ကျွန်ုပ်တို့အ တွက် လက်ဝါးကပ်တိုင်တွင် အဘယ့်ကြောင့် ဒုက္ခခံရသနည်း။ ကျွန်ုပ်တို့အခြေပြုကျမ်းက “ခရစ်တော်သည် ဤလောကသို့ကြွလာသည်၊” သို့သော် လောကသို့အဘယ့်ကြောင့်ဆင်းကြွ လာရသနည်း။ နောက်တစ်ချက်ဆီသို့ဆောင်ယူသောအရာပင်ဖြစ်ပါသည်။

၂။ ဒုတိယအချက်- ခရစ်တော်၏ရည်ရွယ်ချက်အကြောင်းကို သင်ယူသည်။

3

ပထမအချက်တွင် လောကသို့ကြွလာတော်မူသောသူသည် အဘယ်ဖြစ်သနည်း၊ သူသည် လူ့ဇာတိခံယူသောဘုရားသခင်ဖြစ်သည်ကို ပြောခဲ့ပြီးဖြစ်သည်။

“ခရစ်တော်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ရန် ဤလောကသို့ကြွလာ သည်။ ( ၁တိ ၁း ၁၅ )

ဤလောကသို့ သူကြွလာရသည့်ရည်ရွယ်ချက်မှာ အပြစ်သားများကို ကယ်တင်ရန်ဖြစ်သည်။ ကျွန်ုပ်တို့ကခရစ်တော်အား “ငါတို့ကို ဘုရားသခင့်အထံတော်သို့ပို့စေခြင်းငှါ၊ ဖြောင့်မတ်တော် မူသောသူသည်၊ မဖြောင့်မတ်သောသူတို့အတွက်၊ ဒုစရိုက်အပြစ်များကြောင့်တခါခံတော်မူ၏” (၁ ပေ ၃း ၁၈ ) ဟု ပွင့်လင်းစွာဆိုလေသည်။ တဖန် တမန်တော်ပေတရုက ခရစ်တော်သည် “ငါတို့အပြစ်များကို ကိုယ်တော်သည် သစ်တိုင်ခံတော်မူပြီ” ( ၁ပေ ၂း ၂၄ )ဟုဆိုထားသည်။ တမန်တော်ရှင်ပေါလုက “ခရစ်တော်သည် ငါတို့အပြစ်ကြောင့်အသေခံတော်မူသည်” ( ၁ကော ၁၅း ၃ ) ဟုဆိုပါသည်။ ခရစ်တော်သည် လက်ဝါးကပ်တိုင်သို့သွားရန်၊ သင့်ကိုယ်စားဒုက္ခခံရန်၊ သင့်အပြစ်ကြွေးကိုဆပ်ရန်၊ မိမိအသွေးတော်ဖြင့် သင်၏အပြစ်ကိုဆေးကြောရန်၊ သင့်အားဘု ရားသခင်က ကောင်းကင်အရပ်တွင်လက်သင့်ခံစေရန်အတွက် ဆောင်ရွက်လိုသောဆန္ဒရှိပါ သည်။ ခရစ်တော်သည် အပြစ်ရှိသောသူတို့ကို အပြစ်ထဲမှရွေးနှုတ်ရန်၊ သင့်အပြစ်ကိုယူ ဆောင်ရန်၊ သင့်အပြစ်အားလုံးကိုဆေးကြောရန် ကြွလာခြင်းဖြစ်သည်။ ( ၁ယော ၁း ၇ ) ခရစ်တော်ကိုယ်တော်တိုင်က “လောကီသားတို့ကိုအပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသားတို့ကို ကယ်တင်အံ့သောငှါ ငါလာ၏” ( ယောဟန် ၁၂း ၄၇ ) ဟုဆိုထားပါသည်။ ပရောဖက်ဟေရှာယက ထိုအရာအားလုံးကို ဤသို့ရှင်းလင်းစွာဖော်ပြထားပါသည်။

“ထိုသူသည် ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့် ၊ နာကျင်စွာထိုးခြင်း၊နှိပ် စက်ခြင်း ကိုခံရလေ၏၊…….သူခံရသောဒဏ်ချက်အားဖြင့် ငါတို့သည် အနာ ပျောက်လျက်ရှိ ကြ၏၊” ( ဟေရှာယ ၅၂း ၅ )

