Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ကြောက်မက်ဖွယ် ဘုရားသခင်၏တရားစီရင်ခြင်း

GOD'S JUDGMENT - A FEARFUL THING
(Burmese)

ဒေါက်တာ အာရ်အယ်လ်ဟိုင်မာဂျေအာရ်၏
by Dr. R. L. Hymers, Jr.

၂၀၁၃၊ နိုဝင်ဘာ ၁၇ရက် လော့စ်အိန်ဂျယ်လိတ်မြို့ တဲတော်နှစ်ခြင်းအသင်းတော်၊ သခင်ဘုရားနေ့ ညနေပိုင်းဝတ်ပြုအစည်းအဝေး၌ ဟောကြားသောဒေသနာတော်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, November 17, 2013


မစ္စတာ ဂရိဖက်စ်သီဆိုသွားသော ဓမ္မတေးသီချင်းကို ဒေါက်တာဂျွန်အာရ်ရိုက်က ရေးသားသီကုံး ခဲ့သည်။ ၎င်းဓမ္မသီချင်းကို အသင်းတော်တိုင်း၌ သီဆိုဖို့လိုသည်။ ဘုရားသခင်၏တရားစီရင်ခြင်းနှင့် ပါတ်သတ်သော ဓမ္မသီချင်းကို မကြားရတော့ပါ။ ငရဲမီးအိုင်နှင့်ပါတ်သတ်သော ဓမ္မသီချင်းကို လုံး၀ မကြားရတော့ပေ။ ပျူရီတန်တို့က ငရဲမီးအိုင်သီချင်းကို သီဆိုခဲ့ကြသည်။ ယနေ့တွင် ဧဝံဂေလိကယ် အဖွဲ့တို့ကို မိမိတို့သည်သာလျှင် ခေတ်နှင့်ဟန်ချက်ညီသည်ဟု ထင်ကြသည်။ ချိတ်စပီးယားက “အဘယ်မျှ မိုက်မဲ့သောသူတွေနည်း” ဟူ၍ ပြောကြားခဲ့သည်။ ယနေ့ခေတ် ဧဝံဂေလိကယ်အဖွဲ့တွေကို ပြောနေခြင်းဖြစ်သည်။ ထိုသူတို့က လွန်ခဲ့သောနှစ်ပေါင်း ၄၀ကျော် ဧဝံဂေလိသတင်းကောင်းကို မှေးမှိန်စေခဲ့ကြသည်။ ဝိညာဉ်ပျောက်ဆုံးနေသူတို့က ဗန်ဒိုက်၏ နုတ်ခမ်းမွေးကို တပ်ဆင်နေကြသူ တွေ ဖြစ်ကြသည်။ ယနေ့ခေတ် ဧဝံဂေလိအဖွဲ့တို့သည် ၎င်း၏နုတ်ခမ်းမွေးကို အတုတပ်ဆင်ခဲ့ကြသူ များဖြစ်သည်။ သူတို့ကို “ဗန်ဒိုက်” ဟု မခေါ်ရုံတမည်ပင်ဖြစ်သည်။ သူတို့အား အမှတ်တမဲ့ “ဆိတ်” မုတ်ဆိတ်မွေးဟု ခေါ်ဆိုကြသည်။

လွန်ခဲ့သော နှစ် ၄၀ကျော်ကစတင်ပြီး ကမ္ဘာက ဆေးလိပ်သောက်ခြင်းများလာသည်။ အသိဥာဏ် ရှိသောသူတို့က ဆေးလိပ်ကိုမသောက်ကြပါ။ ဧဝံဂေလိကယ် “လှုပ်ရှားမှု” တွင်ဆေးလိပ်သောက်ခြင်း ကို ပညာရှိတို့၏ လက္ခဏာသက်သေ တခုကဲ့သို့ ရှုမြင်လာကြသည်။ ဝိတ်တန်ကောလိပ်သည် ဘီလီ ဂရေဟမ်တက်ခဲ့သော ကျောင်းဖြစ်ပြီး၊ ဒေါက်တာ ဂျွန်အာရ်ရိုက် ၏သမီးခြောက်ယောက်တို့ တက် ရောက်ခဲ့သော ကျောင်းလည်းဖြစ်သည်။ ယခုတွင် ၎င်းကောလိပ်ကျောင်း၌ တရားဝင်ခွင့်ပြုခဲ့ပြီးဖြစ် သည်။ လွန်ခဲ့သောလက၊ မုဒီ သမ္မာကျမ်းစာကျောင်း၌ ဆေးလိပ်သောက်ခြင်းကို တားမြစ်ပိတ်ပင်ခဲ့ သည်ကို ကြားမိကြပါသလား? ယနေ့ခရစ်ယာန် မဂ္ဂဇင်း၌ ထုတ်ပြန်ထားသည်မှာ ဆေးတံသောက် ခြင်းက ပိုများလာပြီး၊ ဆေးလိပ်သောက်ခြင်းက ပိုနည်းလာသည်။ စီအက်စ် လူးဝစ်ကဲ့သို့ ဆေးတံ သောက်သူများလာသည်။ ယနေ့ဧဝံဂေလိကယ် အဖွဲ့တို့တွင် ဆေးလိပ်သေက်ခြင်းကို ကမ္ဘာသူ^သား အားလုံး စွန့်လွတ်နေကြချိန်တွင် ပို၍သောက်သုံးသူများလာပါသည်µ

အသင်းတော်တွင်လည်း ဓမ္မချင်းများကို အသုံးပြုမှုနည်းလာပြီဖြစ်သည်။ သီချင်းတစ်ပိုဒ်ကိုသာ အိပ်ငွေ့ကြသည့်တိုင်အောင် ထပ်၍သီဆိုလာကြသည်။ ထိုသူတို့အဖို့ တရားသေဒနာတော်ခံယူဖို့ ပြင် ဆင်နေကြခြင်းဖြစ်သည်။ အိပ်ချင်လာအောင် လုပ်ဆောင်နေခြင်းသာဖြစ်ပြီး၊ “သမ္မာကျမ်းစာလေ့လာ ခြင်း”လည်း နည်းပါးကြသည်။ ယနေ့အသင်းတော်များ၌ ငရဲမီးအိုင်နှင့်ပါတ်သတ်သော ဓမ္မသီချင်း ကို မဆိုကြတော့ပါ။ သမ္မာကျမ်းစာတော်မြတ်၌ ငရဲမီးအိုင်အကြောင်း၊ အကြိမ်များစွာဖော်ပြထားသော် လည်း၊ ဧဝံဂေလိကယ်အဖွဲ့တို့သည် ၎င်းသတိပေးစကားကို သီချင်းအဖြစ် မသီဆိုလိုကြပေ။ ၎င်းငရဲ အကြောင်း တရားဒေသနာမဟောလိုကြပါµ ဒေါက်တာရိုက်စ်က နောက်ဆုံးတရားစီရင်ခြင်းအ ကြောင်းကို ဓမ္မသီချင်းအဖြစ် ရေးသားသီကုံးခဲ့ပါသည်။

