Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ခရစ်တော်ဘုရား ကောင်းကင်ဘုံသို့ တက်ရူအးကတော်မူခြင်း

THE ASCENSION OF CHRIST
(Burmese)

ဒေါက်တာအာရ်အယ်လ်ဟိုင်မာဂျေအာရ်၏
by Dr. R. L. Hymers, Jr.

၂၀၁၃၊ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၀ရက်၊
လော့စ်အိန်ဂျယ်လိတ်မြို့၊ တဲတော်နှစ်ခြင်းအသင်းတော်၊ သခင်ဘုရားနေ့၊
ညနေပိုင်းဝတ်ပြုအစည်းအဝေး၌ ဟောကြားသော ဒေသနာတော်၊
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, February 10, 2013

“ထိုသို့နှင့်အညီ ကျမ်းစာ၌လာသည်ကား မြင့်သောအထက်သို့ တက်ရူအးကတော်မူ သဖြင့်၊ များစွာသောသူတို့ကို ဖမ်းသွားတော်မူ၍ လူတို့အား စွမ်းရည်သတ္တိများကို ပေးတော်မူသည်ဟု လာသတည်း” (ဧဖက် ၄း၈)။


ယေဗုသိလူတို့သည် ဣသရေလူတို့၏ ရန်သူဖြစ်ခဲ့ကြသည်။ ထာ၀ရဘုရား၏ လူတို့က ယေရုရှလင်မြို့ကို သိမ်းပိုက်ပြီး နောက်နှစ်ကြာသည့်တိုင် ၎င်းနယ်မြေ၌ ထိုလူမျိုးတို့ ရှိနေခဲ့ကြသည်။ သို့ပါသော်လည်း ရှင်ဘုရင်ဒါဝိတ်နှင့် သူ၏လူတို့က ၎င်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ပါသည်။ သူ၏လူတို့က ယေရုဆလင်တောင်ရိုးကို မည်ကဲ့သို့ ပြင်းထန်စွာ ထိုးစစ်ဆင်နွဲအနိုင်ယူခဲ့သည်ကို ဒါဝိတ်မင်းအမှတ်ရနေခဲ့သည်။ ဤသည်ကား နောင်တွင် သခင်ဘုရား၏တောင်တော်၊ ဇိအုန်တောင် ထိုနေရာ၌ ဘုရားသခင်၏ ဗိမာန်တော်ကြီးကို တည်ထားရန်ဖြစ်လာခဲ့သည်။ ဘုရင်ဒါဝတ်မင်းက ပဋိညာဉ်သေတ္တာတော်ကို ရန်သူတို့ လက်မှ ပြန်လည်သိမ်းယူခဲ့ပြီး၊ အတီးအမှုတ်ကခုန်လျှက် ဝမ်းမြောက်စွာဖြင့် ၎င်း ဇိအုန်တောင်တော်၌ ယူဆောင်လာခဲ့ပါသည်။ ဒါဝိတ်မင်းသည် လောကအမြင်ထက် သာလွန်မြင့်မားစွာ တွေးမြင်ခဲ့သူဖြစ်သည်။ ခရစ်တော်သည် ထိုနေရာမှ ကောင်းကင်ဘုံသို့ တက်ရူအးကတော်မူဖြစ်ပြီပြီး သူ၏လူတို့ကို ကယ်တင်ဖမ်းသွားတော်မူ၍ မိမိလူတို့၏ အရှင်သခင်အဖြစ် အုပ်စိုးမည်ကို ဒါဝိတ်မင်းကြီး ကြိုတင်သိတော်မူခဲ့သည်။ သို့ဖြစ်၍ ဆာလံ ၆၈၌ အောက်ပါအတိုင်း ရေးသားခဲ့ပါသည်။

“ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်ရူအးကတော်မူသဖြင့်၊ များစွာသော သူတို့ကို ဖမ်းတော်မူ၍ ထာ၀ရအရှင်ဘုရားသခင်သည် လူတို့တွင် ကိန်းဝိပ် တော်မူမည်အကြောင်း လူတို့အဖို့မက၊ ပုန်ကန်သောလူတို့လက်မှ လက်ဆောင် များကို ခံရတော်မူပြီ” (ဆာလံ ၆၈း၁၈)။

နောင်နှစ်ပေါင်းထောင်ကျော်သောအခါ၊ ထာ၀ရဘုရား၏ ဝိညာဉ်တော်က ရှင်ပေါလုအား ဦးဆောင်ကာ ဒါဝိတ်၏ကျမ်းစကား ပြည့်စုံသော ခရစ်တော်သည် ကောင်းကင်ဘုံသို့ တက်ရူအးကတော်မူပြီး ခမည်းတော်ဘုရားသခင်၏ လင်္ကျာတော်ဘက်၌ ထိုင်နေတော်မူ၏ဟူ၍ ပြောကြားခဲ့ပါသည်။ တမန်တော်ကြီးက ဆာလံ ၆၈း၁၈ ကိုကိုးကားပြီး ခရစ်တော်သေခြင်းမှ ပြန်လည်ရှင်ပြန်ခြင်းအကြောင်း ဟောကြား ခဲပါသည်။

“ထိုသို့နှင့်အညီ ကျမ်းစာ၌လာသည်ကား မြင့်သောအထက်သို့ တက်ရူအးကတော်မူသဖြင့်၊ များစွာသောသူတို့ကို ဖမ်းသွားတော်မူ၍ လူတို့အား စွမ်းရည်သတ္တိများကို ပေးတော်မူသည်ဟု လာသတည်း” (ဧဖက် ၄း၈)။