ခရစ်တော်၏အသွေးတော်သည် သင့်အား အပြစ်မှ ကယ်ချွတ်နိူင်ပါသည်။ ခရစတော်၏အ သွေးတော်တွင် ထိုသို့သောတန်ခိုးတော်ရှိပါသည်။ အကြောင်းမှာ သူသည်ကြီးမြတ်သောသူ ဖြစ်ပါသည်။ ခရစ်တော်သည် ဘုရားသခင်၏တပါးတည်းသောသားတော်ပင်ဖြစ်ပါသည်။

စပါဂျွန်က ခရစ်တော်သည် ကျွန်ုပ်တို့အပြစ်သားများကို ကယ်တင်ရန် ကောင်းကင်မှ ဆင်းကြွလာသူဖြစ်သည်ဟု ဆိုပါသည်။ ဤသို့ဆိုထားပါသည်။

     ယေရှုခရစ်သည် ကောင်းကင်ဘုံတွင်သာရှိနေမည်ဆိုလျှင် လူကို ကယ်တင် နိူင်မည်မဟုတ်။ သူသည အပြစ်ရှိသောသူတို့ကို ကယ်တင်ရန် “ဤလောကသို့ ကြွလာတော်မူသည်။” ကျွန်ုပ်တို့၏နေရာတွင်ရှိနေစေနိူင်သည်အထိ ကျဆုံးခြင်း သည်ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ပေသည်။ သူသည် ကောင်းကင်တွင် စိတ်ချလက် ချမနေနိူင်ဘဲ အပြစ်သားများကို ကယ်တင်ရန်လောကသို့ကြွလာခဲ့သည်။ ထိုသို့ လုပ်ဆောင်ရန်အတွက် လောကကြီးသို့ကြွလာတော်မူခဲ့သည်။ ဖန်းဆင်းခံများ ကျဆုံးကြသည်ဖြစ်၍ ထာဝရဖန်ဆင်းရှင်သည် ကြွဆင်းလာရပေသည်။ လူသား တို့၏အပြစ်သည် အလွန်ပင်ကြီးမားလွန်းသည်ဖြစ်၍ လူဇာတိခံယူထားခြင်းမရှိ လျှင် ကယ်တင်နိူင်မည်မဟုတ်ပါ။ သူသည် အသေခံတော်မူခြင်းမရှိဘဲ ဒီမှာရှိနေ ခြင်းအားဖြင့် “အမှုပြီးပြီ” ဟုဆိုကာ ကောင်းကင်သို့ပြန်သွား၍မရပါ။ သူ့ရဲ့ခေါင်း ကို ဆူးရစ်သရဖူဆောင်းစေရမည်၊ မျက်လုံးသည်လည် အမှောင်ထုလွှမ်းမိုးသော သင်္ချိုင်း၌ ပိတ်ထားရပေမည်။ လူသားအားကယ်တင်ခြင်းမရှိမှီတွင်…သင်သည် ပျောက်ဆုံးသောအပြစ်သား…လုံးဝဆုံးရှုံးသောအပြစ်သားဖြစ်သည်။အပြစ်များမှ ကယ်တင်ခြင်းအလို့ငှါ ကယ်တင်ရှင်က ရန်ငြိမ်းခြင်းအတွက် မိမိကိုယ်ခန္ဓာကို ပူဇော်ရန်လိုအပ်ပေသည်။ (C. H. Spurgeon, “သစ္စာစကားဟူမူကား”၊ The Metropolitan Tabernacle Pulpit, အတွဲ-၂၄၊ Pilgrim Publications, ၁၉၇၂၊ စာ- ၃၀၄ )

၃။ တတိယအချက်- ခရစ်တော်၏တန်ခိုးတော်အကြောင်းသင်ယူသည်။

“ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကိုကယ်တင်ခြင်းငှါ၊ ဤလောကသို့ကြွလာ တော်မူသည်ဟူသောစကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ခံယူအပ်သောစ ကားလည်းဖြစ်၏။ အပြစ်ရှိသောသူတို့တွင် ငါသည် အကြီးဆုံးဖြစ်၏။” ( ၁တိ ၁း ၁၅)