နှစ်လရှည်ကြာ ကယ်တင်ရှင်အားငြင်းပယ်
သင်ပြုသမျှ အကုန်စင်တွေ့မြင်သောအခါ
ထိုအခါ မည်သို့ကိုယ်တော်အား ဖြေကြားပါမည်နည်း?
သင်ပြုသမျှ မှတ်တမ်း၊ မှတ်ရာ
တရားစီရင်သောအခါ သင်တွေ့ရမည်
ထိုအခါ သင်မည်သို့ ကိုယ်တော်အား ဖြေကြားပါမည်နည်း?
မည်သို့ ဖြေကြားမည်နည်း? မည်သို့ဖြေကြားပေးမည်နည်း?
သင့်အပြစ်ကို ခွင့်မလွတ်ခဲ့ပါသော်
မည်သို့ဖြေကြားမည်နည်း? မည်သို့ဖြေကြားမည်နည်း?
ထိုနေ့ သင်အပြစ်သင်ခံသော်၊ သက်သာမည်နည်း?
(၁၈၉၅-၁၉၈၀၊ ဒေါက်တာ ဂျွန်အာရ်ရိုက် သီကုံးသော
“ထိုနေ့မည်သို့ ဖြေကြားမည်နည်း”)

ကျွန်ုပ်နှင့်အတူ မတ်တပ်ရပ်လျှက် ဟေဗြဲ ၁ဝး ၃၁ကို ဖတ်ကြားကြပါစို့။

“အသက်ရှင်တော်မူသော ဘုရားသခင်၏လက်တော်သို့ ကျရောက်ခြင်းအမှုသည် ကြောက် မတ်ဖွယ်သော အမှုဖြစ်သတည်း” (ဟေဗြဲ ၁ဝး၃၁)။

အားလုံးထိုင်နိုင်ပါပြီ။

ယခု နေ့ရက်အတွက် ၎င်းကျမ်းပိုဒ်က အလွန်အရေးပါ၊ အရာရောက်သည်။ သမ္မာကျမ်းစာ၌ မိန့်တော်မူသည်ကား၊ “ဘုရားသခင်ကို ကြောက်ရွှံ့ရသောအကြောင်းသည် သူတို့မျက်စိ၌ မထင်ဟု ကျမ်းစာလာသတည်း” (ရောမ ၃း၁၈)။ ဘုရားသခင်ကို ကြောက်ရွှံ့သောသူ တစ်ယောက်ကိုမျှ မတွေ့ သေးပါµ တကယ်ကိုမတွေ့ပါµ ချွက်ခြွင်းချက်အနေနှင့် မတွေ့တာမဟုတ်ပါµ “ဘုရားသခင်ကို ကြောက်ရွှံ့ရသောအကြောင်းသည် သူတို့မျက်စိ၌ မထင်ဟု ကျမ်းစာလာသတည်း”။ ကျွန်ုပ်တို့၏ ရွှေ ကျမ်းချက်၌ လာသည်ကား၊ “အသက်ရှင်တော်မူသော ဘုရားသခင်၏လက်တော်သို့ ကျရောက်ခြင်းအ မှုသည် ကြောက်မက်ဖွယ် အမှုဖြစ်သတည်း” (ဟေဗြဲ ၁ဝး၃၁)။ ဤသို့ ယနေ့ခေတ်လူတို့သည် ဘုရား သခင်ကို မကြောက်သည်ကို ဖော်ပြနေသည်။ သမ္မာကျမ်းစာ၌ မိန့်တော်မူချက်ကို အသံကျယ်ကျယ် ဖတ်ကြစို့။

“အသက်ရှင်တော်မူသော ဘုရားသခင်၏လက်တော်သို့ ကျရောက်ခြင်းအမှုသည် ကြောက် မက်ဖွယ်အမှုဖြစ်သတည်း” (ဟေဗြဲ ၁ဝး၃၁)။

ယနေ့ခေတ် လူတို့၏မျက်စိရှေ့၌ “ဘုရားသခင်ကို ကြောက်ရမှန်းမမြင်ကြတော့ပေ” အလွန်ပင် အင်မတန် အမှားကြီးမှားနေကြပြီ။ ယနေ့ည ကျိူးကြောင်း ဆင်ခြင်တုံတရားရှိသဖြင့်၊ “အသက်ရှင် တော်မူသော ဘုရားသခင်၏လက်တော်သို့ ကျရောက်ခြင်းအမှုသည် ကြောက်ရကောင်းမှန်း” အနည်း ငယ်သက်သေခံလိုပါသည်။ သင်တို့၏ စိတ်ခံစားချက်တို့ကို လက်ခံကြိုဆိုဖို့တော့မဟုတ်ပါ။ ဤ တရား ဒေသနာတော်က “အသက်ရှင်တော်မူသော ဘုရားသခင်၏လက်တော်သို့ ကျရောက်ခြင်းအမှု သည် ကြောက်မတ်ဖွယ်သောအမှု” ဖြစ်ကြောင်းကို ယုတ္တိရှိရှိအကျိုးအကြောင်း ညီညွတ်စေပါလိမ့် မည်။