သခင်ယေရှုခရစ်တော်သည် သူငယ်ကဲ့သို့ ဗက်လင်မြို့ နွားတကင်းကုပ်၌ ကောင်းကင်ဘုံမှ ဆင်းရူအးကလာပြီး မွေးဖွားခဲ့ပါသည်။ ကိုယ်တော်သည် ရူအးကလာ သောအခါတွင် “ငြိုငြင်ခြင်းခံရသောသူ၊ နာကြည်f;ခြင်းဝေဒနာနှင့် ကျွမ်းဝင်သော သူဖြစ်သည်” (ဟေရှာယ ၅၃း၃)။ ဆင်းရူအးကတော်မူသောအခါ၊ ကျွန်ုပ်တို့၏ အပြစ်သည် ကိုယ်တော်အပေါ်သို့ ကျရောက်သောကြောင့်၊ ဂေသရှေမန်ဥယျာဉ်၌ ကိုယ်တော်သည် “ချွေးထွက်တော်မူသည်ကားမြေပေါ်၌ကျသောသွေးစက်ခဲကဲ့သို့ဖြစ်သတည်း” ဟု လာသ တည်း(လုကာ၂၂း၄)။ ကိုယ်တော်သည် ဆင်းရူအးကတော်မူသောခါ “အသေခံခြင်းသာ မဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံသည့်တိုင်အောင် အစေကျွန်ခံ၍”ဟုလာပါသည်။ (ဖိလိ၂း၈)။ ကိုယ်တော်ဆင်းသက်ရူအးကလာသောအခါ၊ သင်္ချိုင်းထဲ၌ သဂြိုလ်ခြင်းကို ခံခဲ့ပါသည်။ တမန်တော်ရှင်ပေါလု မိန့်တော်မူသည်ကား “တက်ရူအးကတော်မူသည်ဟု ဆိုသော် အစစွာမြေကြီးအောက်အရပ်သို့ ဆင်းသက်တော်မူကြောင်းကို ရည်မှတ်၍ ဆိုသည် မဟုတ်လော့”။ (ဧဖက် ၄း၉)၌ ဆိုပါသည်။ ဆင်းသက်တော်မူသောအခါ ကိုယ်တော်၏် နှိမ့်ချခြင်းသည် သေခြင်းထိတိုင် ခံတော်မူခဲ့ပါသည်။ ကြီးစွာသော မှောင်မိုက်နှင့် ဝမ်းနည်းခြင်းကြောင့် “အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အဘယ့်ကြောင့် ကျွန်ုပ်ကို စွန့်တော်မူနည်းဟု အော်ဟစ်ခဲ့ပါသည်။” (မဿဲ ၂၇း၄၆)။ ကိုယ်တော်သည် သချုØင်း၌ သင်္ဂြိုလ်စဉ်တွင် ရောမစစ်သားတို့သည် သင်္ချိုင်းကို တံဆိပ်ခတ်လျှက် စောင့်ကြပ်စေခဲ့ပါသည်။

သို့ပါသော်လည်း မိန့်တော်မူထားသည့်အတိုင်း၊ ကိုယ်တော်သည် သုံးရက်မြောက် သောနေ့တွင် မြေကြီးသည် ပြင်းစွာလှုပ်လျှက် ကောင်းကင်တမန်တို့သည် ပိတ်ထားသော တွင်း၀ကျောက်တုံးကို တွန့်လှိမ့်ကြသဖြင့် ယေရှုသည် ကြီးစွာသော မှောင်မိုက်မှ နံနက်အာရုံအလင်းကို ပေးဝေခဲ့ပါသည်ဍ

ဟာလေလုယာဍ ဟာလေလုယာဍ ဟာလေလုယာဍ
    သုံးရက်မြောက်သောနေ့ လျှင်မြန်စွာရောက်ရှိလို့လာပြီ
ဘုန်းတန်ခိုးကြီးစွာ ကိုယ်တော်ထမြောက်
    ဘုန်းတော်သည် ထွန်းတောက် ဟာလေလုယာဍ
ဟာလေလုယာဍ ဟာလေလုယာဍ ဟာလေလုယာဍ
    (၁၈၃၂-၁၉၀၉ ဖရင့်စ်စီပေါက် သီကုံးသော “ညှင်းဆဲခြင်းမရှိပြီ”)။

ခရစ်တော်သည် အီစတာနံနက်ခင်းတွင် ဘုန်းတန်ခိုးကြီးစွာဖြင့် ထမြောက်တော် မူခဲ့ပြီး ဍ ကိုယ်ခန္ဓာအသွေးအသားဖြင့် ကိုယ်တော်သည် ရှင်ပြန်ထမြောက်တော်မူသည်ကို ထောက်ထားဖို့ရန် “အသေခံတော်မူပြီးလျှင် တမန်တော်တို့အား ရက်လေးဆယ်ပတ်လုံး ကိုယ်ကိုပြ၍ ဘုရားသခင်၏ နိုင်ငံတော်နှင့် စပ်ဆိုင်သောအရာတို့ကို မိန့်မြွက် တော်မူလျှက် မိမိအသက်ရှင်သည်အကြာင်းကို ခိုင်ခံ့သော သက်သေများအားဖြင့် ပြတော်မူ၏” (တမန် ၁း၃)ဟု ရေးသားထားပါသည်။ မာဂဒလမာရိနှင့် ယာကုပ်တို့သည် ပြန်ရှင်လာသော ယေရှုကို တွေ့ခဲ့ကြသည်။ တပည့်တော် တဆယ့်တစ်ပါးတို့အလယ်၌ ကိုယ်တော်သည် ကိုယ်ထင်ရှားပြသခဲ့သည်ကို တွေ့ခဲ့ကြသည်။ “ငါးကင်တစ်ပိုင်းနှင် ပျားလပို့ကို ကပ်ပေးကြ၏” ကိုယ်တော်သည်ယူ၍ သူတို့ရှေ့မှာ စားတော်မူ၏” (လုကာ ၂၄း ၄၂-၄၃) ဟူ၍ ရေးသားထားပါသည်။ လူနှစ်ယောက်နှင့်အတူ ဧမောက်လမ်းမပေါ် ယေရှုနှင့် တွေ့ကြုံစကားပြောခဲ့ကြသည်။ လူပေါင်းငါးရာမက မျက်မြင်သက်သေ ရှိခဲ့ကြသည်။ ကိုယ်တာ်က တပည့်တော်တို့အား “ငါ့လက်ကို ကြည့်ကြလော့။ ငါ့ခြေကိုလည်း ကြည့်ကြလော့။ ငါ့ကိုယ်ပင်ဖြစ်၏။ ငါ့ကိုကြည့်ရှုစမ်းကြလော့၊ ငါသည် သင်တို့မြင်သည့်အတိုင်း အရိုးအသားနှင့်ပြည့်စုံ၏” (လုကာ ၂၄း၃၉)ဟု ရေးသား ဖေါ်ပြထားပါသည်။ တပည့်တော်ဖြစ်သော သောမသည် ကိုယ်တော်၏ လက်ခြေ သံမှိုရိုက်ထားသော ဒဏ်ရာနှင့် လှံချွန်ဖြင့် ထိုးဖေါက်ထားသော နံဘေးတော်ဒဏ်ရာကို မိမိလက်ညှိုးဖြင့် စမ်းသပ်ခဲ့ပါသည်။ ထိုသို့သော ဒဏ်ရာဒဏ်ချက်ရာများက ကိုယ်တာ် သည် ကားတိုင်ပေါ် အမှန်အသေခံတော်မူခဲ့ကြောင်း ထောက်ထားပါသည်။ ထိုသို့ ဒဏ်ရာဒဏ်ချက်ရာများဖြင့် ထမြောက်ခဲ့သည်ကို သောမက သက်သေထူနိုင်ခဲ့ပါသည်။ သံသယ ကင်းရှင်းလျှက် ခရစ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်မြောက်တော် မူခဲ့သည်ကို သိနားလည်ထားလိုက်ပါဍ

ဟာလေလုယာဍ ဟာလေလုယာဍ ဟာလေလုယာဍ
    သေခြင်းတန်ခိုးသည် ရှုံးနိမ့်ခြင်းရှိလေပြီ
ခရစ်တော်ရှင်ပြန်ထမြောက်ကြောင်း သက်သေရှိ
    ဝမ်းမြောက်လျှက် ရေူအးကးကြော်ကြ ဟာလေလုယာဍ

