Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ခရစ္စမတ်(စ်)ပွဲတော်၌ ခရစ်တော်ကို ရှာဖွေခြင်း

SEEKING CHRIST AT CHRISTMAS
(Burmese)

ဒေါက်တာအာရ်အယ်လ်ဟိုင်မာဂျေအာရ်၏
by Dr. R. L. Hymers, Jr.

၂၀၁၂၊ခုနှစ်၊ ဒီဇင်ဘာလ ၂၃ရက်၊ လော့စ်အိန်ဂျယ်လိတ်မြို့၊ တဲတော်နှစ်ခြင်းအသင်းတော်၊ သခင်ဘုရားနေ့၊ နံနက်ပိုင်းဝတ်ပြုအစည်းအဝေး၌
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, December 23, 2012


ခရစ္စမတ်(စ်)ပွဲတော်ကို ကျွန်ုပ်အရမ်းကြိုက်နှစ်သက်ပါတယ်ဍ ဒီနေ့မနက် အားလုံးကို ကျန်းကျန်းမာမာနှင့် တွေ့ဆုံရသောကြောင့် တကယ်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်ဍ အသင်းသူအသင်းသားများအားလုံး ပါဝင်နိုင်သောကြောင့် ကျေးဇူးလည်း တင်လျှက်ပါဍ ဒီနေ့ညနေ (၅း၃၀)နာရီအချိန်တွင် ခရစ္စမတ်(စ်)ပွဲတော် ညနေစာအတူတူ သုံးဆောင်ဖို့ မိတ်ဆွေများတက်ရောက်နိုင်ကြလိမ့်မည်ဟု မျှော်လင့်ပါတယ်။ မင်္ဂလာရှိ သောနာရီအချိန်ပါဍ အားလုံးအတွက် မယ်ရီခရစ္စမတ်(စ်)ဖြစ်ပါစေဍ အင်တာနက်မှတစ်ဆင့် ကြည့်ရှုအားပေးကြသော ဓမ္မမိတ်ဆွေအယောက်စီတိုင်းကို ဘုရားသခင်ကောင်းကြီးပေး ပါစေသော်။ ခရစ္စပွဲတော် ပျော်ရွှင်စွာပါဝင်ဆင်နွဲနိုင်ကြပါစေဍ

ဒီနေ့မနက် ကျွန်ုပ်နှင့်အတူ ယေရမိအခန်းကြီး ၂၉း၁၃ကို ဖွင့်ထားစေလိုပါတယ်။ စကော်ဖီလ်သမ္မာကျမ်းစာ စာမျက်နှာ (၈၀၃)၌ ဖြစ်ပါတယ်။

“ငါ့ကိုရှာသောအခါစိတ်နှလုံးအကြွင်းမဲ့နှင့်ရှာလျှင်တွေ့ကြလိမ့်မည်”
(ယေရမိ ၂၉း၁၃)

အားလုံးထိုင်နိုင်ကြပါပြီ။

သမ္မကျမ်းစာတော်မြတ်၌ ဤကဲ့သို့သော ကတိတော်များစွာ ဖေါ်ပြထားပါသည်။ တရားဟောရာကျမ်း ၄း၂၉၌ မောရှေမိန့်ဆိုထားသည်မှာ၊ “သင်တို့၏ဘုရားသခင် ထာ၀ရဘုရားကို တဖန်ရှာလိုသောအခါ စိတ်နှလုံးအကြွင်းမဲ့နှင့်ရှာလျှင် တွေ့ကြလိမ့် မည်” ဟု ဖေါ်ပြထားပါသည်။ “ငါ့ကိုရှာလျှင် တွေ့ကြလိမ့်မည်” ဟူသည်မှာ သေချာသော ကတိတော်ပင်ဖြစ်သည်။ အကယ်၍ သင်သည်ဘုရားသခင်ကိုရှာဖွေလျှင် အမှန်တကယ် တွေ့လိမ့်မည်ဖြစ်သည်။ ယေရှုဘုရားကလည်း ထိုသို့ သေချာသော ကတိတော်ကို ပေးထားသည်မှာ “ရှာသောသူလည်းတွေ့၏”ဟူ၍ (မဿဲ ၇း၈) ၌ မိန့်တော်မူထားပါသည်။

သို့သော်လည်း ထိုကတိတော်အားလုံးသည် အခြေအနေတစ်ရပ်ကို တောင်းဆိုနေ ပါသည်။ ရှင်မဿဲ ၇း၈၌ တောင်းဆိုသောအခြေအနေကို ဂရိဘာသာ ကရိယာ စကားလုံးအားဖြင့် “ “ ဟူ၍ ပြန်ဆိုထားပါသည်။ ၎င်းစကားလုံး အဓိပ္ပါယ် သည်ကား စိတ်နှလုံးအကြွင်းမဲ့ဖြင့် ရှာဖွေခြင်းကို ဆိုလိုပြီး စိတ်မပါတပါဖြင့် ရှာဖွေ ယုံသာမဟုတ်ချေ။ ယေရမိ ၂၉း၁၃၌ တောင်းဆိုထားသော အခြေအနေတစ်ရပ်ကား၊ “ငါ့ကိုရှာသောအခါ စိတ်နှလုံးအကြွင်းမဲ့နှင့်ရှာလျှင် တွေ့ကြလိမ့်မည်”ဟူ၍ အခြေအနေ တစ်ရပ်ကို တောင်းဆိုထားပါသည်။ တရားဟောရာကျမ်း ၄း၂၉၌ တောင်းဆိုထားသော အခြေအနေကား စိတလုံး ကြွင်းမဲ့ နှင့်ရှာလျှင် တွေ့ကြလိမ့်မည်”ဟူ၍ အခြေအနေ ကို တောင်းဆိုထားပါသည်။ ထို့ကြောင့် ခရစ်တော်ဘုရားကို အစဉ်သဖြင့်တွေ့ရှိနိုင်ဖို့ ရှာဖွေရန် အခြေအနေတစ်ရပ်ကို ဖေါ်ပြထားပါသည်။ အကယ်၍ မိတ်ဆွေ ခရစ်ဘုရားကို တွေ့လိုပါက စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဒုန်းဒုန်းချပြီး ရှာဖွေလိုက်ပါ။ ထို့နောက် ခရစ်တော်အား တွေ့နိုင်ဖို့ အခွင့်အလမ်းများကို ယေရမိ ၂၉း၁၃နှင့် တရားဟောရာကျမ်း ၄း၂၉၌လည်း ဖေါ်ပြထားပါသည်။ ဖေါ်ပြထားသည်မှာ “စိတ်နှလုံး အကြွင်းမဲ့” “စိတ်နှလုံး အကြွင်းမဲ့” ဖြင့် ရှာဖွေရမည်ဟု ဆိုထားပြီး အသိတရားဖြင့်ဟူ၍ မိန့်ဆိုမထားပေ။ ဓမ္မသစ်ကျမ်းစာတော်၌ တမန်တော်ရှင်ပေါလုက မိန့်ဆိုထားသည်မှာ “ဖြောင့်မတ်ရာသို့ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရမည်”ဟု ရောမ ၁ဝး၁၀၌ မိန့်ဆိုထားပါသည်။ အကယ်၍ ထိုအရာများကို သင့်စိတ်နှလုံးထဲ စိတ်ကူးယဉ်သက်သက် သာဆိုလျှင် ဘယ်တော့မှယေရှုကိုတွေ့မည်မဟုတ်ပေ။ ယေရှုအကြောင်းကို လေ့လာယုံ သက်သက်၊ အကြောင်းအရာကို လေ့လာယုံဖြင့် သင်ယေရှုကိုမတွေ့နိုင်ပေ။ (ယခုအခါ တက္ကသိုလ်)ကြီး ဖြစ်သွားပြီဖြစ်သော ကလင်မင်တန်ဘွဲ့လွန်ကျောင်းက Ph.D. ဘွဲ့ကို နှစ်ကြိမ်ဆွတ်ခူးခဲ့သော ဒေါက်တာကေကန်၊ ဒေါက်တာဂျွန်ဟစ်ဒ်ကို ကျွန်ုပ်နှင့် မိတ်ဆက်ပေးခဲ့၏။ ဒေါက်တာဟစ်ခ်သည် ကျော်ကြားသော ပါမောက္ခတစ်ဦးဖြစ်သည်။ သူသည် နုတ်ကပတ်တော်ကို ကိုးစားပြီး အသင်းတော်ကို တည်ထောင်ခဲ့ပါသည်။ သို့သော် သူသည် နောင်တွင်အယူလွဲသူ ဘုရားမဲ့ဝါဒီအသွင် ကူးပြောင်းခဲ့သည်။ မည်သို့ ထိုသို့ဖြစ်လာခဲ့သနည်း၊ ထိုသူသည် ယေရှုဘုရားကို အသိတရားအားဖြင့်သာ သိလိုသူ ဖြစ်ခဲ့သည်။ ထိုသို့ ရှာဖွေခြင်းဖြင့် တွေ့မည်မဟုတ်ပါ။ ဂျွန်ဟစ်ခ်သည် လျှမ်းလျှမ်း တောက် အတွေးမြင့်မားသူဖြစ်၍ သမ္မာကျမ်းစာတော်ကို ဆယ်စုနှစ်များစွာ လေ့လာခဲ့ သူဖြစ်သည်။ မည်မျှပင်ကြိုးစားရှာဖွေခဲ့သော်လည်း ခရစ်တော်ကို မတွေ့ခဲ့ရပေ။ စိတ်နှလုံးနှိမ့်ချခြင်း၊ နှိမ့်ချသောစိတ်ဖြင့် “စိတ်နှလုံးအကြွင်းမ” ရှာဖွေရပါမည်။ ထို့နောက် သင်သည် ကိုယ်တော်အား တွေ့ရှိမည်ဖြစ်ပြီး အသစ်ပြုပြင်ခြင်း ခံရမည်ဖြစ်ပါသည်။ဍ