၁။ ပထမ၊ ဘုရားမည်သူဖြစ်ကြောင်း သက်သေထောက်ထားခြင်း။

“အသက်ရှင်” တော်မူသော ဘုရားသခင်၏လက်တော်သို့ ကျရောက်ခြင်းအမှုသည် “ကြောက်ရွှံ့ ဖွယ်သောအမှု” ဖြစ်သည်ကို မှတ်သားစေလိုပါသည်။ ကျွန်ုပ်တို့အားလုံး သိထားသည့်အတိုင်းပင် သေသွားသော ဘုရားများစွာရှိပါသည်။ ကျွန်ုပ်တို့ဇနီးနှစ်ယောက်သည် အီဂျစ်နိုင်ငံရှိ ကာနိတ်ဟူသော ဘုရားကျောင်းထဲသို့ သွားရောက်ခဲ့သည်။ ထိုအဆောက်အအုံကြီးသည် ခန်းနားထည်ဝါလျှက်ရှိသည်။ လူတိုင်းသိထားသည့်အတိုင်းပင် နံရံများ၌ရေးဆွဲထားသော ရှေ့ဟောင်းဘုရားတို့သည် သေကုန်ပြီဖြစ် သည်။ လွတ်လပ်စွာတွေးခေါ်၍ ခွဲထွက်သွားကြသောသူတို့၏ “ဘုရားလည်း” အသေပင်ဖြစ်သည်။ အက်ဝပ်တ်ဂျွန်ကာနယ်သည် ဖူလ်လာသီဩလော်ဂျီဆီမီနာ၏ လက်ဦးဥက္ကဌ ကြီးဖြစ်သည်။ ထိုသူ သည် ကျောင်းဥက္ကဌကြီးမှ ထိုကျောင်း၌ ပါမောက္ခတဦး ဖြစ်လာခဲ့သည်။ ၁၈၅၉ခုနှစ်အတွင်း၊ ထိုသူ သည် “အောက်သဒေါက်သီဩလော်ဂျီ၏ပြဿနာ” ဟူသော ခေါင်းစဉ်ဖြင့် စာအုပ်တစ်အုပ်ရေးသား ခဲ့ပါသည်။ ၎င်း၏စာအုပ်က ဖူလ်လာ ဓမ္မတက္ကသိုလ်သည် ၁၉၅၉ခုနှစ်၌ ပျက်စီးသွားခဲ့ပြီးဖြစ်ကြောင်း ကို ပြသနေပါသည်။ ၎င်းစာအုပ်တွင် ဆင်းကဲဖြစ်ပွားလာခြင်းဖြစ်ကြောင်း၊ သမ္မာကျမ်းစာကို ဝိညာဉ် တော်၏ မုတ်သွင်းခြင်းမရှိကြောင်း၊ ခရစ်တော် ဒုတိယအကြိမ်ကြွလာပြီး၊ နိုင်ငံတော်ထူထောင်ဖို့ကို လည်းငြင်းပယ်ခဲ့သည်။ အမှားအယွင်း R.S.ဠ ကျမ်းကိုလည်း လွတ်လပ်စွာ အတွေးခေါ်ဆန်စွာဖြင့် ဘာသာပြန်ခဲ့သည်။ ဘာသာပြန်ခဲ့သည်။ တစ်နှစ်ခွဲ ကျော်လာသောအခါ ဒေါက်တာချားလ် ဝုဒ်ဘရိတ်၏ တရားဟောသံကို နားထောင်ခဲ့သည်။ ဒေါက်တာ ဝုတ်ဘရိတ်သည် ကာနယ်၏သမ္မာ ကျမ်းစာတိုက်ခိုက်နေခြင်းကို မှောက်လှန်ခဲ့သည်။ ကာနယ်၏လွပ်လပ်သောအတွေးကို ဆန့်ကျင် လျှက် တရားဟောခဲ့သည်။ ဒေါက်တာ ဝုတ်ဘရိတ်၏ နောက်ဆုံးတရားဒေသနာအားဖြင့် ကျွန်ုပ် ပြောင်းလဲခဲ့ပါသည်။ အက်ဝတ်ပ် ကာနယ်၏ သေနေသော”ဘုရား”နှင့် ကျွန်ုပ်၏ ဘုရားမှာ မတူတော့ ပေ။ ဒေါက်တာ ကာနယ်သည် ကယ်လီဖိုးနီးယားပြည်နယ် အောက်လန်းမြို့ဟိုတယ်ခန်းမထဲ၌ မိမိကို အဆုံးစီရင်ခဲ့ပါသည်။ သူ၏ “ဘုရားနှင့်” ကျွန်ုပ်၏ဘုရား မတူပါµ ကျွန်ုပ်၏ ဘုရားသည် အသက် ရှင်သောဘုရား ဖြစ်ပါသည်။

“အသက်ရှင်တော်မူသော ဘုရားသခင်၏လက်တော်သို့ ကျရောက်ခြင်းအမှုသည် ကြောက် မတ်ဖွယ်သော အမှုဖြစ်သတည်း” (ဟေဗြဲ ၁ဝး၃၁)။

ဖူလ်လာ သီဩလော်ဂျီ ဓမ္မတက္ကသိုလ်၏ သေနေသော ဘုရား၏လက်တော်သို့ ကျရောက်ခြင်းအမှု သည် ကြောက်ရွံ့စရာမကောင်းပါµ အို၊ အကြောက်ရွံ့စရာ မကောင်းပါ။ ရောဘေလ်လည်း ဖူလ်လာ တက္ကသိုလ်က ကျောင်းဆင်းတဦးဖြစ်သည်။ ထိုသူသည် မေတ္တာဖြင့် အောင်နိုင်ခြင်း ဟူသော စာအုပ်ကို ရေးသားခဲ့သူဖြစ်သည် (Hမေစမေ သညနယ ၂၀၁၁). ထိုစာအုပ်၌ ရောဘေလ်ပြောကြားခဲ့သည်မှာ၊ ထာ၀ရအသက်ရှင်ခြင်း ခံယူချက်၊ ယုံကြည်ချက်နှင့် “ငရဲထဲပြစ်ဒဏ်ချမှတ်ခြင်း” ဟူသည်မှာ မှား ယွင်းသောလမ်းညွန်မှုဖြစ်သည်ဟု ဆိုသည်။ (ဏ.ဠငငင). ထိုသူသည် ဖူလ်လာ၌ သင်ကြားခဲ့သည် ဖြစ်သည်။ သူ၏ဘုရားသည် ကျွန်ုပ်တို့၏ဘုရားမဟုတ်ပါµ သူ၏ဘုရားသည် “အသက်ရှင်သော ဘုရား” မဟုတ်ခဲ့ပါ။

“အသက်ရှင်တော်မူသော ဘုရားသခင်၏လက်တော်သို့ ကျရောက်ခြင်းအမှုသည် ကြောက် မတ်ဖွယ်သော အမှုဖြစ်သတည်း” (ဟေဗြဲ ၁ဝး၃၁)။

၂။ ဒုတိယ၊ အတိတ်ကာလ၌ ဘုရားသခင်ပြုခဲ့သော အထောက်အထား၊

ဘုရားသခင်၏ ရိုးသားဖြောင့်မတ်ခြင်းဟူသည် အတိတ်ကာလ၌ တရားစီရင်ခြင်းအားဖြင့် ထင် ရှားခဲ့ပါသည်။ စပါဂျန်ပြောကြားခဲ့သည်မှာ၊ “ဓမ္မဟောင်းကျမ်း၌ အာဗြံဟံ၏ဘုရား ဖော်ပြထင်ရှားခြင်းသည် အာပိုလို (သို့) ဘာခက်စ်တို့၏ ခမည်းတော်နှင့်မတူညီပါ။ တခြားစီဖြစ်သည်”။ (C. H. Spurgeon, “Future Punishment a Fearful Thing”).

အသက်ရှင်သောဘုရားက အပြစ်ဒုစရိုက်ထဲ နစ်မွန်းနေကြသောသူတို့အား ရေဖြင့်လွမ်းမိုးစေခဲ့ သည်။ သမ္မာကျမ်းစာ၌ မိန့်တော်မူသည်ကား၊

“မြေကြီးပေါ်မှာ လူအပြစ်ကြီး၍ သူ၏စိတ်နှလုံးအကြံစည်ရှိသမျှတို့သည် အစဉ်အပြတ်ဆိုး ညစ်ခြင်း အသက်ရှိကြောင်းကို ဘုရားသခင်သိမြင်တော်မူလျှင်၊ ... ထာ၀ရဘုရားကလည်း ... မြေကြီးမျက်နှာမှ ငါသုတ်သင်ပယ်ရှားမည်”