တမန်တော်ရှင်ပေါလုက သူသည် အပြစ်အကြီးဆုံး၊ အားလုံးထဲတွင် အဆိုးဝါးဆုံးဖြစ် ကြောင်းဆိုပါသည်။ ရှင်ပေါလုက ခရစ်တော်ကို ဆန့်ကျင်ပြီး ရှည်လျားခက်ခဲသောအရာကို ပြောဆိုခဲ့ပါသည်။ ရှင်ပေါလုသည် ခရစ်ယာန်များစွာကို သတ်ဖြတ်ရန်တာဝန်ရှိပါသည်။ ပေါလု သည် အပြစ်သားတစ်ယောက်၏စံပြပင်ဖြစ်ပါသည်။ ရှင်ပေါလုအသက်တာအားဖြင့် အပြစ်အ ကြီးဆုံးသောသူသည် အကြီးဆုံးခရစ်ယာန်ဖြစ်နိူင်ကြောင်းကို အပြစ်သားတိုင်းတွေ့မြင်နိူင် သည်။ ခရစ်တော်၏အကြီးမားဆုံးသောရန်သူမှာ သူ၏အစေခံကောင်းတစ်ဦးပင်ဖြစ်လာပါ တော့သည်။၎င်းမှာ ရှင်ပေါလုအသက်တာတွင် ဖြစ်ပျက်သောအရာပင်ဖြစ်ပါသည်။ ထိုနည်းတူ သင့်အသက်တာတွင်လည်းဖြစ်ပေါ်နိူင်ပါသည်။ ခရစ်တော်၏တန်ခိုးတော်က သင့်အား အပြစ် သားမှ သန့်ရှင်းသူအဖြစ်သို့ပြောင်းလဲစေနိူင်သည်။ “ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှါ၊ ဤလောကသို့ကြွလာ တော်မူသည်။အပြစ်ရှိသောသူတို့တွင် ငါသည် အကြီး ဆုံးဖြစ်၏။”

ကျွန်ုပ်အသက် ၁၃နှစ်အရွယ်၊ ဆယ်ကျော်သက်တွင် ပထမဆုံးအကြိမ်အနေဖြင့် နှစ်ခြင်းအသင်းတော်သို့ခေါ်သွားကြသည်။ အိမ်နီးနားချင်းများက နှစ်ခြင်းအသင်းတော်ထဲသို့ ခေါ်ဆောင်သွားခဲ့ကြသည်။ ခရစ်တော်သည် ကျွန်ုပ်ကဲ့သို့သောသူများကို ကယ်တင်ရန် လော ကသို့ကြွလာတော်မူသည်ကို ကျွန်ုပ်လုံးဝမသိပါ။ထိုသို့မသိဘဲလျက် နှစ်ခြင်းမင်္ဂလာခံယူသည်။ ယေရှုသည် မတော်တဆအနေဖြင့် လပ်ဝါးကပ်တိုင်တွင် သံမှုံရိုက်ခံရသောမီးပွိုင့်ပုံရိပ်ကဲ့သို့ ဖြစ်သည်။ ခရစ်တော်၌ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရမည်အကြောင်း တရားဒေသနာ လည်းကြားဖူးရပေသည်။ သို့သော် ကျွန်ုပ်နားမလည်နိူင်ပါ။ တမန်တော်ရှင်ပေါလုက ဤသို့ဆို ထားသည်။

“ငါတို့ဟောပြောသောဧဝံဂေလိတရားသည် ဖုံးအုပ်လျက်ရှိလျှင်၊ ဆုံးရှုံးခြင်းသို့ရောက်သောသူတို့အားသာ ဖုံးအုပ်လျက်ရှိ၏။” ( ၂ကော ၄း ၃ )

ကျွန်ုပ်သည် အမှန်တကယ်ပျောက်ဆုံးနေပါသည်။ ထို့အပြင် ဧဝံဂေလိတရားသည် ကျွန်ုပ်ထံမှ အမှန်တကယ်ဖုံးအုပ်လျက်ရှိခဲ့ပါသည်။