ကိုယ်တော်သည် သေခြင်းမှ ထမြောက်တော်မူကြောင်းကို တပည့်တော်တို့အား ပြောပြပြီးသောအခါ၊ ကိုယ်တော်သည် တပည့်တော်တို့အား သံလွင်တောင်ပေါ်သို့ ခေါ်ဆောင်သွားခဲ့ပါသည်။ တပည့်တော်တို့သည် ကြည့်ရှု့စဉ်တွင် “ဘုရားသခင်သည် ဆောင်ယူခြင်းကို ခံတော်မူ၍ မိုးတိမ်သည် ကိုယ်တော်ကို မျက်ကွယ်အောင် ခံယူ၏” (တမန်၁း၉)၌ ရေးသားဖေါ်ပြထားပါသည်။ အောက်တွင်ဖေါ်ပြထားသော ကဗျာသည် မှားမည်မထင်ပေ။

ကောင်းကင်တမန်များ ရွှေတံပိုးမှုတ်လျှက်ကျူးရင့်
    ငွေရောင်ပုလဲတံခါးရှင်ဘုရင်ဖို့ ဖွင့်ထားလျှက်ရှိ
ဘုန်းတန်ခိုးကရုဏာအရှင် ခရစ်တော်ဖို့ပင်
    ကောင်းကင်ပလ္လင်ဘုန်းတော်နှင့် ပြည့်လျှံလျှက်ရှိ
အမှုသည်ပြီမြောက်မူပြီ။ ဝမ်းမြောက်သီဆိုကြ
    ယေရှုသည် ဆင်းသက်ရူအးကလာ၊ တန်fခိုးကြီးမြတ်စေဍ
(၁၈၃၆-၁၈၇၉ ခုနှစ်၊ ဖရက်စ်အာရ်ဟာဗာဂေလ်သီကုံးသော
    “ရွှေစောင်း တော်တီးမှုတ်”)။

ခရစ်တော်ယေရှုသခင်သည် မိမိဆင်းသက်ရူအးကလာခဲ့သော ကောင်းကင် ရွှေပြည်တော် သို့တဖန် တက်ရူအးကတော်မူပြီး ဖြစ်သည်။ အိုခရစ်တော် ကိုယ်တော်သည် ဤစကြာ၀ဠာ တစ်ခုလုံး၏ ဘုရင်ဖြစ်တော်မူ၏ဍ ကိုယ်တော်သည် ဘုရားသခင်၏ ချစ်သားပေတည်းဍ ကိုယ်တော်သည် ဘုရင်တကာတို့၏ ဘုရင်ဖြစ်လျှက်၊ အရှင်တကာတို့၏ အရှင်ဖြစ် လျှက်၊ အမြင့်ဆုံးသောရာဇပလ္လင်ပေါ် ဘုန်းတန်ခိုးနှင့် စံပယ်တော်မူပြီဍ

ချီးမွှမ်း ချီးမွှမ်း ကျွန်ုfပ်တို့၏ ကယ်တင်ပိုင်ရှင်
    ကောင်းကင်ဘုံမှာ နာမတော်ချီးမွမ်းကြ သခင်ယေရှုအစဉ်မပြတ်
အုပ်စိုးတော်မူ သရဖူကိုဆောင်းလျှက် ကိုယ်တော်ရူအးကလာ
    ဘုန်းတန်ခိုးတော်၊ ကိုယ်တော်၌ရှိစေသတည်း
ချီးမွမ်း ချီးမွမ်း ဂုဏ်အသရေအကြောင်းကိုပြောပါ
    ချီးမွမ်း ချီးမွမ်း စဉ်မပြတ်သီချင်းဆို
(၁၈၂၀-၁၉၁၅ ဖန်နီးဂျေကရော့ဘီ သီကုံးသော “ချီးမွမ်း ချီးမွမ်း)။

၎င်း ဓမ္မသီချင်းက ကျွန်ုပ်တို့ကို ကျွန်ုပ်တို့၏ ရွှေကျမ်းပိုဒ်သို့ ပြန်ပို့ပေးနေ ပါသည်။

“ထိုသို့နှင့်အညီ ကျမ်းစာ၌လာသည်ကား မြင့်သောအထက်သို့ တက်ရူအးက တော်မူသဖြင့် များစွာသူတို့ကို ဖမ်းသွားတော်မူ၍ လူတို့အား စွမ်းကုန်သတ္တိများကို ပေးတော်မူသည်ဟု လာသတည်း” (ဧဖက် ၄း၈)။

ဤကျမ်းပိုဒ်မှ ခရစ်တော် ကောင်းကင်ဘုံသို့ တက်ရူအးကတော်မူခြင်းနှင့် ပါတ်သက်၍ ကြီးမားသော အမှန်တရား သုံးခုကို ကျွန်ုပ်တို့ သင်ယူနိုင်ပါသည်။

၁။ ပထမ၊ ခရစ်တော်အောင်မြင်ခြင်းဖြင့် အထက်ကောင်းကင်ဘုံသို့ တက်ရူအးကခြင်း။

ခရစ်တော်သည် ဘုရားသခင်နှင့် လူသားတို့၏ ရန်သူကို အနိုင်တိုက်လှန်ဖို့ရန် ဤလောကသို့ ရူအးကလာသည်။ ခရစ်တော်တိုက်ရသော စစ်ကား အသွေးအသား၊ရှိသော ရန်သူမဟုတ် “အထွဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း လောကီမှောင်မိုက်၌ အစိုးတရပြုသောမင်းတို့နှင့်၎င်း၊ မိုးကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်၎င်း ရင်ဆိုင် ပြိုင်တိုက်လှန်ရကြ၏” (ဧဖက် ၆း၁၂)ဟု ရေးသားဖေါ်ပြထားပါသည်။ ခရစ်တော်သည် သေခြင်းအပြစ်နှင့် ငရဲမင်းတို့နှင့် ရက်ဆိုင်တိုက်လှန်ခြင်းဖြစ်သည်။ ခရစ်တော်သည် ဘုရားသခင်ကို မုန်းတီးနေသော မေတ္တာဂရုဏာမဲ့ နတ်ဆိုးတို့နှင့် တိုက်လှန်ခြင်း ဖြစ်သည်။ ခရစ်တော်သည် ဝိညာဉ်ဆိုးများနှင့် ရင်ဆိုင် တိုက်လှန်ခြင်း ဖြစ်ပါသည်။ ခရစ်တော်၏ ချွေးသည်သွေးအဖြစ်သို့ မြေကြီးပေါ်ကျသည့်တိုင် “မိမိအသက်ကို သေခြင်း၌သွန်း၍ မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်းသို့ရောက်သဖြင့် “ (ဟေရှယာ ၅၃း၁၂)၌ ရေးသားဖေါ်ပြထားပါသည်။ သို့ပါသော်လည်း ခရစ်တော်သည် အဆုံးတိုင် တိုက်လှန်ပြီးဖြစ်၍ သေခြင်းမှ ထမြောက်ကာ အဖ ခမည်းတော်ထံတော်သို့ တက်ရူအးကတော်မူပြီးဖြစ်ပါသည်ဍ