တဖန်တမန်တော် ပေတရုက၊ ဘုရားသခင်သည် သောဒုံနှင့်ဂေါမောရမြို့ကို ဖျက်စီးခဲ့သည်ဟု ပြော ကြားခဲ့ပါသည်။ တဖန် ထာ၀ရဘုရားသခင်သည် အဲဂုတ္တုပြည်၌ရှိ သားဦးအားလုံးကို သတ်ဖြတ်တော် မူခဲ့သည်။ တဖန်ဖါရောဘုရင်နှင့် စစ်တပ်ကို ပင်လယ်နီဖြင့် ဖျက်ဆီးခဲ့ပါသည်။ ဟိဝိလူ၊ ယေဗုသိလူ နှင့် အခြားသော လူမျိုးစုတို့အား ဘုရားသခင်၏အမိန့်တော်အတိုင်း ဓါးဖြင့်သတ်ဖြတ်စေခဲ့ပါသည်။ မောရှေပြောကြားခဲ့သည်မှာ၊

“ကိုယ်တော်ကို မုန်းသောသူတို့ကို ဖျက်ဆီးခြင်းငှါ သူတို့မျက်မှောက်၌ အပြစ်ပေးသော ဘုရားဖြစ်တော်မူကြောင်းကို သိမှတ်လော့။ ကိုယ်တော်ကို မုန်းသောသူတို့အား မနာဘဲ၊ သူတို့မျက်မှောက်၌၊ အပြစ်ပေးတော်မူမည်” (တရား ၇း၁၀)။

သမ္မာကျမ်းစာက ထပ်ခါတလဲလဲပြောသည်မှာ၊

“အသက်ရှင်တော်မူသော ဘုရားသခင်၏လက်တော်သို့ ကျရောက်ခြင်းအမှုသည် ကြောက် မတ်ဖွယ်သော အမှုဖြစ်သတည်း” (ဟေဗြဲ ၁ဝး၃၁)။

၃။ ယေရှုကိုယ်တိုင် မည်သို့ပြော၍ သက်သေခံ ထောက်ထားခဲ့ခြင်း။

သမ္မာကျမ်းစာတော်၌ လာသည်ကား၊ ယေရှုခရစ်တော်သည် လူသားဇာတိကို၊ ဘုရားဇာတိမှ ခံယူခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် ထိုသို့သောပုဂ္ဂိုလ်ထူး အခြားတစ်ဖက်၌ မရှိနိုင်၊ ထိုသို့သော ပုဂ္ဂုလ်က ငရဲအကြောင်းကို ဖော်ပြထားပါသည်။ ထာ၀ရအပြစ်စီရင်ခြင်းနှင့် စပ်လျှဉ်း၍ ယေရှုပြော ကြားထားသည်မှာ၊

“တနည်းကား၊ ခန္ဓာကိုယ်သာသတ်၍ စိတ်ဝိညာဉ်ကို မတတ်နိုင်သောသူတို့ကို မကြောက် ကြနှင့်၊ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ငရဲ၌ဖျက်စီးနိုင်သော သူကိုသာ၍ ကြောက်ကြလော့” (မဿဲ ၁ဝး ၂၈)။

တဖန်မိန့်တော်မူသည်ကား၊

“ထိုနည်းတူ ကမ္ဘာအဆုံး၌ ကောင်းကင်တမန်တို့သည် ဆင်းလာပြီးလျှင် ဖြောင့်မတ်သောသူ တို့အထဲမှ ဆိုးသောသူတို့ကို နုတ်ယူခွဲထား၍၊ ငိုကြွေးခြင်း အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ ချကြလတ္တံ့”

တဖန်ပြန်လည်၍၊ မဿဲအခန်းကြီး နှစ်ဆယ့်နှစ်တွင် ဘုရင်ဘုရားရှင်က

“ထိုအခါ မင်းကြီးသည် အခြံအရတို့အား ထိုသူ၏လက်ခြေကို တုတ်နှောင်လော့။ ငိုကြွေး ခြင်း အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ် မှောင်မိုက်ထဲသို့ ယူသွားချလိုက်ကြဟု အမိန့်တော် ရှိ၏” (မဿဲ ၂၂း၁၃)။

ရှင်မာကု အခန်း၉ထဲတွင်လည်း ငရဲအကြောင်း ယေရှုသုံးကြိမ်မိန့်တော်မူခဲ့သည်။

“ပိုးမသေ၊ မီးမငြိမ်းရာ ငရဲအတွင်း မငြိမ်းနိုင်သောမီးထဲသို့ လက်နှစ်ဘက်စုံနှင့် ဝင်ရသည် ထက် လက်ချို့တဲ၍ အသက်ရှင်ခြင်းသို့ ဝင်စားသော် သာ၍ကောင်း၏” (မာကု ၉း၄၄)။

တဖန်မိန့်တော်မူသည်ကား၊

“ပိုးမသေ၊ မီးမငြိမ်းရာ ငရဲအတွင်း မငြိမ်းနိုင်သောမီး” (မာကု ၉း၄၆)။

ထပ်မံ၍ မိန့်တော်မူသည်မှာ၊

“ပိုးမသေ၊ မီးမငြိမ်းရာ ငရဲမီးထဲသို့” (မာကု ၉း၄၈)။

ငရဲအကြောင်းနှင့် ယေရှုမိန့်တော်မူသော ကျမ်းပိုဒ်တို့ကို မိတ်ဆွေတို့အား ပေးလိုပါသည်။ အသေအ ချာမိန့်တော်မူခြင်းဖြစ်သည်။

“အသက်ရှင်တော်မူသော ဘုရားသခင်၏လက်တော်သို့ ကျရောက်ခြင်းအမှုသည် ကြောက် မတ်ဖွယ်သော အမှုဖြစ်သတည်း” (ဟေဗြဲ ၁ဝး၃၁)

ယေရှုက လာဇရုနှင့် သူဌေးကြီးတို့နှစ်ဦးအကြောင်း ရှင်လုကာ တစ်ဆယ့်ခြောက်၌လည်း အခိုင်အမာ ငရဲရှိကြောင်း ထောက်ထားပါသည်။

“မာရဏာ နိုင်ငံ၌ ပြင်းပြစွာသော ဝေဒနာကို ခံရလျှက် မျော်ကြည့်၍” (လု ၁၆း၂၃)။

တဖန်ယေရှုက သူဌေးကြီး ငိုကြွေးလျှက် အော်ဟစ်နေသည်ကို မိန့်တော်မူထားသည်မှာ၊

“အကျွန်ုပ်သည် ဤမီးအိုင်၌ ပြင်းစွာခံရသောကြောင့်” (လု ၁၆း၂၄)

ယေရှုသည် သနားတတ်သောဘုရား၊ ကြင်နာတတ်သောဘုရား၊ နူးညံ့သောဘုရားဖြစ်သည်ကို သင် နားလည်မည်ဟု မျောလင့်ပါသည်။ ထို့ကြောင့် သင်အား ငရဲအကြောင်း၊ သတိပေးနေခြင်းဖြစ်သည်။ ကျရောက်တော့မည့် စီရင်ခြင်းမှလွတ်ဖို့ သနားခြင်းဂရုဏာ သင့်အားထင်ရှား ပြသခြင်းဖြစ်သည်။ အကြောင်းမှာ၊

