Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




သန့်ရှင်းခြင်းသို့ရောက်သွားသောနေမန်

THE CLEANSING OF NAAMAN

ဒေါက်တာအာ်ရ်အယ်လ်ဟိုင်မာဂျေအာ်ရ်၏
by Dr. R. L. Hymers, Jr.

၂၀၁၂၊ မတ်လ၄ရက်၊ လော့စ်အိန်ဂျယ်လိတ်မြို့၊ တဲတော်နှစ်ခြင်းအသင်းတော်၊ သခင် ဘုရားနေ့၊ ညနေပိုင်းဝတ်ပြုအစည်းအဝေး၌ ဟောကြားသောဒေသနာတော်၊
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, March 4, 2012

“ဧလိရှဲက၊ သင်သည်သွား၍ယော်ဒန်မြစ်၌ ခုနှစ်ကြိမ်တိုင်အောင်ရေချိုး လော့။ အသားပြောင်း၍ သန့်ရှင်းလိမ့်မည်ဟု လူကိုစေလွှတ်၍ပြော စေ၏။ (၄ရာ ၅း၁၀)။


နေမန်သည် ရှုရိဘုရင်၏ဗိုလ်ချုပ်မင်းတစ်ဦးဖြစ်သည်။ သူသည်ခွန်အားကြီးသော စစ်သူရဲဖြစ်သည်။ ဘန်းကြီးသောသူလည်းဖြစ်သည်။ သူသည်စစ်ပွဲတွင်အောင်မြင် သောသူဖြစ်သောကြောင့် ဘုရင်ထံမျက်နှာရသောသူဖြစ်သည်။ သို့တိုင်အောင် ဗိုလ်ချုပ် နေမန်သည် အနူသည်တစ်ဦးဖြစ်ပါသည်။ အနူရောဂါသည် တဖြည်းဖြည်းချင်းအ သားကို စား၍သေစေသောရောဂါတစ်မျိုးဖြစ်သည်။

ဣသရေလပြည်မှ ဖမ်းဆီးခဲ့သောမိန်းမပျုတစ်ဦးသည် နေမန်အမျိုးသမီး၏ကျွန်မ တယောက်ဖြစ်သည်။ထိုမိန်းမငယ်ကနေမန်းအမျိုးသမီးအား အနူရောဂါများကိုပျောက် ကင်းစေနိူင်သော ပရောဖက်တဦး ဣသရေလနိူင်ငံ၌ရှိသည်ဟု ပြောကြားခဲ့သည်။ ထိုအခါ ရှုရိဘုရင်သည် ဣသရေလဘုရင်ထံစာတစ်စောင်နှင့် ဗိုလ်ချုပ်နေမန်းအား ရောဂါမှ ပျောက်ကင်း၏ကုသပေးပါရန်စေလွှတ်ခဲ့ပါသည်။ ထိုအခါ ဣသရေလဘု ရင်သည် အထူးပင်ဒုက္ခတွေ့ကြုံခဲ့ရပေပြီ။ ထိုအခါသူသည် မိမိ၏အဝတ်ကိုစုတ်ဖြဲပြီး “ငါသည်အသက်ပေးပိုင်၊ နူတ်ပိုင်သောဘုရားဖြစ်သောကြောင့် ဤသူသည်လူနူကို ချမ်းသာပေးစေခြင်းငှါ၊ ငါ့ထံသို့စေလွှတ်သလော။ ကြည့်ကြလော့။ ဤသူသည်ငါ့ကို အဘယ်မျှလောက်ရန်ရှာချင်သည်ကို ကြည့်ကြလော့ဟုဆို၏ (၄ရာ၅း၇)။ ဤအ ကြောင်းအရာကို ပရောဖက်ဧလိရှဲကြားသောအခါ၊ နေမန်ကိုသူ့ထံသို့စေလွှတ်ပေးရန် ဘုရင်အားကြားလျှောက်ခဲ့သည်။ “ထိုသူသည်ငါ့ထံသို့လာပါစေ ဣသရေလပြည်၌ ပရောဖက်ရှိသည်ကို သိလိမ့်မည်ဟု ဘုရင်ကိုမှာလိုက်လေ၏”(၄ရာ၅း၈)။