အရှက်သိက္ခာကျခြင်း၊ မတရားစွပ်စွဲခြင်းတို့ ရှိသမျှကို ကျော်လွှားခဲ့ပြီးဖြစ်သည်။ ဇဒုက္ခဲနှင့်ဖါရိရှဲတို့၏ သရော်ပြောင်လှောင်ခြင်းကို ကျော်လွှားပြီး အထက်ကောင်းကင်သို့ တက်ရူအးကတော်မူပြီးဖြစ်သည်။ ယုဒရှကာရုတ်လည်း ယခုတွင် ဟန်ဆောင်အနမ်းပေး၍ မရနိုင်တော့ပါ။ ပိလက်မင်းလည်း စီရင်ချက်ချ၍ မရနိုင်တော့ပါ။ ဟေရုဒ်မင်းလည်း ပြက်ရယ်ပြု၍ မရတော့ပါ။ အဘယ်ရန်သူမှ မမှီနိုင်တော့သော အထက်ကောင်းကင်သို့ ကိုယ်တာ်တက်ရူအးကတော်မူပြီးဖြစ်သည်။ဍ

ကိုယ်တော်သည် အသေခံအသွေးသွန်းပြီ ကျွန်ုပ်ကို ကယ်တင်
    ယခုတွင် ခမည်းတာ်ပလ္လင်ထက်သရဖူချီးမြင်ခြင်းခံရပြီ
နာကျင်ခြင်းဝေဒနာမရှိ၊ ငိုရေူအးကးခြင်းလည်းမရှိ
    ဘုရင်တကာတို့၏ဘုရင် အထက်သို့တက်ရူအးကပြီ
(“ရွှေစောင်းတော်တီးလျှက်” အိုင်ဘီအိုင်ဒီ)။

ဤလောက၌ လုပ်ဆောင်ရန်အမှု ခရစ်တော်ပြီးစီးပြီဖြစ်သည်။ လက်ဝါး ကားတိုင်ထက် “အမှုပြီးပြိ”ဟူ၍ ငိုရေူအးကးခဲ့သည်။ ကျွန်ုပ်တို့၏ ကယ်တင်ခြင်းအမှုအတွက် ထပ်မံ၍ လုပ်ဆောင်စရာမလိုတော့ပါ။ ယခုတွင် ကိုယ်တော်သည် အမြင့်ဆုံးသော ယဇ်ပုရောဟိတ်ဖြစ်လျှက် ကျွန်ုပ်တို့အဖို့ ကြားဝင်ဖြန်ဖြေပေးနေပါသည်။ ယခုတွင် ကိုယ်တော်သည် နာမတကာတို့ထက် ကြီးမြတ်သောဘွဲ့နာချီးမြှင့်ခြင်းခံရပါသည်ဍ ထိုသူသည ကျွန်ုပ်တို့ချစ်၍ ကိုးစားသော ခရစ်တော်ပင်ဖြစ်သည်ဍ

ခရစ်တော်အားဖြင့် ရရှိခံစားကြရသော အကျိုးကျေးဇူးတို့ကို ကျွန်ုfပ်တို့ မမေ့မလျော့သင့်ကြပေ။ ခရစ်တော်အား ဖြင့် ကောင်းကြီးမင်္ဂလာများစွာ ကျွန်ုပ်တို့ ခံစားကြရပါသည်။ “ ကိုယ်တော်သည် မြင့်သောအထက်အရပ်သို့ တက်ရူအးကတော်မူပြီ” “ ကိုယ တော်သည် များစွာသောသူတို့ကို ဖမ်းသွားတော်မူသည် အထက်ကောင်းကင်သို့ တက်ရူအးကခြင်းသည် အောင်မြင်ခြင်းပင်ဖြစ်သည်ဍ ကျွန်ုပ်တို့၏ ကယ်တင်ခြင်းသည် ခရစ်တော်အထက်ကောင်းကင်သို့ တက်ရူအးကခြင်း၌ ရှင်းလင်းစွာ သိရကြပါသည်။ ကိုယ်တော်တက်ရူအးကခြင်းကား “အမှုပြီး၍” ဖြစ်သည်။ ခမည်းတော်ဘုရားသခင်၏ လင်္ကျာ တော်ဘက်၌ စံပယ်တော်မူသော ခရစ်တော်ယေရှု၌ ကျွန်ုပ်တို၏ ထာ၀ရအသက်ရှင် တွေ့နေရပါသည်ဍ

၂။ ဒုတိယ၊ ခရစ်တော်အထက်ကောင်းကင်သို့ တက်ရူအးကခြင်းသည် ရန်သူကို အောင်မြင်၍်ဖြစ်သည်။

“ထိုသို့နှင့်အညီ ကျမ်းစာ၌လာသည်ကား မြင့်သောအထက်သို့ တက်ရူအးက တော်မူသဖြင်၊ များစွာသောသူတို့ကို ဖမ်းသွားတော်မူ၍ လူတို့အား စွမ်းရည်သတ္တိများကို ပေးတော်မူသည်ဟု လာသတည်း” (ဧဖက် ၄း၈)။

ကျွန်ုပ်တို့သည် ကျွန်များဖြစ်ခဲ့ကြပါသည်။ စာတန်မာရန်နတ်၏ ကျေးကျွန် များဖြစ်ခဲ့ကြသဖြင့် “ငြင်းဆန်သောသူတို့၌ ပြုပြင်သော ဝိညာဉ်၏အလိုနှင့်အညီ” (ဧဖက် ၂း၂)၌ ရေးသားဖေါ်ပြထားပါသည်။ ကျွန်ုပ်တို့သည့် လောကီတပ်မက်ခြင်း၏ ကျေးကျွန်များဖြစ်ခဲ့သည်။ ဆိုးသွမ်း၍ လိမ်လည်သောစိတ်ဝိညာဉ်၏ လှည့်စားခြင်းကို ခံခဲ့ကြရပါသည်။ သို့သော် ခရစ်တော်၏ “ဖမ်းသွားတော်မူခြင်းခံရသည်”။ သင့်ကို စာတန်မာရ်နတ်က ဖမ်းသွားခဲ့ဖူးသည်ကို ဘယ်တော့မှ မမေ့ပါနှင့်။ သင်သည် မျှော်လင့် စရာမရှိသော အဲဂုတ္တုပြည်၌ရှိ ဣသရေလူတို့ပမာ မာရန်နတ်၏ရက်စက်ခြင်းကို ခံခဲ့ဖူးသည်ကို ဘယ်တော့မှမမေ့ပါနှင့်။ ကျွန်ုပ်တို့၏ ခရစ်တော်ပမာ၊ မောရှေက ကျွန်ဘ၀မှ ကယ်တင်ခဲ့သည်ဍ ကိုယ်တော်၏ အထက်ကောင်ကင်သို့ တက်ရူအးကခြင်းဖြင့် “ကျွန်ုပ်တို့ကို ဖမ်းသွားခဲ့သည်”ဍ အို သန့်ရှင်းသောနာမတော်ကို ချီးမွမ်းကြလော့ဍ