“အသက်ရှင်တော်မူသော ဘုရားသခင်၏လက်တော်သို့ ကျရောက်ခြင်းအမှုသည် ကြောက် မတ်ဖွယ်သော အမှုဖြစ်သတည်း” (ဟေဗြဲ ၁ဝး၃၁)။

၄။ စတုတ္ထ၊ အပြစ်သားတို့၏ အသိတရားကို နှိုးဆော်ပေးခြင်း၊

သမ္မာကျမ်းစာတော်မြတ်၌ ဖော်ပြသောဘုရားသခင်၏ တရားစီရင်ခြင်းကို လူအများက လက်မခံကြပေ။ အတိတ်ကာလ၌ ဘုရားသခင်၏ တရားစီရင်ခြင်းကိုလည်း၊ ငြင်းပယ်ခဲ့ကြသည်။ ထာ၀ရဘုရားသခင်၏ တရားစီရင်ခြင်းအကြောင်း၊ သခင်ယေရှုမိန့်တော်ချက်ကိုလည်း ငြင်းပယ်နေကြ သည်။

ဇာတိလူမည်သည်ကား၊ ထာ၀ရဘုရား၏သတိပေးခြင်းနှင့် တရားစီရင်ခြင်း သက်သေအထောက် အထား ရှိလျှက်ပင် ငြင်းပယ်ကြသည်။ ဘုရားသခင်၏ ဝိညာဉ်တော် လှုံ့ဆော်မှုမခံတရွှေ့ ထိုသူ၏ အသက်တာ မပြောင်းလဲနိုင်ပါµ အပြစ်လူသား၏ အသိဥာဏ် အမှန်တရားမသိတရွှေ့ မပြောင်းလဲနိုင် ပေ။ သမ္မာကျမ်းစာ၌ မိန့်တော်မူသည်ကား၊

“ဩတ္တပစိတ်တွင် သံပူခတ်ခြင်းကို ခံရပြီးလျှင် . . .” (၁ပေ ၄း၂)။

အပြစ်က စိတ်နှလုံးသားကို အကြိမ်ကြိမ်အဖန်ဖန် ကြေကွဲစေမည်ဖြစ်သည်။ ဒီအချိန်တွင် ဩတ္တစိတ်၌ မိမိအ မှားကြောင့် ဝမ်းနည်းခြင်း၊ စိုးရိမ်ခြင်းများနှင့် ပြည့်နှက်နေသည်ကို တွေ့မြင်ရပေမည်။

မိမိကိုယ်ကိုပင် ခွင့်မလွတ်နိုင်ဖြစ်နေမည်။ မိမိဖုံးကွယ်နေသမျှသော အပြစ်တို့ကို ရွှံ့မုန်းနေမည်။ မိဘကြောင့် ဤကဲ့သို့ ဖြစ်ရတာဟု ဆိုပြီး အပြစ်တင်တတ်သည်။ မိမိပတ်ဝတ်းကျင်အသိုင်းအဝန်းကို အပြစ်တင်တတ်သည်။ မိမိအပြစ်က ခွင့်မလွတ်နိုင်စရာအကြောင်း ဘုရားသခင်၏မှတ်တမ်းတင် ခံရနေပြီဟု စိတ်ခံစားတတ်သည်။ တရားစီရင်ခြင်းခံရတော့မည်ဟု စိုးရိမ်ကြောက်ရွှံ့နေမည်ဖြစ်သည်။

ဘုရားသခင်က ရှေ့ကနဦးကတည်းက ရွှေးကောက်ထားသဖြင့်၊ မိမိ၏သန့်ရှင်းသော ဝိညာဉ် တော်ကို ထိုသူ၏အထဲသို့ စေလွတ်လျှက် အပြစ်ကို ဖော်ပြပေးသည်။ “ဥပဇ္စျွာယ် ဆရာရောက်လာ လျှင် ဒုစရိုက်အပြစ်ကို ဖော်ပြပေးသည်” (ယော ၁၆း၈)။ ထိုအချိန်တွင်၊ ကျွန်ုပ် ဒီကနေ့မနက် သက် သေခံဝေငှခဲ့သော အမျိုးသမီးတစ်ဦးကဲ့သို့၊ သူ့အပြစ်နှင့် စပ်လျှန်းပြီး ပြောပြပါလိမ့်မည်။

စိတ်နှလုံးထဲ ထပ်ထပ်ခါခါ အပြစ်ပေါ်လာပြီး မေ့မရဖြစ်နေသည်။ မည်သို့ ၎င်းအပြစ်ကို အပ်နှံဆပ်ကပ်ရမည်ကို ကြောက်ရွှံ့မိသည်။ အပြစ်သည် ကျွန်မနှလုံးသားထဲက လာနေခြင်း ဖြစ်သည်။ ဘုရားသခင်ရှေ့တော်၌ ရွှံ့ရှာဖွယ်ဟု ခံစားလာသည်။ ဘုရားသခင်သည် ကျွန်မ အပြစ်ပြုနေသည်ကို တွေ့ခဲ့ပေမည်။ အသင်းတော်၌ ပါဝင်အမှုထမ်းစဉ် အပြစ်သည် ကျွန်မ စိတ်ထဲ အမြစ်စွဲနေသည်ကိုလည်း တွေ့ပေမည်ဟု ခံစားခဲ့သည်။ ဘုရားကျောင်းသွားတိုင်း အနူကဲ့သို့ မိမိကိုယ်ကို ခံစားမိသည်။ ခရစ်တော်၏ ငြိုငြင်ခြင်းကို ခံရမည်ဟု စိတ်ထဲအ လွန်ခံစားခဲ့ပါသည်။

ဇာတိပကတိလူသားတစ်ဦး အနေဖြင့် အထက်ပါအမျိုးသမီးကဲ့သို့ တွေ့ကြုံခံစားကြရမည်မလွဲပေ၊ အသိဥာဏ်အားဖြင့် အမှန်တရားသိကောင်း၊ သိပေမည်။ ဇာတိလူသားအနေဖြင့် ထိုသို့စိတ်ခံစားချက် မရှိနိုင်ပေ။ သမ္မာကျမ်းစာ၌ မိန့်တော်မူသည်ကား၊ “ဇာတိပကတိလူသည် အပြစ်သဘောကို နားမ လည်” ဟုဆိုပါသည်။ မဟာတန်ခိုးတော်အားဖြင့် လှုံ့ဆော်ပေးမှ အပြစ်ကိုသိသော ဥာဏ်ရရှိလာမည် ဖြစ်သည်µ အပြစ်ကို သိမြင်ခြင်းဟူသည် ဘုရားသခင်၏ကျေးဇူးတော်က စိတ်နှလုံးတံခါးကို ဖွင့်ပေးမှ သာ အမှန်ရရှိလာသည်။ ဂျွန်နယူးတန်သီကုံးသော “အံ့ဖွယ်မေတ္တာ၌” ဟူ၍စပ်ဆိုခဲ့သည်။ ခရစ်ယာန်လောက၌ နိုးထမှုဖြစ်ခဲ့စဉ်ကာလကို “ဝိညာဉ်နိုးထမှုကာလ” ဟု ခေါ်ကြသည်။ သင့်အပြစ်ဖော်ပြခြင်း ခံရသောအခါ သင်အသိဥာဏ်နိုးထမှု ရရှိလာမည်။