ကျွန်ုပ်က ယုဒကို အက်စတာက အသင်းတော်တွင်တီးခတ်သကဲ့သို့ တီးခတ်သည်။ ယုဒဟူသည်မှာ ယေရှုကို သစ္စာဖောက်သော တပည့်တော်ပင်ဖြစ်သည်။ကျွန်ုပ်သည် ယုဒ အစိတ်အပိုင်းကို သုံးနှစ်လုံးလုံးတီးခဲ့သည်။ သို့သော် ကျွန်ုပ်သည် မျက်စိတစ်ဖက်ကမ်းနေ သည်။ အပြစ်မှရွေးနှုတ်ကယ်တင်ရန် ခရစ်တော်သည် ဒုက္ခဝေဒနာခံစားပြီး အသေခံတော်မူ သည်ကို ကျွန်ုပ်လုံးဝမသိနားမလည်ခဲ့ပါသည်။ ကျွန်ုပ်သည် အက်စတာနေ့တွင် တီးခတ်ခဲ့ သည့်အချက်တစ်ချက်ပေါ်တွင် ယုဒ၏စကားကို ဟစ်ကြွေးခဲ့ပါသည်။

“အကျွန်ုပ်မှားပါပြီ၊ အပြစ်မရှိသောသူ၏အသွေးကို အပ်မိပါပြီ။” ( မဿဲ ၂၇း ၄)

ထိုအရာက ကျွန်ုပ်အပြစ်အကြောင်းကို စဉ်စားလာစေသည်။ အပြစ်သည် ကျွန်ုပ်၌ ကြောက် မက်ဖွယ်ရာဖြစ်စေသည်။ မှန်ကန်သော်လည်း ခရစ်တော်ကို ကျွန်ုပ်ကိုယ်တိုင် သစ္စာဖောက် သည်ဟူ ခံစာမိပါသည်။ အပြစ်သားတိုင်းက ခရစ်တော်ကို သစ္စာဖောက်ကြသည်။

သို့ရာတွင် စစ်မှန်သောခရစ်ယာန်ဖြစ်ရန်တစ်ခုတည်းသောနည်းလမ်းမှာ “ကောင်းမှုကု သိုလ်”ပြုလုပ်ခြင်းဖြစ်သည်ဟု ကျွန်ုပ်ခံစားမိသည်။ ကျွန်ုပ်သည် အမှန်တကယ် ကောင်းမွန် ခြင်းလျှင် စစ်မှန်သောခရစ်ယာန်မဖြစ်နိူင်ပေ။ ကျွန်ုပ်သည် ၁၉၅၈ သို့မဟုတ ၁၉၅၉ ခုနှစ် ဝန်း ကျင်တွင် အသက္စာစောင်တွင် Dr. Albert Schweitzer အကြောင်းဖတ်ရသည်။ Schweitzer သည် အာဖရိကတွင် အမှုတော်ဆောင်သည် ဆေးဘက်ဆိုင်ရာသာသနာပြုတစ်ယောက်ဖြစ် သည်။ သူသည် နှိမ့်ချသောသူ၊ ကြင်နာပြီး ကောင်းမွန်သောသာသနာပြုဆရာဝန်အဖြစ် အသက္စာစောင်က ချီးကျူးထားသည်။ မိမိကိုယ်ကို သာသနာပြုတစ်ယောက်အဖြစ် စတင် စဉ်းစားလာမိသည်။ ထိုအရာက အကျွန်ုပ်အား စစ်မှန်သောခရစ်ယာန်တစ်ယောက်ဖြစ်စေမည် ဟုထင်မှတ်မိသည်။ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိူင်ငံတွင် သာသနာပြုလုပ်ဆောင်သော Dr. Tom Dooley အကြောင်းကြားဖူးသည်။ ထို့နောက်တွင် ၁၉ရာစုတွင် တရုတ်နိူင်ငံသို့သွားသည့် ဆေးဘက်ဆိုင်ရာသာသနာပြု Dr. James Hudson Taylor အကြောင်းကိုလည်းဖတ်ရသည်။ “ထိုအရာမှာ ကျွန်ုပ်လုပ်ရမည့်အရာဖြစ်သည်။ တရုတ်ပြည်တွင် သာသနာလုပ်ဆောင်ရမည်” ဟုထင်မြင်ခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် ယုဒကဲ့သို့အပြစ်သားမဟုတ်ဘဲ စစ်မှန် သောခရစ်ယာန်ဖြစ်လာမည်။ ထို့ကြောင့် ပထမဆုံးအနေဖြင့် တရုတ်နှစ်ခြင်းအသင်းတော်နှင့် ဆက်သွယ်လုပ်ဆောင်ခဲ့သည်။ ကျွန်ုပ်သည် အသက် ၁၉ နှစ်အရွယ်သာရှိသေးသည်။ သို့သောကြောင့် ကျွန်ုပ်သည် သာသနာပြုတစ်ယောက်ဖြစ်လာနိူင်ရန် သာသနာပြုလုပ်ငန်းအ တွက် Biola ဓမ္မကောလိပ္သို့ရောက်သွားခဲ့သည်။