ယနေ့မနက်၌လည်း စာတန်မာရ်နတ်၏ ဖမ်းသွားခြင်းကိုခံရသောသူအချို့တို့ ရှိလိမ့်မည်ဟု ယုံကြည်ပါသည်။ သင်သည် “ထိုဖမ်းမိရာမှ လွတ်ခြင်းသို့ ရောက်သောသူ” (၂တိ၂း၂၆)ဖြစ်သည်။ ခရစ်တော်သည် အထက်ကောင်းကင်ဘုံသို့ တက်ရူအးကတော်မူခြင်း ဖြင့် သင့်အား လွှတ်ခြင်းအခွင့်ကို ပေးနေပြီးဖြစ်သည်ဍ ခရစ်တော်ကို ယုံကြည် ကိုးစားလိုက်ပါ။ သင့်အား မာရန်နတ်၏ ဖမ်းမိရာမှ လွှတ်မြောက်စေမည်ဖြစ်သည်။ သေခြင်းအပြစ်မှ ကင်းလွှတ်စေမည်ဖြစ်သည်ဍ ထိုသို့ ယေရှုသည် ကျွန်ုပ်အတွက် လုပ်ဆောင်ပေးခဲ့သောကြောင့် ၎င်းသည် အမှန်ဧကန်ဖြစ်သည်ဟု ကျွန်ုပ်သိနေပါသည်ဍ “ကိုယ်တော်သည် ကျွန်ုပ်ကို ဖမ်းသွားပြီး” ကြီးမားသော လက်ရုံးတော်ဖြင့် ကယ်တင် ခဲ့ပါသည်ဍ

နှစ်မြှပ်ခြင်းမှ ကျွန်ုပ်အား ကယ်တင်ပေးပြီ
    နူးညံ့သိမ်မွေ့စွာဖြင့် ကယ်မသနား
ညဉ့်နက်အမှောင်ထုမှ ကယ်တင်သနား
    အိုချီးမွမ်း နာမတော်ကိုချီးမွမ်း
(၁၈၅၆-၁၉၃၂ ချားလ်အိပ်ခ်ျဂါဗြေလ သီကုံးသော “ကယ်တင်မူပြီ”)။

၃။ တတိယ၊ ခရစ်တော်အထက်ကောင်းကင်သို့ တက်ရူအးကခြင်းဖြင့် ကျွန်ုပ်တို့ အား စွမ်းရည်သတ္တိပေးသနား။

ကျမ်းစာတော်၌လာသည်ကား

“ထိုသို့နှင့်အညီ ကျမ်းစာ၌လာသည်ကား မြင့်သော အထက်သို့ တက်ရူအးကတော်မူ သဖြင့် များစွာသောသူတို့ကို ဖမ်းသွားတော်မူ၍ လူတို့အား စွမ်းရည်သတ္တိများကို ပေးသနားတော်မူသည်ဟုလာသတည်း” (ဧဖက် ၄း၈)။

ဧဖက်အခန်းကြီးလေး၌ ကျွန်ုပ်တို့ဖတ်ကြည့်သောအခါ ခရစ်တော်အထက် ကောင်းကင်ဘုံသို့ တက်ရူအးကခြင်းဖြင့် ပေးထားသောစွမ်းရည်သတ္တိများကို အောက်ပါ အတိုင်း တွေ့ရပါသည်။

“ဆင်းသက်တော်မူသောသူသည် အခြားသောသူမဟုတ်၊ အာလုံးစုံတို့ကို ပြည့်စုံ စေခြင်းငှါ ခပ်သိမ်းသော ကောင်ကင်တို့၏ အထွဋ်ကိုလွန်၍ တက်ရူအးကတော် မူသော သူဖြစ်သတည်း။ ခရစ်တော်၏ ကိုယ်တော်ကို တည်ဆောက်၍ ဓမ္မဆရာ၏ အမှုကိုပြုတတ်မည့်အကြောင်း သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်း အလို့ငှါ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌၎င်း၊ အချို့တို့ကို ပရောဖက်အရာ၌၎င်း၊ အချို့တို့ကို သင်းအုပ်အရာ၌၎င်း၊ ဆရာအရာ၌၎င်း၊ ခန့်ထားတော်မူ၏” (ဧဖက် ၄း၁၀-၁၁)။

ကိုယ်တော်သည် ကျွန်ုပ်တို့အား တမန်တော်များကို ပေးထားသဖြင့် ထိုသူတို့ ရေးသားထားသောကျမ်းများကို ကျွန်ုပ်တို့ဖတ်ကြရပါသည်။ ပရောဖက်များကို ပေးသနားတော်မူသဖြင့် ကျွန်ုfပ်တို့အား သတိရှိစေခဲ့ပါသည်။ ဧဝံဂေလိသတင်းကောင်း ဝေငှဖို့ ဧဝံဂေလိဆရာကို ကျွန်ုပ်တို့အား ပေးထားခဲ့ပါသည်။ အသင်းတော်ကို အုပ်ချုပ်ဖို့ရန် သင်းအုပ်ဆရာကို ပေးထားခဲ့ပါသည်။ သမ္မာကျမ်းစာစောင်ကို သွန်သင်ဖို့၊ လက်တွ့အသုံးပြုတတ်ဖို့ ဆရာများကို ပေးထားခဲ့ပါသည်။ ကိုယ်တော်သည် စွမ်းရည်သတ္တိရှိသောသူတို့ကို ကျွန်ုfပ်တို့အား ပေးထားခဲ့ပါသည်ဍ

“ငါတို့ရှိသမျှသည် ယုံကြည်ခြင်းသို့၎င်း၊ ဘုရားသခင်နှင့်သားတော်ကို သိကျွမ်းခြင်းနှင့်၎င်း တညီတညွတ်တည်းရောက်၏ ခရစ်တော်၏ ပြည့်စုံခြင်း ပမာဏအရပ်တည်းဟူသော ကြီးရင့်သောလူအဖြစ်သို့ ရောက်ကြသည်တိုင်အောင် ဖြစ်သတည်း၊ အကြောင်းမူကား သူတစ်ပါးတို့သည် ပရိယာယ်နှင့်အပြစ်သို့ သွေးဆောင်ခြင်းငှါ လှည့်ဖြားပြောဆိုသဖြင့် ငါတို့သည် နောက်တဖန် ခပ်သိမ်းသော ဩဝါဒလေတိုက်၍ ဖရိုဖရဲလွင့်သွားသောသူငယ် မဖြစ်ပဲလျက် မေတ္တာစိတ်နှင့် သမ္မာတရားကိုဟောပြောသဖြင့် ဦးခေါင်းတည်းဟူသော ခရစ်တော်မှာ အရာရာတို့၌ ကြီးပွားကြမည့်အကြောင်းတည်း။ ထိုဦးခေါင်းမှ အစစ်အပိုင်းများတို့သည် အားဖြည့်သဖြင့် တကိုယ်လုံးသည် စေ့စပ်ထုံးဖွဲ့လျှက် အသီးသီးအင်္ဂါများကိုယ်ငန်းကိုယ်တာ အတိုင်း ပြုပြင်သည်နှင့်အညီ မိမိကိုယ်ကို မေတ္တာ၌တည်ဆောက်ခြင်းငှါ ကြီးပွားစေတတ်၏။” (ဧဖက် ၄း၁၂-၁၆)