ဂိုးလ်ဒင်းဂိတ်နှစ်ခြင်းကျမ်းစာကျောင်း၌ မာစတာဒီဂရီကို လေ့လာသောအခါ ဝါကြွားမောက်မာသော ဝိညာဉ်ပျောက်ဆုံးလူသား နှစ်ဦးအား တွေ့ရှိခဲ့ဖူးပါသည်။ ထိုသူ၏ နာမည်မှာ ဂီလ်ဟုခေါ်ပြီး လူဖြူဖြစ်ပါသည်။ အခြားတစ်ယောက်က ကိုရီးယားလူမျိုး ချိန်ဖြစ်ပါသည်။ ထိုသူနှစ်ဦးသည် အလွန်ပင် ထူးချွန်ကြသဖြင့် ဝါကြွား မောက်မာကြ၏။ သို့ပါသော်လည်း အခြားသော ကျောင်းသူ^ကျောင်းသားတို့မူကား ကယ်တင်ခြင်း ရရှိကြသူများ ဖြစ်ကြပါသည်။ ကျွန်ုပ်ဘွဲ့ရရှိပြီးနောက် ထိုသူနှစ်ယောက် တို့သည် နှစ်သက်ဖွယ်လှလှပပ အသက်တာ ပြောင်းလဲနေသည်ကို တွေ့ရပါသည်။ ထိုသူနှစ်ဦးက ကျွန်ုပ်အား ငြင်းခုံပြောဆိုခဲ့ကြ၏။ “အယူကျဉ်းမြောင်းသော ဖန်သမင်တယ်လ်လစ်”ဟူ၍ ပြောဆိုပြောင်လှောင်ခဲ့ကြ၏။ အကြောင်းမှာ ကျွန်ုပ်သည် နုတ်ကပတ်တော်သမ္မာကျမ်းစာကို သိနားလည်၍ ယုံကြည်သက်ဝင်သောကြောင့် ဖြစ်သည်။ နောင်တွင် ထိုသူနှစ်ဦးတို့သည် စစ်မှန်စွာအအသက်တာပြောင်းလဲသောအခါ မျက်ရည်စီးကျလျှက် ကျွန်ုပ်အားတောင်းပန်ခဲ့ကြ၏။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ထိုသူနှစ်ဦးတို့သည် နှိမ့်ချသောအသက်တာအားဖြင့် အသက်ရှင်ခဲ့ကြသည်။ ထိုသူနှစ်ဦး တို့သည် စိတ်နှလုံ့သားဖြင့်ရှာဖွေ၍ ယေရှုကိုတွေ့ရှိခဲ့ကြသည် “ဖြောင့်မတ်ရာ သို့ရောက်ခြင်းငှာ စိတ်နှလုံ့ဖြင့် ယုံကြည်ရမည်” ဟူသတည်း။ ထိုသူနှစ်ဦးအား ဝိညာဉ် ပျောက်ဆုံးသူဖြစ်ကြသည်ဟု စွပ်စွဲပြောဆိုခဲ့သဖြင့် ၎င်းစကားကြောင့် လူသစ် ဖြစ်လာရန် အထောက်အကူ ဖြစ်စေခဲ့သည်ဟု ဆိုကြသည်။ ထိုသို့ အသက်တာ ပြောင်းလဲပြီဟူ၍ သူတို့နှစ်ဦးပြောကြားခြင်းကြောင့်မည်မျှပင်ဝမ်းမြောက်စရာဖြစ်ခဲ့သည် ကို ယနေ့တိုင်အောင် ကျွန်ုပ်မေ့မရပါဍ

ဘုရားသခင်၏အမြင်၌ လူတန်းစားနှစ်မျိုးနှစ်စား တည်ရှိသည်။ စိတ်နှလုံး အကြွင်းမဲ့ဖြင့် ယေရှုဘုရားအား ရှာဖွေတွေ့ရှိသူနှင့် စိတ်နှလုံHYအကြွင်းမဲ့ဖြင့် မရှာဖွေ၊ ယေရှုအား မတွေ့သောသူဟူ၍ လူတန်းစားနှစ်မျိုးသာရှိသည်။ ဟုတ်ပါပေသည်။ ဘုရားသခင်၏အမြင်၌ လူတန်းစားနှစ်မျိုးသာရှိသည်။ ယေရှုဘုရားအား စိတ်နှလုံး သားဖြင့် မရှာဖွေသော ဂျွန်ဟစ်ခ် ကဲ့သို့၎င်း၊ ယခုတွင်စိတ်နှလုံးသားဖြင့် ရှာဖွေ၍ ယေရှု ဘုရားအား တွေ့ရှိခဲ့ကြသော ဂီလ်နှင့်ချိန်တို့နှစ်ယောက်နှင့် ယခင်ကသူတို့ စိတ်နှ လုံးသားဖြင့် မရှာဖွေခဲ့သဖြင့် ယေရှုဘုရားအား မတွေ့ရှိကြသကဲ့သို့ လူတန်းစား နှစ်မျိုးသာရှိသည်။