“အသက်ရှင်တော်မူသော ဘုရားသခင်၏လက်တော်သို့ ကျရောက်ခြင်းအမှုသည် ကြောက် မတ်ဖွယ်သော အမှုဖြစ်သတည်း” (ဟေဗြဲ ၁ဝး၃၁)

၅။ ပဉ္စမ၊ ကျွန်ုပ်တို့၏ အပြစ်မှကယ်တင်လို့ငှါ ခရစ်တော်အသေခံတော်မူခဲ့ပြီ၊

ဆရာကြီး စပါဂျန်ပြောကြားခဲ့သည်မှာ “ကယ်တင်ရှင်၏နာကျင်ခြင်းဝေဒနာသည် အတိုင်း ထက်အလွန်ပင်ဖြစ်သည်။ အကြောင်းမှာ၊ ကျွန်ုပ်တို့၏အပြစ်သည် ကြီးမားလွန်းသဖြင့် ထိုပြစ်ဒဏ်မှ လွတ်မြောက်ဖို့ရန် ဘုရားသခင်၏သားတော် အသွေးစွန်းအသေခံခြင်းမှတပါး၊ အခြားသောနည်းလမ်း မရှိ၍ဖြစ်သည်။ အကယ်၍ငရဲကို ပေါပေါတန်တန်တွေးနေမည်ဆိုလျှင် ကားတိုင်ကိုလည်း အလေး နက်တွေးနေမည်မဟုတ်ပေ။ ပျောက်ဆုံးဝိညာဉ်အတွက် ပေါ့ပေါ့တန်တန် သဘောထားခဲ့မည်ဆိုလျှင် သင့်ကိုကယ်တင်ပေးခဲ့သော ကယ်တင်ရှင်ကိုလည်း ထိုကဲ့သို့မြင်ပေမည်။”(C..H. Spurgeon, “Future Punishment a Fearful Thing,” Metropolitan Tabernacle Pulpit, number 682).

“အသက်ရှင်တော်မူသော ဘုရားသခင်၏လက်တော်သို့ ကျရောက်ခြင်းအမှုသည် ကြောက် မတ်ဖွယ်သော အမှုဖြစ်သတည်း” (ဟေဗြဲ ၁ဝး၃၁)။

ယေရှုဘုရားက သင့်အား အမှန်တကယ်ထာ၀ရပျက်စီးခြင်းမှ ကယ်တင်မည်မဟုတ်ပါလား? ယေရှုသည် အသက်ရှင်သောဘုရား၏ လက်တော်သို့ကျရောက်ခြင်း၊ ဟုတ်ပါသလား? သင့်နေရာ၌ အစားဝင်အသေခံပေးခြင်း မဟုတ်ပေပါဘူးလား? သင့်အပြစ်သားနေရာ၌ယေရှုအား ဘုရားသခင် အစားဝင်စေခြင်းမဟုတ်ပေဘူးလား? အပြစ်သားတို့ နေရာ၌ အသေခံရမည့် ကျမ်းပိုဒ်ကို လေ့လာကြ ပါ။

“ထာ၀ရဘုရားသည် သူ့ကိုနှိပ်စက်ခြင်းငှါ အလိုတော်ရှိ၍၊ နာစေတော်မူ၏။ သူသည် အပြစ်ဖြေသော ယဇ်ကို ပူဇော်ပြီးမှ” (ဟေရှာယ ၅၃း၁၀)။

ယေရှုဘုရားက သင့်အားအမှန်တကယ် ထာ၀ရပျက်စီးခြင်းမှ ကယ်တင်မည်မဟုတ်ပါလား? ယေရှုသည် အသက်ရှင်သောဘုရား၏ လက်တော်သို့ကျရောက်ခြင်းဟုတ်ပါသလား? သင့်နေရာ၌ အစားဝင်အသေခံပေးခြင်း မဟုတ်ပေဘူးလား? သင့်အပြစ်သားနေရာ၌ ယေရှုအား ဘုရားသခင် အစားဝင်စေခြင်း မဟုတ်ပေဘူး? အပြစ်သားတို့နေရာ၌ အသေခံရမည့်ကျမ်းပိုဒ်ကို လေ့လာကြည့်ပါ။

“ထာ၀ရဘုရားသည် သူ့ကိုနှိပ်စက်ခြင်းငှါ အလိုတော်ရှိ၍၊ နာစေတော်မူ၏။ သူသည် အပြစ်ဖြေသော ယဇ်ကိုပူဇော်ပြီးမှ” (ဟေရှာယ ၅၃း၁၀)။

ယေရှုအား “နာကျင်ခြင်း”ဝေဒနာကိုခံလျှက် ယဇ်ပူဇော်ရန် ဘုရားသခင်အလိုတော်ရှိသည်။ ၎င်း သည် “ကိုယ်စားအသေခံပူဇော်အသေခံခြင်း” ဟူသော ယုံကြည်ခံယူချက်ဖြစ်သည်။ The Reformation Study Bible ၌ ဖော်ပြသည်မှာ “ကားတိုင်သည် ကိုယ်စားအသေခံရမည့်နေရာဖြစ်သည်၊ ဘုရားသခင်၏အမျက်တော်ကို ပြေငြိမ်းစေမည့်နေရာဖြစ်သည်။ ခရစ်တော်သည် ဝေဒနာအပေါင်းကို သည်းခံလျှက် ကျွန်ုပ်တို့အဖို့ တရားစီရင်ခဲ့သည်”။ (p. 1617). ဂျွန်ပတ်ဘာ ပြောခဲ့သည်မှာ “ကျွန်ုပ် တို့၏အပြစ်အဖို့ အပြစ်ဒဏ်သင့်စေမည့် ဘုရား၏အမျက်ဒေါသကို ငြိမ်းအေးစေသည်”။ သေချာ သော အကြောင်းအချက်ကို ဖော်ပြပေးခြင်းဖြစ်သည်။

“အသက်ရှင်တော်မူသော ဘုရားသခင်၏လက်တော်သို့ ကျရောက်ခြင်းအမှုသည် ကြောက် မတ်ဖွယ်သော အမှုဖြစ်သတည်း” (ဟေဗြဲ ၁ဝး၃၁)။