အာမင်ဍ တမန်တော်တို့၏ ဩဝါဒစာများကို ဖတ်ကြပါ။ ၎င်းဩဝါဒများသည် ခရစ်တော် အထက်သို့ တက်ရူအးကခြင်းကြောင့် ရရှိလာသော စွမ်းရည်သတ္တိများ ဖြစ်ကြပါသည်ဍ ပရော ဖက်တို့၏ စကားသံကိုနားထောင်ပြီး အကျိုးကျေးဇူးများကို ရယူပါ။ ထိုသူတို့၏ နှုတ်ထွက်စကားသည် ခရစ်တော်အထက်သို့ တက်ရူအးကခြင်းကြောင့် ရရှိလာသော စွမ်းရည်သတ္တိများ ဖြစ်ကြသည်။ သင်၏သင်းအုပ်ဆရာပြောစကားကို နားထောင်၍ ဘုရားသခင်ကို ကျေးဇူးတင်လိုက်ပါ။ ထိုသူသည် ခရစ်တော်အထက်အရပ်သို့I တက်ရူအးကခြင်းကြောင့် ရရှိလာသော စွမ်းရည်သတ္တိများ ဖြစ်ကြပါသည်။ သင့်ကိုသင်ကြားလမ်းညွှန်ပေးသော ဆရာအားလည်း ထို့အတူပြုပါ။ ထိုဆရာတို့သည် ခရစ်တော်အထက်သို့ တက်ရူအးကခြင်းကြောင့် ရရှိသောစွမ်းရည် သတ္တိများဖြစ်ကြပါသည်ဍ “ကိုယ်တော်သည် လူတို့အား စွမ်းရည်သတ္တိများပေးတော်မူသည်”မှာ အမှန်ပင် ဖြစ်ပါသည် နာမတော်ချီးမွမ်းကြလော့ဍ

ခရစ်တော်ဘုရားအထက်ကောင်းကင်သို့ တက်ရူအးကခြင်းဖြင့် ရရှိလာသော ကြီးမားသော ဂတိတော်ကား ကိုယ်တော် ဒုတိယအကြိမ်ရူအးကလာမည်ဟူသော ကတိတော်ပင်ဖြစ်သည်။ ကိုယ်တော် ဤလောကသို့ ရူအးကလာတော်မူခြင်းသည် အထက်ကောင်းကင်သို့ တက်ရူအးကဖို့ရန်ဖြစ်ပြီး အထက်ကောင်းကင်သို့ တက်ရူအးကခြင်းသည်လည်း ပြန်လည် ရူအးကလာဖို့သေချာစေပါသည်။ ယေရှုမိန့်တော်မူသည်ကား

“ငါသည်သွား၍ သင်တို့နေရာအခန်းကို ပြင်ဆင်ပြီးမှ တဖန်ပြန်လာ၍ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့သိမ်းဆည်းမည်” (ယောဟန် ၁၄း၃)။

ကိုယ်တော်ဒုတိယအကြိမ် ပြန်လည်ရူအးကလာမည်ဟူသော ကတိတော်သည် စစ်မှန်သောယုံကြည်သူတို့အဖို့ ကြီးမားသောစွမ်းရည်သတ္တိများဖြစ်သဖြင့် “ညီအစ်ကို မျှောလင့်ခြင်းမရှိသော အခြာသူတို့၏ ဝမ်းနည်းသကဲ့သို့ သင်တို့သည် ဝမ်းမနည်းမည့်အ အကြောင်း” (၁သက်၄း၁၃)ဟူ၍ လာပါသည်။ လောကီသားတို့၌သာ မျှော်လင့်စရာ ရှိပါသည်။

“သခင်ဘုရားသည် ရေူအးကးကြော်ခြင်း၊ ကောင်းကင်မင်းအသံပေးခြင်း၊ ဘုရားသခင် ၏ တံပိုးတော်ကိုမှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တော်တိုင် ဆင်းသက် တော်မူ၍ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးပြန်ရှင်ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ ကျန်ရူအးကင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ်နေရကြလိမ့မည်။ သို့ဖြစ်၍ စကားများအားဖြင့် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သက်သာစေကြလော့” (၁သက် ၄း၁၆-၁၈)။

ထိုအရာများသည် ကျွန်ုပ်တို့၏မျှော်လင့်ရာဖြစ်သည်။ “အကြောင်းမူကား မင်္ဂလာရှိသော မျှော်လင့်ရာကို၎င်း ကြီးမြတ်သောဘုရားသခင်တည်းဟူသော ငါတို့ကို ကယ်တင်တော်မူသော အရှင်ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်းကို ၎င်း ငါတို့သည် မျှော်လင့်လျှက်” (တိတု ၂း၁၃) ဟူ၍ လာပါသည်။ ခရစ်တော်အထက် ကောင်းကင်ဘုံသို့ တက်ရူအးကတော်မူခြင်းဖြင့် ကြီးမားသော “မင်္ဂလာရှိသော မျှော်လင့်ရာ” သည် ဤလောကအဖို့ ကြီးမားသောစွမ်းရည်သတ္တိများဖြစ်လာပါသည်။ အထက် ကောင်းကင်ဘုံသို့ တက်ရူအးကတော်မူသကဲ့သို့ ပြန်လည်ဆင်းသက်လာမည်မှာ မုချပင်ဖြစ်သည်ဍ အထက်ကောင်းကင်သို့ ခရစ်တော်တက်ရူအးကစဉ်တွင် ကောင်းကင်တမန် တို့က “သင်တို့နှင့်ခွါ၍ ကောင်းကင်ဘုံသို့ဆောင်ယူခြင်းကို ခံရသော ထိုယေရှုသည် သင်တို့မျက်မှောက်၌ကောင်းကင်သို့ရူအးကသွားတော်မူသည့် နည်းတူတဖန်ရူအးကလာတော်မူ လတ္တံဟုပြောဆို၏” (တမန်တော် ၁း၁၁) ဟူ၍ လာပါသည်။ အာမင်ဍ