“ငါ့ကိုရှာသောအခါ စိတ်နှလုံးအကြွင်းမဲ့နှင့် ရှာလျှင်တွေ့ကြလိမ့်မည်”
(ယေရမိ၂၉း၁၃)။

အလွန်လှပပြီး အံ့ဩဖွယ်ကောင်းသော အမှန်တရားကို ခရစ္စမတ်(စ်)ပွဲတော် ပုံပြင်ထဲ၌တွေ့ရပါသည်။ ထိုခရစ္စမတ်(စ်)ပုံပြင်လေးကို တွေးကြည့်သည့်အခါ သမ္မာ ကျမ်းစာတော်ထဲက အမှန်တရား သိသာထင်ရှားနေပါသည်။ ဘုရားသခင်၏အမြင်၌ လူတန်းစားနှစ်မျိုးတည်းသာရှိသည်ကို ရှင်းလင်းစွာ ခရစ္စမတ်(စ်)ပုံပြင်ထဲက တွေ့မြင် နိုင်ပြီး ကလေးသူငယ်ကပင်လျှင် ခြားနားထူးခြားချက်တို့ကို တွေ့မြင်နိုင်မည်ဖြစ် ပါသည်။

၁။ ပထမ၊ စိတ်နှလုံးအကြွင်းမဲ့ဖြင့် ယေရှုဘုရားကို မရှာဖွေသောသူ

ပထမဦးစွာအနေဖြင့် သမ္မာကျမ်းစာတော်၌ နာမည်ဖေါ်ပြမထားသော သူတစ်ဦး ရှိခဲ့ပါသည်။ ထိုသူသည် မည်သူမည်ဝါဖြစ်သည်ဟူ၍ သိရှိနိုင်သည်မှာ သူသည် ယေရှုနှင့် ပါတ်သက်ခဲ့ဖူးသောကြောင့်ဖြစ်သည်။

ပထမခရစ္စမတ်(စ်)အနေဖြင့် မယ်တော်မာရိနှင့်ယောသပ်တို့နှစ်ယောက်သည် ဂါလိလဲနယ်မှ ရောမတို့အား အခွန်ဆက်သရန် ဗက်လင်မြို့သို့ သွားရောက်ခဲ့ကြပါသည်။ ဗက်လင်မြို့သည် အခွန်လာပေးကြသော လူအုပ်တို့နှင့် ပြည့်နှက်လျှက်ရှိပါသည်။ ဗက်လင်မြို့သည် ယနေ့ထိတိုင် မြို့ငယ်ကလေးသာဖြစ်သည်။ မာရိနှင့်ယောသပ်သည် ထိုမြို့သို့ရောက်စဉ် ကိုယ်ဝန်အရင့်အမာ မွေးဖွားအံ့ဆဲရှိလာခဲ့ပါသည်။ သမ္မာကျမ်းစာ တော်မြတ်က “ဧည့်သည်တည်းရာဇရပ်၌ သူတို့နေစရာမရှိ” (လုကာ ၂း၇)၌ဖေါ်ပြထား ပါသည်။ “ဧည့်သည်တည်းခိုရာ“ ထိုဗက်လင်မြို့သည် အလွန်ပင်သေးငယ်သော မြို့ဖြစ်သည်ကို သိသာထင်ရှားပါသည်။ ၎င်းမြို့၌ ဧည့်သည်တည်းခိုရာ ဇရပ်တစ်ခု တည်းသာရှိပြီး လူပြည့်ကြပ်လျှက်ရှိသည်။ ဧည့်သည်တည်းခိုရာဇရပ်ရှင်က သူတို့နှစ်ဦး အား တည်းခိုရန်ငြင်းဆိုခဲ့သည်။ ထိုကဲ့သို့သောသူရှိခဲ့ပါသော်လည်း သမ္မာကျမ်းစာ တော်မြတ်၌ ထိုသူ၏နာမည်ကို ဖေါ်ပြမထားပေ။ မွေးဖွားအံ့ဆဲဆဲရှိသော ကိုယ်ဝန် ဆောင်မိခင်အား သနားခြင်းမရှိဘဲ ရက်စက်စွာတည်းခိုရန်ငြင်းဆန်သော အံ့ဩဖွယ် လူသားပင်ဖြစ်သည်။ မာရိသည်တည်ငြိမ်စွာဖြင့်ဖြည်းဖြည်းချင်းခက်ခဲစွာဖြင့် နွားနှင့် မြည်းအစာကျွေးရာ နွားစခွက်၌ ကလေးငယ်ကို မွေးဖွားခဲ့ပါသည်။

ကျွန်ုပ်သည် ခရစ္စမတ်(စ်)ပြဇာတ်အတွက် ဧည့်သည်တည်းခိုရာ ဇရပ်ရှင်နေရာ၌ သရုပ်ဆောင်နေသော လူငယ်လေးဝါလီအကြောင်း ဖတ်ကြားခဲ့ဖူးပါသည်။ ထိုလူငယ် သည် မိမိသရုပ်ဆောင်နေရာ၌နေပြီး ထိုသူက ယောသပ်အား “ဧည့်သည်တည်းခိုရာ ဇရပ်၌ နေရာမရှိပြန်လှည့်ထွက်ပါ” ဟူ၍ ယောသပ်အား ပြောခဲ့၏။ ယောသပ်နေရာ၌ သရုပ်ဆောင်သောသူက ပြောကြားသည်မှာ “ကျွန်ုပ်အမျိုးသမီး မီးဖွားတော့မလိုပါ” သူ့အတွက် အခန်းအကျဉ်းလေးပင် မရနိုင်ဘူးလား”ဍ ဟူ၍ ပြော၏။ ထိုအခါ မာရိနေရာ ၌သရုပ်ဆောင်သောသူ၏မျက်စိ၌ မျက်ရည်စီးကျနေသည်ကို ဝါလီသည် မြင်သောအခါ သူသရုပ်ဆောင်မည့်အခန်းကဏ္ဍကိုပင် မေ့မျော့ခဲ့ရ၏။ ကန့်လာကာနောက်ကွယ်က သရုပ်ဆောင်တို့အား စကားလုံးထောက်ပံ့ပေးသူက “မိမိအခန်းကဏ္ဍကို ပီပြင်အောင် သရုပ်ဆောင်ပါ”ဟူ၍ ပြောလေတော့၏။ ဝါလီကလည်း “ကျွန်ုပ်တို့၌ နေရာလွတ်မရှိ ပြန်လှည့်ထွက်သွားပါ”ဟူ၍ ပြောခဲ့၏။ မာရိနှင့်ယောသပ်တို့နှစ်ယောက် ပြည်လှည့် ထွက်သွားသောအခါ ဝါလီ၏မျက်စိ၌ မျက်ရည်များဝဲလျှက်ရှိ၏။ ထိုအခါတွင် ဝါလီက ခရစ္စမတ်(စ်)အဓိပ္ပါယ်ကို ပြောင်းလဲစေခဲ့ပါသည်။ ဝါလီသည်ငို၍ပြောကြားရာတွင် “စောင့်ပါဍ ဆက်မသွားပါနဲ့ဍ သူ့အား ကျွန်ုပ် ၏ နေရာအခန်း၌ မွေးခိုင်ပါ” ဟူ၍ပြော၏။ ပွဲကြည့်ပရိသတ်တို့သည် လက်ခုပ်ဩဘာပေးခဲ့ကြ၏။ မည်သူကမှလည်း ဝါလီကြောင့် စိတ်အနှောင့်အယှက် မဖြစ်ခဲ့ကြပေ။ ထိုလူငယ်ကလေးက ခရစ္စမတ်(စ်)ပုံပြင်ကို ပြောင်းလဲပေးသောကြောင့် အားလုံးဝမ်းမြောက်ဝမ်းသာ ခဲ့ကြရသည်ဍ