ယေရှုသည် ဂေသရှေမန်ဥယျာဉ်၌ ဘုရားသခင်၏လက်တော်ထဲသို့ ကျရောက်ခဲ့သည်။ သင့်အပြစ် အမျှ ယေရှုအား ဘုရားသခင်အပြစ်ဒဏ်ပေးခဲ့သည်။ ပြင်းထန်သောဝေဒနာကို အလူးအလဲခံသွားခဲ့ သည်။ ချွေးလည်း “သွေးကဲ့သို့” မြေပေါ်ကျခဲ့သည်။ ဂေသရှေမန်ဥယျာဉ်၌ သေလုမတတ်ယေရှုအား နာကျင်ခြင်းဝေဒနာကျရောက်စေခဲ့သည်။ “ဘုရားသခင်ပြဌါန်းတော်မူသော အလိုတော်အားဖြင့်၎င်း၊ အနာဂတံသဥာဏ်တော်အားဖြင့်၎င်း” (တမန်တော် ၂း၂၃)။ ယေရှု၏လက်ခြေတို့ကို သံမှိုဖြင့် ကားတိုင်ထက်ရိုက်လျှက် ချိတ်ဆွဲထားကြသည်။ အပြစ်သားတို့၏နေရာ၌ ကိုယ်စားအသေခံပေးခြင်း ယေရှုအား ဘုရားသခင်၏လက်တော်သို့ ကျရောက်စေခဲ့သည်µ သင့်နေရာ၌ အသေခံရန် ယေရှုအား ဘုရားသခင် “ပေးခဲ့”သည်။

“ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာ၀ရအသက်ကို ရစေခြင်းငှါ ဘုရားသခင်သည် မိမိ၌တပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏” (ယော ၃း၁၆)။

အပြစ်သားတို့အတွက် အသေခံဖို့ကားတိုင်ခရီးကို ဘုရားသခင်ရွှေးချယ်အသေခံပေးခဲ့သည်။

နာကျင်ခြင်းဟူသမျှ ကိုယ်တော်ခံစားသွားခဲ့သည်။ မျက်နှာတော်၌ လက်သီးဖြင့်ထိုးခြင်း၊ နုတ်ခမ်း မွေး၊ ပါးသိုင်းမွေး ဆွဲနုတ်ခြင်းခံရသည်။ ကိုယ်တော်၏ကျောပြင်ကို သွေးထွက်သည်ထိ ထိုးကြိတ်ခဲ့ ကြသည်။ ခြေလက်ကို သံမှိုဖြင့် စွဲလျှက် ကားတိုင်၌ ဆွဲကပ်ကြသည်။ ထိုသို့အသီးသီးသော ဝေဒနာ ကို ယေရှုခံစားရခြင်းသည် ဘုရားသခင်၏အမျက်ဒေါသ သူ့အပေါ်သို့ ကျရောက်ခြင်းဖြစ်သည်။ တကယ်တော့ ထိုဝေဒနာအားလုံး သင်ခံစားရမည့် ဝေဒနာသာဖြစ်သည်µ “ထိုအရာဟာ ကိုယ်စား အသေခံခြင်း” ပင်ဖြစ်သည်µ ဓမ္မသီချင်း၌ သီကုံးထားသည့်ပမာဖြစ်သည်။

ဘုရားအမျက်တော် ခံယူဖို့
   ကားတိုင်ထက် ယေရှုကိုယ်စားအသေခံ
လူတိုင်း အသေခံရမည်ဖြစ်သော်လည်း
   ခရစ်တော်အသေခံလျှက် အသက်ကိုပေး
(၂၀၀၁ ကိက်ကေတီနှင့် စတီးဝပ်တောနန် တို့သီကုံးသော “ခရစ်မှတပါး”)

“ခရစ်တော်၏ပြင်းထန်သောဝေဒနာ” ရုပ်ရှင်ကားကို၊ အမျိုးသမီးလူတဦးကြည့်ပြီး ပြန်ပြောပြ သည်မှာ “ကြောက်လန့်စရာကောင်းတဲ့ သေခြင်း၌ သူတို့ အသေခံစေတယ်”µ ဟုပြောကြားခဲ့သည်။ ထိုသို့ပြောခြင်းမှာ သိပ်တော့မမှန်လှသေးပါ။ တကယ်တော့ ဘုရားသခင်က ယေရှုအား ထိုသို့အသေ ခံစေ၍ ဖြစ်သည်၍µ ထိုသို့ အသေခံစေခြင်းမှတပါး၊ အခြားသောလုပ်ဆောင်ခြင်းအားဖြင့် ဘုရား သခင်အား “မကျေနပ်”စေ၍ ဖြစ်သည်။ ကိုယ်စားအသေခံခြင်းသည်၊ သင့်နေရာ၌ ယေရှုအားအသေခံ စေ၍ ဖြစ်သည်။

“အသက်ရှင်တော်မူသော ဘုရားသခင်၏လက်တော်သို့ ကျရောက်ခြင်းအမှုသည် ကြောက် မတ်ဖွယ်သော အမှုဖြစ်သတည်း” (ဟေဗြဲ ၁ဝး၃၁)။

ဤသည်ကား သင့်နေရာ၌ဘုရားသခင်က ယေရှုအားအသေခံစေခြင်းဖြစ်ကြောင်း သက်သေအ ထောက်အထားဖြစ်သည်။ မိန်းမပျိုတစ်ဦးက ပြောသောစကားကို အောက်တွင် ရေးသားဖော်ပြလိုပါ သည်။

ကျွန်မကိုယ်ခန္တာ အတွင်းအပြင်ကို ကြည့်နေမည့်အစား၊ ကျွန်မ၏ခံစားချက်ကို စစ်ဆေးရန် လိုသည်၊ ခရစ်တော်သခင်ထံ မချဉ်းကပ်မှီ ထိုသို့လုပ်ဆောင်မြဲဖြစ်သည်။ ယေရှုသည် အနားတွင်ရှိသည်။ ခရစ်တော်သည် အသက်ရှင်နေသည်µ ကိုယ်တော်သည် ကျွန်မအား ကယ်တင်ခဲ့သည်၊ သခင့်အသွးတော်ဖြင့် ကျွန်မအပြစ်ကို ဆေးကြောပေးခဲ့ပြီးဖြစ်သည်။ ကျွန်မ၏ အပြစ်ဝန်ထုပ်တွေကို ကိုယ်တော် တိုင်ထမ်းထုတ်ခဲ့ပြီးဖြစ်သည်µ ကိုယ်တော်က ဘုရားသခင်၏ အမျက်တော်ကို ပြေငြိမ်းပေးပြီး ကျွန်မ၏အသက် သေခြင်း၊ နောက်ဆုံး တရားစီရင်ခြင်းကိုပါ ဖြေရှင်းပေးခဲ့ပြီဖြစ်သည်။ ကျွန်မ၏မှတ်တမ်း၌ “အပြစ်မရှိတော့ပါ” သခင့်အသွေးဖြင့် ဖြေလွတ်ပေးခဲ့ပြီµ ကိုယ်တော်သည် ကျွန်မရှေ့နေကြီးပါ။ ကျွန်မကိုယ်စား အသေခံပေးသူ၊ ကျွန်မ၏သူရဲကောင်း၊ ကျွန်မ၏အသက်သခင်ဖြစ်သည်µ ကျွန်မကဲ့သို့ လှုပ်ရှားရုန်းကန်နေကြသော မိတ်ဆွေများယေရှု၏ ခွင့်လွတ်ခြင်းနှင့် တွေ့ဆုံစေလိုပါသည်µ ကျွန်မ၏အပြစ်ကို ကိုယ်တော်လက်ခံခဲ့ပြီး ကိုယ်တော်ပေးဆပ်ခဲ့ပြီးဖြစ်သည်µ