ကိုယ်တော်တဖန်ရူအးကဆင်း
    ကိုယ်တော်တဖန်ရူအးကဆင်း
ကိုယ်တော်တဖန်ရူအးကဆင်း
    ကိုယ်တော်တဖန်ရူအးကဆင်း
(၁၈၇၁-၁၉၃၇၊ ဂျွန်ဘယ်လ်ဂျွန်စတုန်းကန့်သ် သီကုံးရေးသားသော
      “ကိုယ်တော် တဖန်ရူအးကဆင်း”။

ခရစ်တော်သည် အထက်ကောင်းကင်ဘုံသို့ တက်ရူအးကတော်မူခြင်းသည် တဖန်ပြန်လည်၍ လောက၌ ရူအးကဆင်းလာမည်ကို သေချာစေပါသည်။ ထိုမင်္ဂလာရှိသော မျှော်လင့်ရာသည် ခရစ်တောအထက်ကောင်းကင်သို့ တက်ရူအးကခြင်းဖြင့် သူ၏လူတို့အား ပေးသနားတော်မူသောစွမ်းရည်သတ္တိများဖြစ်သသည်။”မျှော်လင့်ခြင်းမရှိသော သူတို့ကဲ့သို့I ဝမ်းမနည်းမည့်အကြောင်း”ဟူ၍ ရေးသားဖါ်ပြထားပါသည်။ ၎င်းသည် ကြီးမားသော စွမ်းရည်သတ္တိပင်ဖြစ်သည်ဍ အာမင်ဍ အာမင်ဍ ထိုထက်ပိုသောအရာများ ရှိပါသေးသည်။ မယုံကြည်သောသူတို့အဖို့ ခရစ်တော်ဘုရား ဤလောကသို့ ဝိညာဉ်တော်ကို စေလွှတ်ထားပါသည်။ ယေရှုမိန့်တော်မူသည်ကား၊

“ငါအမှန်အကန်ဆိုသည်ကာ ငါသွားလျှင်သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်း မူကား ငါမသွားလျှင် ဥပစ္ဈယ်ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့စီသို့ ငါစေလွှတ်မည်။ ဥပစ္ဈယ်ဆရာသည် ရောက်လာလျှင် ဒုစရိုက်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း အပြစ်စီရင်ခြင်းကို၎င်း လောကီသား တို့အား ထင်ရှားစွာဖေါ်ပြမည်” (ယော ၁၆း၇-၈)။

အထက်အရပ်ကောင်းကင်သို့ တက်ရူအးကတော်မူသော ယေရှုခရစ်မိန့်တော် မူသည်ကား “ဥပစ္ဈယ်ဆရာကို သင်တို့ဆီသို့ ငါစေလွှတ်မည်”ဟူ၍ မိန့်ဆိုပါသည်။ “လောကီသားတို့၏အပြစ်ကို တင်ရှားဖေါ်ပြခြင်ငှါ “သန့်ရှင်းသောဝိညာဉ်တော်ကို ယေရှုစေလွတ်ခြင်းဖြစ်သည်။ သေးငယ်သောအမှုကိုဆောင်ရန် စေလွှတ်ခြင်းမဟုတ်ပါ။ “ကြီးမားသောအမှုတော်” ဆောင်ဖို့သန့်ရှင်းသောဝိညာဉ်တော်ကို စေလွှတ်ခြင်းဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်ကို စေလွှတ်ခြင်းသည် သင့်အပြစ်ဖေါ်ပြရန် အထူး စေလွှတ်ထားခြင်း ဖြစ်သည်။ သင်သည် အပြစ်ရှိကြောင်း ခံစားလာသောအခါ၊ သင်သည် “ထူးဆန်း”တုန်လှုပ်နေမည်ဖြစ်သည်။ ထိုသို့ခံစားလာရခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်က သင့်အထဲ၌ အလုပ်လုပ်နေ၍ဖြစ်သည်။ ထိုသန့်ရှင်သော ဝိညာဉ်တော်က သင်၏အပြစ်ကို ဖေါ်ပြ၍ အပြစ်စီရင်ခြင်းခံရမည်ကို အသိပေးနေ၍ဖြစ်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်က သင်၏အပြစ်ကိုဖေါ်ပြသောအခါ သင်သည် သင့်အပြစ် ဆေးကြောရန် ခရစ်တော်၏ အသွေးတော်ကို လိုအပ်နေမည်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏အရှိန်ကို မငြိမ်းစေကြနှင့်။ ထိုဝိညာဉ်တော်၏ ပဲ့ပြင်မှုကို ခံယူပြီး ယုံကြည်ခြင်းဖြင့် ယေရှုထံတိုးဝင်ချဉ်းကပ်ပါ။ ခရစ်တော်သည် သင်၏အပြစ်ကို ခွင့်လွှတ်ပြီး ဘုရားသခင်၌ ငြိမ်းသက်ခြင်းကို သင့်အားပေးတော်မူလိမ့်မည်။

“ထိုသို့နှင့်အညီ ကျမ်းစာ၌လာသည်ကား မြင့်သော အထက်သို့ တက်ရူအးကတော်မူ သဖြင့်များစွာသောသူတို့ကို ဖမ်းသွားတော်မူ၍ လူတို့အား စွမ်းရည်သတ္တိများကို ပေးသနားတော်မူသည်ဟုလာသတည်း (ဧဖက် ၄း၈)။

ခရစ်တော်ဘုရားက ကျွန်ုပ်တို့အား ပေးအပ်ခဲ့သော ကြီးမားသော စွမ်းရည်သတ္တိများက အသွေးတော်ပင်ဖြစ်သည်။ဍ ခရစ်တော်၏ အသွေးတော်သည် ယခုပင်သင့်အဖို့ အစွမ်းသတ္တိရှိနေဆဲပင်ဖြစ်သည်။ အထက်အရပ်ကောင်းကင်ဘုံ၌ သင်ရောက်ရှိနိုင်ဖို့ရန် တတ်စွမ်းနိုင်သည်။ သမ္မာကျမ်းစာ၌လာသည်ကား “ယေရှုခရစ်၏အသွေးတော်သည် ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏” (၁ယော ၁း၇)။ သင်သည် ယေရှုကို ယုံကြည်စဉ်တွင် သခင့်အသွေးတော်သည် သင်၏အပြစ်ကို ဆေးကြောတော်မူမည်ဖြစ်သည်။ ထိုအခါ သင်သည် အထက်ကောင်းကင်ဘုံသို့ ထာ၀ရဘုရားနှင့် အတူရှိနေမည်ဖြစ်သည်ဍ သခင့်အသွေးတော်ဖြင့် သင့်အပြစ်ရှိသမျှ ဆေးကြောပြီး သင်၏ ကယ်တင်ရှင်ကို သိနားလည်နိုင်ဖို့ ကျွန်ုပ်တို့ အစဉ် သင့်အဖို့ ဆုတောင်းပေးပါသည်ဍ အာမင်ဍ