ကြောက်လန့်ဖွယ်လူယုတ်မာ တည်းခိုးခန်းပိုင်ရှင်တကားဍ ဆိုးသွမ်းမိုက်မဲ သောလူ၊ ဇာတိပကတိလူသားတို့သည် ယေရှုဘုရားကို လက်မခံ မပတ်သက်ချင်ကြဘူး ဆိုတာ သင်နားလည်သဘောပေါက်မည်ထင်၏။ ထိုသို့အကြင်နာမဲ့သော ခရစ္စမတ်(စ်) အဖြစ်အပျက်ကို ဆန်တာမိုနီကာ ပစိဖိတ်ကမ်းရိုးတန်းအပြန် ကားလမ်းမှပေါ်မှ ယခုနှစ် ဖယ်ရှားလိုက်ကြပါ။ အခြားသောလူယုတ်မာတစ်ယောက်လည်း နယူးယောက်ကယ် လီဖိုးနီးယားပြည်နယ် တည်းခိုခန်းက အထီးကျန်ဆန်နေသော ခရစ္စမတ်(စ်)သစ်ပင်ကို ဖျက်ဆီးရန်ကြိုးစားခဲ့၏။ လူဆိုးလူယုတ်မာတစ်ဦးကလည်း ပလေနို၌ရှိသော ခရစ္စမတ် (စ်)သစ်ပင်ကို ဖျက်ဆီးရန်ကြိုးစားခဲ့၏။ လူဆိုးလူယုတ်မာတစ်ဦးကလည်း ပလေနို၌ရှိ ကလေးသူငယ်များ ခရစ္စမတ်(စ်)ကဒ်ကို အာဖဂန်နစ္စတန်နိုင်ငံသို့ ရောက်ရှိနေကြသော ရဲဘော်တို့ထံပို့ပေးရန် တားဆီးခဲ့ကြသည်။ ထိုသို့သော ယုတ်ညံ့သောလူယုတ်မာတို့၌ ယေရှုဘုရားအတွက် ခိုနားရန်နေရာ အမှန်တကယ်မရှိခဲ့ပေ။ ထိုသူတို့သည် မိမိတို့လုပ်ဖော်ကောင်ဖက်များနှင့် ပါတီပွဲများ၌သာ ပျော်မွေ့ခဲ့ကြသဖြင့် ခရစ္စမတ်(စ်) အကြိုညနေ့ နှစ်သစ်ကူးအကြိုညဝတ်ပြုကိုးကွယ်ခြင်းသို့ တက်ရောက်လာဖို့ထိုသူတို့အား ပြောသောအခါ သူတို့သည် အင်တာနက်အားဖြင့် ကျွန်ုပ်အား ဒေါသပေါက်ကွဲလျှက် တုန့်ပြန်ပြောဆိုခဲ့ကြသည်။ ထိုသူတို့အား မနက်ဖြန်ညနေ ခရစ္စမတ်(စ်)ပွဲတော် အကြိုနေ့ ဝတ်ပြုအစည်းအဝေးသို့ တက်ရောက်ဖို့ပြောအခါ ထိုသူတို့က ကျွုန်ုပ်ကို အာဏာ ရှင်းမင်းကြီးတစ်ပါးဟူ၍ ခေါ်ကြသည်။ သို့သော်လည်း သောက်စားပွဲ၊ ဖျော်ဖြေပွဲ သို့သွားရန် ပြောမည်ဆိုပါက မည်သို့မှ ထိုသူတို့ တုန့်ပြန်ပြောဆိုကြလိမ့်မည် မဟုတ် ပေ။ ထိုသို့သောအကြင်နာမဲ့သော တည်းခိုခန်းပိုင်ရှင်တို့၏ နှလုံးသားထဲ၌ ခရစ်တော် ဘုရားမရှိသည်ကို သိကြပါစို့ဍ ထိုသူက မီးဖွားအံ့ဆဲသောသူကို မောင်းထုတ်ပြီး နွားစာကျွေးရာနွားစခွက်၌သာ မွေးဖွားစေခဲ့သည်။ဍ ထိုသို့ ဆိုးသွမ်းမိုက်မဲသောသူတို့ အပေါ် ဘုရားသခင်ဂရုဏာတော် စီးဆင်းပါစေဍ ထိုသို့သောလူဆိုးတို့၏စကားကို နားမ ထောင်ပါနှင့်ဍ မနက်ဖြန်ည ခရစ္စမတ်(စ်)အကြိုဝတ်ပြုအစည်းအဝေး၌ သင်ပါဝင်ပါဍ နှစ်သစ်အကြိုဝတ်ပြုအစည်းအဝေး၌လည်း ပါဝင်လှည့်ပါဍ

ဟေရုဒ်ဘုရင် ရှိခဲ့ဖူးပါသည်။ မာကုပညာရှိတို့က သူ့အား ဂျူးလူမျိုးတို့၏ ဘုရင်သည် ဖွားမြင်လိမ့်မည်ဟု ပြောခဲ့သည်။ ထိုအခါ ရှင်ဘုရင်ကလည်း မည်သည့် အရပ်ဒေသ၌ ယေရှုဖွားမည်ကိုပြောပါ။ ထိုဘုရင်အား ဖူးမျှော်လိုသည်ဟု ဆို၏။ သို့သော် ဟေရုဒ်သည် ယေရှုအား မုန်းတီးသည်။ သူ့နေရာရာထူးပျောက်မည်ကို စိုးရိမ် ၍သာ ထိုသို့ပြောဆိုခြင်းဖြစ်၏။ အကယ်စင်စစ် ဘုရင်သည် ယေရှုအား သတ်ဖြတ် လိုခဲ့သည်။