Biola ဓမ္မကောလိပ် ရှိ ဘုရားကျောင်း ဝတ်ပြုအစီအစဉ်အတွင်းတွင် ကျွန်ုပ်တို့သည် ချားလ်ဝယ်စလီ ( ၁၇၀၇-၁၇၈၈ )ရေးသားထားသည့် ဓမ္မသီချင်းကို အစီအစဉ်စတင်တိုင်းသီ ဆိုခဲ့ကြသည်။ အရင်က ထိုသီချင်းကို မကြားဖူးပါ။ ကျွန်ုပ်အသက်တာတွင် ကြီးမားသည် လှုပ်ရှားမှုကိုဖြစ်စေသည်။ ဒုတိယနေ့ရက်ရောက်သောအခါ ထိုသီချင်းသည် ကျွန်ုပ်ကို ကျက်သီးများထစေသည်။ နံနက်တိုင်း ထိုသီချင်းကို သီဆိုသောအခါ လျှပ်စစ်သည် ခန္ဓာကိုယ် အတွင်း စီးဆင်းသကဲ့သို့ဖြစ်လာသည်။

ကျွန်ုပ်ရရှိအံ့သောငှါဖြစ်နိူင်မည်လော၊
   ခရစ်တော်၏အသွေးတော်၌ စိတ်ပါဝင်စား
မိမိကိုယ်ကို နာကျင်စေသူ ကျွန်ုပ်ကိုယ်စားသေခံ
   ထိုသေခြင်းသည် ကျွန်ုပ်အားသွေးဆောင်ဖြားယောင်း
အံ့ဘွယ်မေတ္တာ မည်မျှကြီးမြတ်
   ကျွန်ုပ်ဘုရား ကျွန်ုပ်ကိုယ်စားသေခံ
အံ့ဘွယ်မေတ္တာ မည်မျှကြီးမြတ်
   ကျွန်ုပ်ဘုရား ကျွန်ုပ်အတွက်သေခံပြီ

အထက်ခမည်းတော်၏ဘုန်းကိုစွန့်ခွါ
   သူ့ရဲ့မေတ္တာလွတ်မြောက်ခြင်းပေး အဆုံးမရှိကျယ်ပြန့်
မေတ္တာမှတပါး အရာအားလုံးစွန့်လွှတ်ပေးဆပ်
   မျှော်လင့်ရာမဲ့အာဒံမျိုးဆက်အတွက် အသွေးသွန်းလောင်း
ဤသို့မေတ္တာကျယ့်ပြန့်လှစွ၊ ကြီးမြတ်လှစွ
   ကျွန်ုပ်ဘုရား အကျွန်ုပ်ကိုရှာတွေ့
အံ့ဘွယ်မေတ္တာ မည်မျှကြီးမြတ်
   ကျွန်ုပ်ဘုရား ကျွန်ုပ်အတွက်သေခံပြီ
(ကျွန်ုပ်ရရှိအံ့သောငှါဖြစ်နိူင်မည်လော၊ ချားလ်ဝယ်စလီရေးစပ်သည်၊ ၁၇၀၇-၁၇၈၈ )

ကျွန်ုပ်သည် ထိုသီချင်းကို ထပ်ခါထပ်ခါသီဆိုသည်။ ကျွန်ုပ်သည် စာသားကို စာရွက် ပေါ်တွင်ရေးချပြီး ထပ်ခါထပ်ခါ သီဆိုသည်။ “အံ့ဘွယ်မေတ္တာ မည်မျှကြီးမြတ် ကျွန်ုပ်ဘုရား ကျွန်ုပ်အတွက်သေခံပြီ။” Dr. Charles J. Woodbridge ( ၁၉၀၂-၁၉၉၅ ) သည် နေ့တိုင်း တရားဒေသနာရေအေးတိုက်ကျွေးသူဖြစ်သည်။ သူသည် တိမောတေ ဒုတိယစာစောင်တစ်ခု လုံးကို ဟောခဲ့သည်။ ရက်သတ္တပတ်အဆုံးတွင် ကျွန်ုပ်ပြောင်းလဲသွားပါသည်။ အိမ်အပြန်လမ်း တစ်လျှောက်လုံးတွင် ထိုသီချင်းကို သီဆိုပါသည်။“အံ့ဘွယ်မေတ္တာ မည်မျှကြီးမြတ် ကျွန်ုပ်ဘု ရား ကျွန်ုပ်အတွက်သေခံပြီ။”

“ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကိုကယ်တင်ခြင်းငှါ၊ ဤလောကသို့ကြွလာ တော်မူသည်ဟူသောစကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ခံယူအပ်သောစ ကားလည်းဖြစ်၏။ အပြစ်ရှိသောသူတို့တွင် ငါသည် အကြီးဆုံးဖြစ်၏။” ( ၁တိ ၁း ၁၅)

ကျွန်ုပ်သည် သင့်အတွက်ဆုတောင်းပေးနေသည်။ သင်သည် ခရစက်တော်ကိုယုံ ကြည်လက်ခံပြီး ကယ်တင်တော်မူခြင်းသို့ရောက်ရန်ဆုတောင်းပေးပါ၏။ သင်သည် ခရစ်တော် အားဖြင့် အပြစ်တရားမှ ကယ်တင်တော်မူခြင်းသို့ရောက်ရန် ဆုတောင်းပါသည်။ သို့မှသာ သင် သည် နှလုံးသားထဲမှ ကျူးဧသီချင်းဆိုနိူင်မည်။ “အံ့ဘွယ်မေတ္တာ မည်မျှကြီးမြတ် ကျွန်ုပ်ဘု ရား ကျွန်ုပ်အတွက်သေခံပြီ။” ဤအရာအားလုံးကို နားလည်သဘောပေါက်ခြင်းမရှိလျှင် မစိုးရိမ်ပါ နှင့်။ ဤအကြောင်းအရာနှင့်ပါတ်သက်ပြီး ကျွန်ုပ်ဆက်လက်တရားဟောပါမည်။ ထိုအရာကို နားထောင်ရန် ဒီနေရာသို့ဆက်ဆက်လာပါ။ အာမင်….။ Dr. Chan ရေ..ကျေးဇူးပြုပြီးဆု တောင်းခြင်းဖြင့်ဦးဆောင်ပေးပါ။

(တရားဒသေနာနိဂုံး)



တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို Mr. Abel Prudhomme ကဆောင်ရွက်သည်။ ၁တိ ၁း ၁၂-၁၆
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith ဂုဏ်တော်ချီးမွမ်းသည်။
     “ယေရှုကို ကျွန်ုပ်ပိုင်ဆိုင်ပြီ” (Norman J. Clayton ၁၉၀၃-၁၉၉၂ ရေးစပ်သည်။ )

အခွပွေုကမျြး

စာတစ်ကြောင်းရှိဧဝံဂေလိတရားအကျဉ်း

THE GOSPEL IN ONE SENTENCE

Dr. R. L. Hymers, Jr.

“ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကိုကယ်တင်ခြင်းငှါ၊ ဤလောကသို့ကြွလာ တော်မူသည်ဟူသောစကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ခံယူအပ်သောစ ကားလည်းဖြစ်၏။ အပြစ်ရှိသောသူတို့တွင် ငါသည် အကြီးဆုံးဖြစ်၏။” ( ၁တိ ၁း ၁၅)

၁။ ပထမအချက်- ခရစ်တော်၏ပုဂ္ဂိုလ်ဖြစ်ကြောင်းကို သင်ယူသည်။ ယော ၁း၁၊၁၄

၂။ ဒုတိယအချက်- ခရစ်တော်၏ရည်ရွယ်ချက်အကြောင်းကို သင်ယူသည်။ ၁ပေ ၃း ၁၈၊ ၂း ၂၄၊ ၁ကော ၁၅း ၃၊ ၁ယော ၁း ၇၊ယော ၁၂း ၄၇၊ဟေ ၅၃း ၅

၃။ တတိယအချက်- ခရစ်တော်၏တန်ခိုးတော်အကြောင်းသင်ယူသည်။ ၂ကော ၄း ၃၊ မဿဲ ၂၇း ၄