အကယ်၍ သင်သည် ကယ်တင်ခြင်းစိတ်ချမှုနှင့်ပါတ်သက်၍ ပိုမိုသိရှိလိုပါက အနောက်ဘက်ဆွေးနွေးခန်းထဲသို့ သီချင်းနံပါတ်၇ကို သီဆိုနေစဉ် လှမ်းလာခဲ့ပါ။ ထိုနေရာ၌ ဒေါက်တာကေကန်က ဦးဆောင်ဆွေးနွေးပြီး သင့်အဖို့ ဆုတောင်း ပေးပါလိမ့်မည်။ ကျွန်ုပ်တို့သီချင်းသီဆိုနေစဉ် ဆွေးနွေးခန်းသို့ ရူအးကလှမ်းကြပါ။

ယေရှုနာမချိုသာလှကြောင်းသိ၏။
    မေတ္တာတော်ဖြင့် အစဉ်အမှုပြု၏
ထို့ကြောင့် ကိုယ်တော်ကို အကျွန်ုပ်ချစ်၏
    အိ ယေရှုနာမချိုသာလှကြောင်း အကျွန်ုပ်သိ
(၁၉၂၄ လေလာလောင်း သီကုံးသော “ယေရှုနာမချိုလှကြောင်းသိ”)။

ကျေးဇူးပြု၍ ဒေါက်တာကေကန်ဆုတောင်းပါ။


စာရေးသားလျှင် မည်သည့် တိုင်းပြည်က စာရေးသားသည်ကို ပြောပြရမည်၊ သို့မဟုတ်လျှင် ပြန်လည်ဖြေကြား နိူင်မည်မဟုတ်ပါ။ ဤတ ရားဒေသနာ အားဖြင့်ခွန်အားရလျှင် စာရေးသားပြီးပြောပြပါ။ သို့သော် မည်သည့်တိုင်းပြည်က ရေးသားသည်ကို အမြဲတမ်း ထည့်သွင်းရေးသားပေးပါ။ ဒေါက်တာ Hymers ၏ အီးလ်မေး လိပ်စာမှာ rlhymersjr@sbcglobal.net (နှိပ်ပါ)၊ ဒေါက်တာ Hymers ကို မည်သည့်ဘာသာ စကားနှင့်မဆို စာရေးသားနိူင်သည်၊ သို့သော် ဖြစ်နိူင်လျှင် အင်္ဂလိပ်လိုရေးသားပါ။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် စာတိုက်သေတ္တာ အမှတ် ၁၅၃၀၈၊ လော့အိန်ဂျယ်၊ စီအေ ၉၀၀၁၅၊ ဖုန်း ဆက်လိုသောအခါ ( ၈၁၈)၃၅၂-၀၄၅၂။ တရားဒေသနာနိဂုံး သင်သည် ဒေါက်တာ Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်တွင် www.sermonsfortheworld.com ဖြင့် အပတ်တိုင်းကြည့်ရှုနိူင်သည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။ ဤတရားဒေသနာစာမူများသည် မူပိုင်မဟုတ်ပါ။ ဒေါက်တာ Hymers ၏ခွင့်ပြုချက်မလိုဘဲ အသုံးပြုနိူင်ပါသည်။ သို့ရာတွင် ဒေါက်တာ Hymers ၏ ဗွီဒီယိုတရားဟောချက် များကိုမူ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုနိူင်သည်။

(တရားဒေသနာနိဂုံး)
သင်သည် ဒေါက်တာ Hymer ၏တရားဒေသနာကို အင်တာနက်ပေါ်တွင်
www.sermonsfortheworld.com ဖြင့်
အပတ်တိုင်းကြည့်ရှုနိူင်သည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။

ဤတရားဒေသနာစာမူများသည် မူပိုင်မဟုတ်ပါ။ ဒေါက်တာ Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲ စာအားဖှငျ့လညျး အသုံးပြုနိူင်ပါသည်။ သို့ရာတွင် ဒေါက်တာ Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်
များကိုမူ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုနိူင်သည်။

တရားဒေသနာတော်မတိုင်ခင် မစ္စတာအေဘေလ်ဘရုဒ်ဟုန်းမီမှ ဧဖက် ၄း၄-၁၃ ကို ဖတ်ကြားပေးပါသည်။
ဒေသနာတော်မတိုင်ခင် မစ္စတာဘင်ဂျမင်ခင်ကိတ်ဂရိဖက်စ်မှ (၁၈၃၆- ၁၈၇၉
        ခုနှစ်ပရင့်စီအာရ်ဟဗာဂေလ် သီကုံးရေးသားသော “သစ္စာရှင်မင်း”ဟူသော ဓမ္မသီချင်းကို
           သီဆိုပေးပါသည်။


အခှပှေုကမြွး

ခရစ်တော်ဘုရား ကောင်းကင်ဘုံသို့ တက်ရူအးကတော်မူခြင်း

ဒေါက်တာအာရ်အယ်လ်ဟိုင်မာဂျေအာရ်ဟောကြားသည်။

“ထိုသို့နှင့်အညီ ကျမ်းစာ၌လာသည်ကား မြင့်သောအထက်သို့ တက်ရူအးကတော်မူ သဖြင့်၊ များစွာသောသူတို့ကို ဖမ်းသွားတော်မူ၍ လူတို့အား စွမ်းရည်သတ္တိများကို ပေးတော်မူသည်ဟု လာသတည်း”(ဧဖက် ၄း၈)။

(ဆာလံ ၆၈း၁၈၊ ဟေရှာယ ၅၃း၃၊ လုကာ ၂၂၊း၄၄၊ ဖိလပ္ပိ ၂း၈၊
ဧဖက် ၄း၉၊ မဿဲ ၂၇း၄၆၊ တမန် ၁း၃၊ လုကာ ၂၄း၄၂၊ ၄၃၊ ၃၉၊ ဘြွမ ။တြွမန်တော် ၁း၉)။

၁။   ပထမ၊ ခရစ်တော်အောင်မြင်ခြင်းဖြင့် အထက်ကောင်းကင်ဘုံသို့ တက်ရူအးကခြင်း။ ဧဖက် ၆း၁၂၊ ဟေရှာယ ၅၃း၁၂၊

၂။   ဒုတိယ၊ ခရစ်တော်အထက်ကောင်းကင်သို့ တက်ရူအးကခြင်းသည် ရန်သူကို
အောင်မြင်၍ဖြစ်သည်။ ဧဖက် ၂း၂၊ ၂တိ ၂း၂၆

၃။   တတိယ၊ ခရစ်တော်အထက်ကောင်းကင်သို့ တက်ရူအးကခြင်းဖြင့် ကျွန်ုပ်တို့အား စွမ်းရည်သတ္တိများပေးသနား ဧဖက် ၄း၁၀၊ ၁၁၊ ၁၂-၁၆၊ ယောဟန် ၁၄း၃၊ ၁သက် ၄း၁၃၊ ၁၆-၁၈၊ တိတု ၂း၁၃၊ တမန် ၁း၁၁၊ ယောဟန် ၁၆း၇-၈၊ ၁ယော ၁း၇