ယနေ့တွင် ထိုဟေရုဒ်ဘုရင်မင်းကဲ့သို့သောသူများ များစွာရှိပါသည်။ ထိုသူတို့ ကလည်း ယေရှုကို ကိုးကွယ်လိုပါသည်ဟု ဆိုကြ၏။ ထိုသူတို့သည် ဟန်ဆောင်ကာ အသင်းတော်သို့ ရောက်လာကြပြီး သီချင်းဆိုလျှက် ကိုးကွယ်ခဲ့ကြသည်။ ထိုသူတို့သည် မိမိ၌တစ်စုံတစ်ရာ ဆုံးရှုံးမည်ကို စိုးရိမ်၍သာ ထိုသို့ကိုးကွယ်ကြခြင်းဖြစ်သည်။ ထိုသူတို့ သည် ငွေကြေးအတွက်သော်၎င်း သူငယ်ချင်းအပေါင်းအသင်းအတွက်သော်၎င်း တစ်စုံ တစ်ရာအခွင့်ထူး ဆုံးရှုံးရမည်ကို စိုးရိမ်ကြ၍ ကိုးကွယ်ကြခြင်းသာဖြစ်သည်။ ထိုသူတို့သည် ဟန်ဆောင်ပြီး ယေရှုကို ချစ်ကြသော်လည်း တကယ်တော့ ယေရှုကို မလိုလားကြချေ။ ထိုသူတို့သည် ယေရှုကို မရှာဖွေလိုကြချေ။ စိတ်နှလုံးအကြွင်းမဲ့ ယေရှုကို မရှာဖွေကြပေ။

ကျွန်ုပ်တို့သည် ဝတ်ပြုအစည်းပြီးပြီးချင်း တရားဒေသနာတော်ကို တစ်ဦးချင်း စီကို လက်ဆင့်ကမ်းဝေပေးခဲ့၏။ မစ္စတာမန်ဆီယာက ဆွေးနွေးခန်းထဲသို့ ရောက်ရှိ လာသောသူတို့အား ပေးထားသော တရားဒေသနာတော် တစ်ခုစီကို ဖတ်ကြသလားဟူ၍ မေးခဲ့၏။ ထိုသို့မေးသောအခါ “မဖတ်ပါ” ဟူ၍ ပြောကြ၏။ တကယ်တော့ ၎င်းဒေသနာတော်ကိုဖတ်ဖို့ ဆယ့်ငါးမိနစ်သာ အချိန်ကြာမည်ဖြစ်သည်။ ထိုသို့သော သူတို့သည် ဟေရုဒ်နှင့်အလားတူပင်ဖြစ်ကြသည်။ ထိုသူတို့က ငါတို့သည် ယေရှုကို လိုချင်ကြသည်ဟု ပြောဆိုကြသော်လည်း ယေရှုနှင့်တွေ့ဆုံဖို့ ဆယ့်ငါးမိနစ်သာကြာမည့် ဒေသနာကိုမဖတ်လိုကြပေဍ ထိုသို့သောသူတို့သည် ယေရှုနှင့်တွေ့နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်နည်း၊

“ငါ့ကိုရှာသောအခါ စိတ်နှလုံးအကြွင်းမဲ့နှင့်ရှာလျှင် တွေ့ကြလိမ့်မည်”
(ယေရမိ ၂၉း၁၃)။

ဟေရုဒ်ကဲ့သို့ ထိုသူတို့သည် ယေရှုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် မရှာဖွေလိုကြပေ။ ထို့ကြောင့် ထိုသူတို့သည် ယေရှုကို မတွေ့နိုင်ကြပေဍ ၎င်းသည် အရိုးရှင်းဆုံး ပုံပမာပင်ဖြစ်သည်ဍ

ကျမ်းတတ်ပုဂ္ဂိုလ်များ ရှိခဲ့ပါသည်။ ဟေရုဒ်ဘုရင်က ထိုသူတို့အား ယေရှု မည်သည့်နေရာ၌ ဖွားမြင်မည်ကို မေးခဲ့သူများဖြစ်သည်။ ထိုသူတို့သည် ကျမ်းစာကို လေ့လာကြသောသူများ ဖြစ်ကြသည်။ ကျမ်းစာကို နေ့စဉ်နေ့တိုင်း လေ့လာကြသော သူများဖြစ်သည်။ ထိုသူတို့က ယေရှုမည်သည့်နေရာ၌ မွေးဖွားမည်ကိုလည်း သိနားလည်ထားကြသူများဖြစ်သည်။ ထိုသူတို့က ယေရှုသည် မည်သည့်နေရာ၌ မွေးဖွားမည်ကို အကြောင်းပြု၍ မိက္ခာ ၅း၂ ဓမ္မဟောင်းကျမ်းကို ကိုးကားခဲ့ကြသည်။

“အိုဗက်လင်မြို့၊ အစိုးရသောယုဒမြို့တို့သည် သင်သည် မြို့ငယ်မြို့ယုတ် ဖြစ်သော်လည်း ဣသရေလအမျိုးကို အုပ်စိုးရသောသခင်သည် ငါ့အဖို့ သင့်အထဲမှာ ပေါ်ထွန်းလတ္တံ။ ထိုသခင်သည် ရှေ့ကပ်ကမ္ဘာမှစ၍ ပေါ်ထွန်းသော သခင်ဖြစ်၏။” (မိက္ခာ ၅း၂)။

ကျမ်းတတ်ပုဂ္ဂိုလ်တို့သည် “ယေရှုသည် ဗက်လင်မြို့၌ မွေးဖွားလိမ့်မည်”ဟု ပြောဆိုခဲ့ကြသည်။ ထိုသူတို့နေရပ်မှ မိနစ်၃၀ခန့်သာလျှောက်ရသောဗက်လင်မြို့၌ ယေရှုဖွားမြင်မည်ကို သိကြသည်။ ခရစ်တော်ကို ဖူးမျှော်ဖို့ ထိုသူတို့ သွားခဲ့ကြသလား၊ သူတို့ဖူးမျှော်ဖို့ မသွားကြပေ။ ထိုသူတို့သည် သမ္မာကျမ်းစာကိုသာ လေ့လာခဲ့ကြသည်။ သို့သော် ယေရှုကိုတွေ့ဖို့ ရှာဖွေခြင်းငှါ မလိုလားကြပေ။ ထိုအတွက်ကြောင့် သူတို့သည် ယေရှုကို မတွေ့ရကြပေ။ ထိုသူတို့သည် မိနစ်၃၀ခန့်သာလမ်းလျှောက်ပြီး ခရစ်တော် ဘုရားကို သွားမတွေ့လိုကြသဖြင့် ငရဲသို့သာ ကျရောက်ခဲ့ကြသည်ဍ ယနေ့ ထိုကဲ့သို့ သောသူ ရှိကြပါသလား၊ သိပ့်ရှိတာပေါ့။ ထိုသူတို့သည် တနင်္ဂနွေနေ့ ဘုရားကျောင်း ထိုင်ခိုင်၌သာထိုင်ကြပြီး ယေရှုကိုတွေ့လိုသောငှါ မရှာဖွေကြပေ။ အချိုတို့က မိမိတို့သည် ကယ်တင်ခြင်း မရရှိကြသေးသည်ကို သိလျှက်ပင် ကယ်တင်ခြင်းအကြောင်း ဆွေးနွေး မည့်အခန်းထဲသို့ မသွားလိုကြပေ။ ဒေါက်တာချန်တို့ကဲ့သို့၊ မစ္စတာဆလာဇာ ကဲ့သို့ ကယ်တင်ခြင်းမရရှိသေးသည်ကိုသိလျှက်ပင် ယေရှုကို မရှာဖွေလိုကြပေ။ အန်ထော်နီ ကဲ့သို့၊ ဂျက်စ်သို့မဟုတ် ဂျွန်ရှာမွေလကဲ့သို့ မိမိသည် ကယ်တင်ခြင်း မရရှိသေးသည်ကို သိလျှက်ပင် ယေရှုအား မရှာဖွေလိုကြပေ။ ထိုသူတို့၏စိတ်နှလုံးထဲ၌ ခရစ်တော်တည်၍ မနေပေ။ ကျမ်းတတ်တို့သည် ကယ်တင်ရှင်နှင့်တွေ့ဆုံဖို့ရန် ထိုသခင်ဆီသွားဖို့ အပျင်း ထူခဲ့ကြ၏ဍ ထိုသူတို့သည် ကျမ်းစာကို ဖတ်ရွတ်ခဲ့ကြသည်။ တရားဒေသနာ တော်ကိုလည်း အစဉ်တစိုက်ဖတ်ရှုကြ၏။ ထိုသို့သောသူတို့သည် ထိုမျှသာ လုပ်ဆောင်ခဲ့ကြ၏။