အာမင်µ ဓမ္မသီချင်း၌ သီကုံးထားသည်မှာ၊

ကျေးဇူးတော်မှတပါး ကျွန်ုပ်ကောင်းမှုဟူ၍မရှိပါ
ကားတိုင်ထက်မှ သိုးသူငယ်သွေးဖြင့် ဝတ်လုံဖြူစင်ခဲ့ပြီး
ယေရှုသခင်ထံပုံအပ် ကိုယ်တော်ပေးဆပ်ခဲ့
အသွေးတော်စွန့်၍ နှင်းပွင့်ကဲ့သို့ ဖြူစင်ခဲ့ပြီး

ကိုယ့်တော့်ကြောင့်သာ ပလင်ဖြူရှေ့Sအပြစ်ကင်းပြီ
“ယေရှု ငါ့ဝိညာဉ်ကို ကယ်တင်” သီချင်းဆိုမည်
ယေရှုသခင်ထံပုံအပ် ကိုယ်တော်ပေးအပ်ခဲ့
အသွေးတော်စွန့်၍ နှင်းပွင့်ကဲ့သို့ ဖြူစင်သွားခဲ့ပြီ
(၁၈၂၀-၁၈၉၉ ခနှစ် အီလ်ဗီနာအမ်. ဟောလ် သီကုံးသော
“ယေရှုပေးဆပ်ခဲ့ပြီ”)။

စစ်မှန်သော ခရစ်ယာန်တစ်ယောက်ဖြစ်ဖို့ သင်စိတ်ဝင်စားပါသလား? အကယ်၍ သင့်အသက် တာဘ၀အတွက် ကျမ်းစာဆွေးနွေးခြင်း၊ ဆုတောင်းပေးလိုလျှင်၊ တိတ်ဆိတ်သော ဓမ္မဆွေးနွေးခန်းထဲ့ သို့ ကြွလှမ်းလာခဲ့ပါလိမ့်မည်။ ယခုသွားကြစို့၊ ဒေါက်တာ ချန်မျ ထိုအခန်းထဲသို့ သွားကြမည့် သူတို့ အဖို့ဆိုတောင်းပေးပါသည်။ အာမင်µ


ဤတရားဒေသနာအားဖြင့် ခွန်အားရလျှင် ဒေါက်တာ Hymers သည် သင့်ထံ က တစ်စုံတစ်ခုကို ကြားလိုပေမည်။ ဒေါက်တာ Hymers ကို စာရေးလျှင် မည်သည့်တိုင်းပြည်က စာရေးသားသည်ကို ပြောပြရမည်၊ သို့မဟုတ်လျှင် ပြန် လည်ဖြေကြားနိူင်မည်မဟုတ်။ ဤတရားဒေသနာအားဖြင့်ခွန်အားရလျှင် စာ ရေးပြီးပြောပြပါ။ သို့သော် မည်သည့်တိုင်းပြည်က ရေးသားသည်ကို အမြဲတမ်း ထည့်သွင်းရေးသားပေးပါ။ ဒေါက်တာ Hymers ၏ အီးလ်မေးလိပ်စာမှာ rlhymersjr@sbcglobal.net (နှိပ်ပါ)၊ ဒေါက်တာ Hymers ကို မည်သည့်ဘာ သာစကားနှင့်မဆို စာရေးသားနိူင်သည်၊ သို့သော် ဖြစ်နိူင်လျှင် အင်္ဂလိပ်လိုရေး သားပါ။ စာတိုက်ဖြင့်ရေးသားပေးပို့လိုလျှင် စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လော့အိန်ဂျယ်၊ စီအေ ၉၀၀၁၅၊ ဖုန်းဆက်လိုသောအခါ (၈၁၈)၃၅၂-၀၄၅၂။

(တရားဒသေနာနိဂုံး)
သင်သည် ဒေါက်တာ Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်တွင်
www.sermonsfortheworld.com ဖြင့် အပတ်တိုင်းကြည့်ရှုနိူင်
ပါသည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။



-ဒေသနာမတိုင်ခင် မစ္စတာ အေဘေလ် ပရုတ်ဟုန်းမှ (ဟေဗြဲ ၁ဝး၂၈-၃၁) ကို ဖတ်ကြားပေးပါ သည်။
-ဒေသနာတော် မတိုင်ခင် မစ္စတာဘင်ဂျင်မင် ခင်ကိတ်ဂရိဖက်စ်မှ (၁၈၉၅-၁၉၈၀ ခုနှစ် ဒေါက်တာ ဂျွန်အာရ်. ရိုက် သီကုံးရေးသားသော “ သင်ဘာပြောမလဲ?” ဓမ္မသီချင်းကို သီဆိုသည်)။


အခှပှေုကမြွး

ကြောက်မက်ဖွယ် ဘုရားသခင်၏တရားစီရင်ခြင်း

GOD'S JUDGMENT - A FEARFUL THING

ဒေါက်တာ အာရ်အယ်လ်ဟိုင်မာဂျေအာရ်၏

“အသက်ရှင်တော်မူသော ဘုရားသခင်၏လက်တော်သို့ ကျရောက်ခြင်းအမှုသည် ကြောက် မတ်ဖွယ်သော အမှုဖြစ်သတည်း” (ဟေဗြဲ ၁ဝး၃၁)၊

(ရောမ ၃း၁၈)

၁။ ပထမ၊ ဘုရားမည်သူဖြစ်ကြောင်း သက်သေထောက်ထားခြင်း။
(ဟေဗြဲ ၁ဝး၃၁)၊ (၁ယော ၁း၇)။

၂။ ဒုတိယ၊ အတိတ်ကာလ၌ ဘုရားသခင်ပြုခဲ့သော အထောက်အထား၊
(ကမ္ဘာ ၆း၅၊ ၇)၊ (တရားဟောရာကျမ်း ၇း၁၀)။

၃။ ယေရှုကိုယ်တိုင် မည်သို့ပြော၍ သက်သေခံ ထောက်ထားခဲ့ခြင်း။
(မဿဲ ၁ဝး၂၈၊ ၁၃း၄၉-၅၀၊ ၂၂း၁၃)၊ (မာကု ၉း၄၄၊ ၄၆၊ ၄၈)၊
(လုကာ၁၆း၂၃၊ ၂၄)။

၄။ စတုတ္ထ၊ အပြစ်သားတို့၏ အသိတရားကို နှိုးဆော်ပေးခြင်း၊
(၁တိ ၄း၂)၊ ( ယော ၁၆း၈)။

၅။ ပဉ္စမ၊ ကျွန်ုပ်တို့၏ အပြစ်မှကယ်တင်လို့ငှါ ခရစ်တော်အသေခံတော်မူခဲ့ပြီ၊
(ဟေရှာယ ၅၃း၁၀)၊ (တမန်တော် ၂း၂၃)၊ (ယော ၃း၁၆)။