“ငါ့ကိုရှာသောအခါ စိတ်နှလုံးအကြွင်းမဲ့နှင့်ရှာလျှင် တွေ့ကြလိမ့်မည်”
 (ယေရမိ ၂၉း၁၃)။

ယေရှုအား သင့်စိတ် နှ လုံး အကြွင်း မဲ့ ဖြင့် ရှာဖွေခဲ့ပါသလား၊ ထိုသို့ မရှာ ဖွေလျှင် သင်သည် ထိုသခင်ကို မတွေ့နိုင်ပါဍ ၎င်းသည် ရိုးရှင်းပါသည်ဍ မစ္စတာ မန်ဆီယာက သင်တို့အား တရားဒေသနာတော်ကို ဖတ်ကြသလားဟုမေးသော အခါ “ဖတ်တော့ဖတ်တယ် နေ့တိုင်းတော့မဟုတ်ပါ”ဟူ၍ သင်တို့ပြောကြ၏။ သင်တို့က တရားဒေသနာတော်ကို ဖတ်ကြားလိုစိတ်မရှိကြ။ ထို့ကြောင့် သင်တို့ခရစ်တော်ကို မတွေ့နိုင်ကြ။ ယေရှုမိန့်တော်မူသည်ကား “ကျဉ်းသောလမ်းကို ကြိုးစား၍ဝင်ကြလော့”ဟု (လုကာ ၁၃း၂၄)၌ မိန့်ဆိုထားပါသည်။ သို့သော် သင်တို့သည် ယေရှုကို ကြိုးစား၍ မရှာလိုကြပေ။ သင်သည် ဘုရားကျောင်းသို့ တက်ရောက်ကြသော်လည်း အပြစ်နွံထဲ အိပ်မောကျလျှက် စိတ်နှလုံးဖြင့် ခရစ်တော်ကို မရှာဖွေကြ။ ထိုသို့ ကျမ်းတတ်ပုဂ္ဂိုလ် တို့လည်း မနိုးတမ်းအိပ်ပျော်ခဲ့ကြသည်။ အဆုံး၌ထိုသူတို့သည်သေဆုံးပြီး ငရဲထဲသို့ ကျရောက်ခဲ့ကြသည်။ ထိုသို့ပင် သင်သည်လည်း ခရစ်တော်အား ကြိုးစားပြီးမရှာဖွေပါက ငရဲထဲသို့ ကျရောက်မည်ဖြစ်သည်။ ဘုရားသခင် သင့်အားနှိုးဆော်ပါစေဍ

“ငါ့ကိုရှာသောအခါ စိတ်နှလုံးအကြွင်းမဲ့နှင့်ရှာလျှင် တွေ့ကြလိမ့်မည်”
 (ယေရမိ ၂၉း၁၃)

၂။ ဒုတိယ၊ စိတ်နှလုံးအကြွင်းမဲ့ဖြင့် ယေရှုကိုရှာဖွေသောသူ

တရားဟောသည့်အချိန်တော့ကုန်ပါပြီ။ အတိုချုံ့ပြီး ဖေါ်ပြပေးပါမည်။ ဦးစွာ ပထမ သိုးထိန်းများရှိခဲ့ပါသည်။ ထိုသူတို့သည် ညဉ့်အခါ မိမိတို့၏သိုးများကို ထိန်းကျောင်းခဲ့ကြသည်။ ကောင်းကင်တမန်တို့သည် ထင်ရှားပြီး ခရစ်တော်သခင်သည် ဗက်လင်မြို့၌မွေးဖွားကြောင်း သတင်းကောင်းပါးခဲ့ပါသည်။ ကောင်းကင်တမန်တို့က သူငယ်သည် အဝတ်နှင့်ပတ်ရစ်၍ နွားစခွက်၌သိပ်ထားလျှက်ရှိသည်ကို တွေ့ကြလိမ့် မည်ဟု ကြိုပြောခဲ့ပါသည်။

ကျွန်ုပ်လည်း သိုးတို့ကျက်စားရာအရပ်၌ ရောက်ရှိခဲ့ဖူးပါသည်။ ယေရှုမွေးဖွား သည့်နေရာနှင့် ၅မိနစ်ခန့်လမ်းလျှောက်ရပါသည်။ သိုးထိန်းတို့သည် ကြားလျှင်ကြားချင်း သွားရောက်ဖူးမျှော်ခဲ့ကြသည်။ မိမိတို့၏သိုးများ မည်သို့ဖြစ်မည်ကိုပင် မစဉ်းစားခဲ့ကြ ပေ။ တောခွေးတို့က တစ်ကောင်းသို့မဟုတ် နှစ်ကောင်ပင်ကိုက်ဖြတ်နိုင်၏။ သူခိုးတို့ ကလည်း သိုးကိုခိုးယူနိုင်၏။ သို့သော်လည်း မည်သို့မျှ ထိုသူတို့ မစဉ်းစားမတွေးတော တော့ဘဲ စိတ်တန်းသွားခဲ့ကြသည်။ သိုးပျောက်လျှင်ပျောက်ပါစေ၊ ယေရှုကိုတွေ့ဖို့က ပို၍အရေးကြီးပါသည် ထို့ကြောင့် နှုတ်ကပတ်တော်၌ မိန့်တော်မူသည်မှာ “အလျှင်အမြန် သွား၍ နွားစခွက်၌သိပ်ထားသော သူငယ်ကိုတွေ့ကြ၏”ဟု (လုကာ ၂း၁၆)၌ မိန့်တော်မူပါသည်ဍ ထိုသူတို့သည် အလျှင်အမြန်သွားကြသည်။ ယေရှုနှင့်တွေ့ဆုံဖို့ မည်သည့်အရာက ထိုသူတို့အား မတားဆီးနိုင်ပါ။ အလျှင်အမြန်သွားကြသည်။ ယေရှုနှင့် တွေ့ဆုံဖို့ မည်သည့်အရာကမှ ထိုသူတို့အား မတားဆီးနိုင်ပါ။ အလျှင်အမြန် သွားကြသည်။ ကျွန်ုပ်တို့လည်း သိုးထိန်းတွေကဲ့သို့ လူငယ်မောင်မယ်များ ယေရှုသခင်ထံ တိုးဝင်ချဉ်းကပ်လာသည်ကို မြင်ဖို့ “မစောင့်ဆိုင်း” နိုင်တော့ပါဍ လာရာသည် ထိုသို့ အလျှင်အမြန် ယေရှုထံ တိုးဝင်ခဲ့သူဖြစ်သည်။ ကေရင်လည်း ထို့အတူဖြစ်၏။ ထိုသူတို့သည် ယေရမိ ၂၉း၁၃၌ မိန့်တော်မူသည့်အတိုင်းပင် မကြာသေးခင်က ယေရှုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ရှာဖွေ၍ တွေ့ရှိခဲ့ကြသူများ ဖြစ်ကြပါသည်ဍ

မာကုပညာရှိများလည်း ရှိခဲ့ပါသည်။ ပညာရှိတို့သည် မိမိအိမ်သူသက်ထားနှင့် သားသမီးတို့အား နှုတ်ဆက်ကာ ကုလားအုတ်ကိုစီးပြီး ဗာဗုလုန်ပြည်မှ ထွက်ရှိလာ ခဲ့ကြသည်။ ထိုသူတို့သည် သွေ့ခြောက်သောသဲကန္တာရကို ဖြတ်ကျော်၍ မိုင်ပေါင်း ခြောက်ရာကို ဖြတ်သန်းလာခဲ့ရပါသည်။ ထိုသူတို့သည် အပူအအေးရာသီဥတုကို ဖြတ်ကျော်လာခဲ့ရပါသည်။ ထိုသူတို့သည် အန္တရာယ်ရန်စွယ်များစွာကို ဖြတ်သန်းခဲ့ရ ပါသည်။ ဘုရားသခင်စေလွှတ်ထားသော လမ်းပြကြယ်နောက် ထိုသူတို့သည် လိုက်လာ ကြပြီး မြောက်ဘက်သဲကန္တာရကို ဖြတ်သန်းလာရပါသည်။ ထိုမှ ယော်ဒန်မြစ် ကိုဖြတ်ကူး၍ ယေရုရှလင်မြို့ထဲသို့ ရောက်ရှိလာကြပါသည်။ ထိုသူတို့သည် သူငယ် တော်ယေရှုကို ဖူးတွေ့ကြပြီး မိမိတို့ယူဆောင်လာသောလက်ဆောင်မွန်တို့ကို ဆက်သ ကြ၏။ ကားမရှိ၊ ရထားမရှိ၊ ကုန်းလမ်းမရှိ၊ တည်းခိုရာမရှိ၊ နားနေဆောင်မရှိ၊ ကုလားအုပ်ကိုသာ စီးရသောထိုသူတို့၏ ဆင်းရဲခြင်းဒုက္ခကို သင်စိတ်ကူးယဉ် စဉ်းစားကြည့်ပါသလားဍ ထိုသူတို့သည် ဝေးလံလှသောနေရာမှ ယေရှုဆီအရောက် လာခဲ့ကြရပါသည်။ ထိုသူတို့သည် လနှင့်ချီကြာ၍ လာကြရမည်ဖြစ်သည်။ ထိုသူတို့ ယေရှုကို လာရောက်ဖူးတွေ့ခဲ့ကြသည်။ မာကုပညာရှိတို့က ကျွန်ုပ်တို့၏ ရွှေကျမ်းချက် အဓိပ္ပါယ်ကို ဖေါ်ဆောင်ပေးခဲ့ကြပါသည်။

“ငါ့ကိုရှာသောအခါ စိတ်နှလုံးအကြွင်းမဲ့နှင့်ရှာလျှင် တွေ့ကြလိမ့်မည်”
 (ယေရမိ ၂၉း၁၃)

ထိုသူတို့သည် ယေရှုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ရှာဖွေခဲ့ကြပါသဖြင့် ကျွန်ုပ်တို့၏ ရွှေကျမ်းချက်၌ မိန့်တော်မူသည့်အတိုင်း ထိုသူတို့သည် ဖူးတွေ့ခဲ့ကြသည်။

ကျွုန်ုပ်သည် မာတုရတို့၏အော်သံဟူသော မဂ္ဂဇင်းကို လစဉ်လတိုင်း လက်ခံ ရရှိခဲ့ပါသည်။ www.persecution.com သို့ ဝင်ရောက်ဖတ်စေလိုပါသည်။ ဒေါ်လာ အနည်းငယ်ပေးသွင်းပြီး မှာယူစေလိုပါသည်။ ကျွန်ုပ်သည် ၎င်းမဂ္ဂဇင်းကို အမြဲ ဖတ်လေ့ရှိပါသည်။ ၎င်းမဂ္ဂဇင်း၌ အိန္ဒိယနိုင်ငံ၊ ဆူဒန်နိုင်ငံ၊ အီသီယိုးပီးယားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ အီရန်နိုင်ငံ၊ ကျူဘားနိုင်ငံ၊ တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံနှင့် အခြားသော နိုင်ငံအသီးသီးမှ လူငယ်များအကြောင်း ဖေါ်ပြပေးထားပါသည်။ အချို့တို့ကိုကား ထောင်ထဲသွင်းချကြ၏။ အချို့တို့ကို မီးရှို့ခဲ့ကြ၏။ အချို့တို့ကိုကား အသေသတ် ခဲ့ကြ၏။ အချို့တို့ကိုကား အဆိပ်ခတ်လျှက် သတ်ခဲ့ကြ၏။ အချို့တို့ကို အက်ဆစ်အရည်များကို မျက်နှာ၌လောင်း၍ အသေသတ်ခဲ့ကြ၏။ သို့သော်လည်း ရာနှင့် ထောင်ချီသော လူငယ်မောင်မယ်တို့သည် ဘုရားသခင်၏သားတော် ယေရှုခရစ်တော် ထံသို့ အသက်တာပြောင်းလဲခဲ့ကြ၏။ ထိုသူတို့သည် မာကုပညာရှိတို့ကဲ့သို့ ဖြစ်ကြ၏။ ဟိန္ဒူဘာသာဝင်လူငယ်များ၊ မူဆလင်ဘာသာဝင်လူငယ်များနှင့် ကွန်မြူနစ်တို့သည် လွန်ခဲ့သော သမိုင်းဖြစ်ရပ်ထက်ပိုသော အသက်တာအသစ်၌ပြောင်းလဲနေသည်ကို တွေ့မြင်ကြရပါသည်။ ခရစ်ယာန်ဘာသာသည် ယနေ့ တတိယနိုင်ငံတို့၌ တဟုန်တိုး တိုးပွားလျှက်ရှိပါသည်။ နေ့နေ့ညည ယနေ့တရုတ်နိုင်ငံရှိလူငယ်များ တစ်နာရီလျှင် လူပေါင်း ၇၀၀ကျော် ခရစ်ယာန်ဖြစ်လာကြပါသည်။ ၎င်းနိုင်ငံတွင် ခရစ်ယာန်ဘာသာဝင် သန်းပေါင်း ၁၂၀ခန့် ရှိနေပြီဖြစ်ပါသည်ဍ မနက်ဖြန်ညနေ၌ ၎င်းအတွေ့အကြုံကို ဒေါက်တာချန်က ပြောပြပေးမည်ဖြစ်၍ မိတ်ဆွေလည်း တက်ရောက်လာနိုင်မည်ဟု မျှော်လင့်ပါသည်ဍ ထိုသူတို့ ခရစ်ယာန်ဖြစ်လာဖို့ စွန့်စားခဲ့ကြရပါသည်။ ထိုသူတို့၏ အပြစ်ကိုလည်း ကယ်တင်ရှင်က ဖြေလွှတ်ပေးခဲ့ပါသည်။ ယေရှုကို ကိုးစားယုံကြည်လာ သောအခါ ဆက်၍ လုပ်ဆောင်စရာများစွာ သူတို့၌ ရှိလာပြီဖြစ်သည်။ ယေရှုကို ယုံကြည်ကိုးစားသောကြောင့် ထိုသူတို့၌ ထာ၀ရအသက်တာ တည်နေပြီဖြစ်သည်။ ကျွန်ုပ်တို့ အမေရိကန်နိုင်ငံ၌ ထိုသို့ခရစ်ယာန်ဖြစ်လာရခြင်းကြောင့် အန္တရာယ်တော့ မရှိပါ။ ကယ်တင်ရှင်က သင့်အား မိန့်တော်မူသည်ကား

“ငါ့ကိုရှာသောအခါ စိတ်နှလုံးအကြွင်းမဲ့နှင့်ရှာလျှင် တွေ့ကြလိမ့်မည်”
 (ယေရမိ ၂၉း၁၃)

ယေရှုသည် သင့်အပြစ်အတွက် ကားတိုင်ပေါ် အသေခံပေးဆပ်ခဲ့ပြီဖြစ်သည်။ သင့်အပြစ်ကြွေးရှိသမျှပေးဆပ်ဖို့ အသွေးတော်ကို သွန်းလောင်းခဲ့ပြီးဖြစ်သည်။ သင့်အား ထာ၀ရအသက်ကိုပေးရန် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့ပြီး ဖြစ်ပါသည်။ ယေရှု သင့်အား အလိုရှိတော်မူသည်မှာ အပြစ်ဇာတိမှ လှည့်ထွက်လာပြီး စိတ်နှလုံး အကြွင်းမဲ့ဖြင့် သူ့အား ရှာဖွေစေလိုပါသည်။ ခရစ္စမတ်(စ်)နံနက်ခင်း၌ သင်သည် ယေရှုဘုရားကို ဖူးတွေ့စေပါမည့်အကြောင်း ကျွန်ုပ်တို့ ဆုတောင်းပေးပါသည်။

ကျေးဇူးပြု၍ သင်တို့၏သီချင်းစာအုပ်နံပါတ်၅ခရစ္စမတ်(စ်)သီချင်းကို သီဆိုကြ ပါစို့။

ရွှင်လန်းဝမ်းမြောက်ဝမ်းသာ၊ သစ္စာစောင့်သူများလာ၊
   ဗက်လင်မြို့တော်သို့ အားလုံးသွားကြကုန်စို့။
ကောင်းကင်ဘုရင် သားတော်ရှင်ကို ဖူးမြင်ဖို့၊
   လာကြ ကိုးကွယ်ကြကုန်အံ့။
လာကြ ကိုးကွယ်ကြကုန်အံ့။

ခရစ်တော်ရှင်သခင်ကို ကိုးကွယ်ကြကုန်အံ့။
   အပျိုကညာဝမ်းမှ ဖွားမြင်သောယေရှု
လူ့ဇာတိအဖြစ် ခံယူတော်မူသော်လည်း၊
   မုချဘုရင်ရှင် လောက၏အလင်းတည်း။
(၁၇၁၀-၁၇၈၉ ခုနှစ်၊ ဟေလသဘာသာစကားဖြင့် ဂျွန်အက်ဖ်ဝဒ် “သီကုံးသော”
   “လာကြတပည့်တော်များကျူး”ကို ၁၈၀၂-၁၈၈၀ ခုနှစ်
   ဖရိတ်ဒရိတ်အုတ်ကလေက ဘာသာပြန်ဆိုသည်။

အကယ်၍သင်သည် သင်၏အပြစ်ခွင့်လွှတ်ခြင်းအကြောင်းနှင့် စစ်မှန်သော ခရစ်ယာန်တစ်ယောက်ဖြစ်လိုပါက ကျွန်ုပ်နှင့်ဖြစ်စေ၊ ဒေါက်တာကေကန်နှင့်ဖြစ်စေ ဆွေးနွေးတိုင်ပင်ဖို့ရန် ဆွေးနွေးခန်းထဲသို့ သွားရောက်ကြပါ။ ဒေါက်တာကေကန်က တိတ်ဆိသောနေရာ၌ သင်နှင့်ဆွေးနွေးပါမည်။ ကျေးဇူးပြု၍ သီချင်းအပိုဒ် ၃ ကို သီဆိုကြပါစို့ဍ

ကောင်းကင်တမန်များတို့ ဝမ်းသာစွာသီချင်းဆို
   ထက်ကောင်းကင်သားများ၊ သီချင်းကျူးအေးကြပါ
ထက်ကောင်းကင်ဘုရား၊ ဘုန်းတော်ကြီးပါစေသား။
   လာကြ ကိုးကွယ်ကြကုန်အံ့။
လာကြ ကိုးကွယ်ကြကုန်အံ့။
   ခရစ်တော်ရှင်သခင်ကို ကိုးကွယ်ကြကုန်အံ့။

ကျေးဇူးပြု၍ ဒေါက်တာကေကန်ဆုတောင်းပါ။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

-တရားဒေသနာမတိုင်ခင်၊ မစ္စတာဂျူဒေါင်လီးမှ ရှင်မဿဲ ၂း၁-၁၁ ကို ဖတ်ကြားပေးပါသည်။
-တရားဒေသနာတော်မတိုင်ခင် မစ္စတာဘင်ဂျမင်ခင်ကိတ်ဂရိဖက်ဖ်မှ
(၁၈၃၇- ၁၈၉၃ ခုနှစ်၊ ဖိလိရုခ် သီကုံးရေးသားသော “ ဗက်လင်မြို့ငယ်ကျူး” ဟူသော ဓမ္မသီချင်းကို သီဆိုပေးပါသည်။


အခှပှေုကမွှး

ခရစ္စမတ်(စ်)ပွဲတော်၌ ခရစ်တော်ကို ရှာဖွေခြင်

ဒေါက်တာအာရ်အယ်လ်ဟိုင်မာဂျေအာရ်ဟောကြားသည်။

“ငါ့ကိုရှာသောအခါ စိတ်နှလုံးအကြွင်းမဲ့နှင့်ရှာလျှင် တွေ့ကြလိမ့်မည်”
(ယေရမိ ၂၉း၁၃)

(တရားဟောရာကျမ်း ၄း၂၉၊ မဿဲ ၇း၈၊ ရောမ ၁ဝး၁၀)

၁။ ပထမ၊ စိတ်နှလုံးအကြွင်းမဲ့ဖြင့် ယေရှုကိုမရှာဖွေသောသူ လုကာ ၂း၇၊ မိက္ခာ ၅း၂၊ လုကာ ၁၃း၂၄

၂။ ဒုတိယ၊ စိတ်နှလုံးအကြွင်းမဲ့ဖြင့် ယေရှုကိုရှာသောသူ လုကာ ၂း၁၆