ထို့ကြောင့် နေမန်သည် မြင်းရထားကိုစီး၍ ဧလိရှဲအိမ်ရှေ့မှာရပ်နေ၏။ သို့သော် ပရောဖက်သည် သွားရောက်နုတ်မဆက်ဘဲနေခဲ့သည်။ နေမန်ဆီသို့ သတင်းစကားမေး မြန်းမည့်အစား၊ “ဧလိရှဲက၊ သင်သည်သွား၍ယော်ဒန်(မြစ်)၌ ခုနှစ်ကြိမ်တိုင်အောင်ရေ ချိုးလော့။ အသားပြောင်း၍ သန့်ရှင်းလိမ့်မည်ဟု လူကိုစေလွှတ်၍ပြောစေ၏ (၄ရာ ၅း၁၀)။

ထိုအခါ နေမန်သည်စိတ်ဆိုးလျှက်ပြန်သွားလေသည်။ သူပြောကြားခဲ့သည်မှာ၊ “အကယ်၍ ပရောဖက်သည်ထွက်လာမည်။ ငါ့နားမှာရပ်လျှက် မိမိဘုရားသခင်ထာ၀ရ ဘုရား၏နာမကိုခေါ်၍ မိမိလက်နှင့်သပ်သဖြင့် နူနာကိုပျောက်စေမည်ဟု ငါထင်၏” ထိုနောက်နေမန်က သူ့နိူင်ငံ၌ရှိသောမြစ်နှစ်စင်းသည် ဣသရေလနိုင်ငံရှိမြစ်များထက် သာလွန်ကြောင်းကို ပြောကြားခဲ့သည်။” “ထိုမြစ်၌ ငါရေချိုး၍မသန့်ရှင်းရသလော့?ဟု ဆိုလျှက်မျက်ထွက်၍ ပြန်သွား၏။”

ထို့နောက် နေမန်၏ကျွန်ုပ်တို့သည် ချဉ်းကပ်၍ပြောကြားသည်မှာ၊ “ခက်သောအ မှုကိုပြုရမည်ဟု ပရောဖက်စီရင်လျှင်ပြုတော်မူမည်မဟုတ်လော့? ရေချိုး၍သာသန့်ရှင်း ခြင်းသို့ရောက်လော့ဟုစီရင်လျှင် အဘယ်မျှလောက်သာ၍ ပြုတော်မူသင့်ပါသည်တ ကားဟုလျှောက်ကြသော်” “နေမန်သည်သွား၍ ဘုရားသခင်၏လူစီရင်သည်အတိုင်း၊ ယော်ဒန်မြစ်၌ ကိုယ်ကိုခုနှစ်ကြိမ်နှစ်သဖြင့် သူ၏အသားသည် သူငယ်၏အသားကဲ့သို့ ပြောင်း၍ သန့်ရှင်းခြင်းသို့ရောက်၏”။

ဗိုလ်ချုပ်နေမန်သည် ပရောဖက်ဧလိရှဲထံသို့ပြန်လာ၍ ပြောကြားခဲ့သည်မှာ၊ “ဣသ ရေလပြည်မှတပါး အဘယ်ပြည်၌မျှ ဘုရားသခင်မရှိသည်ကို ယ္ခုအကျွန်ုပ်သိပါ၏” ဟုပြောကြားခဲ့သည်။

ကျော်ကြားသော တရားဒေသနာတော်ဟူသမျှ ဤကျမ်းပိုဒ်ကိုရည်ညွှန်းပြီးဟော ကြားခဲ့ကြသည်။ တရားဟောဆရာတို့သည် နေမန်၏နူနာရောဂါမှ ပျောက်ကင်းခြင်း သည်နောင်အခါ ယေရှုခရစ်၏အသွေးတော်အားဖြင့် ကျန်းမာခြင်းရရှိကြမည့်ပုံရိပ်ကို ပေးထားခြင်းဖြစ်သည်! အကယ်၍ သင်သည်ယုံကြည်သူတဦးမဟုတ်သေးပါက၊ ယနေ့ ညပင် ခရစ်တော်၏အသွးတော်အားဖြင့် သင့်အပြစ်ကိုဆေးကြောသန့်စင်ဖို့ရန် ကျွန်ုပ်ဆု တောင်းပေးနေပါသည်! သင့်အသက်တာ သန့်ရှင်းခြင်းသို့ရောက်နိုင်ဖို့၊ နေမန်၏ရောဂါ ပျောက်ကင်းခြင်းအထဲက အချက်သုံးချက်ကိုမှတ်သားကြပါစို့။

၁။ ပထမ၊ သူသည်၊ အနူသည်တစ်ဦးဖြစ်သည်၊

“ထိုသူသည် ခွန်အားကြီးသော စစ်သူရဲ့ဖြစ်၏သို့ရာတွင် နူနာစွဲ၏။ (၄ရာ ၅း၁)။

ဒေါက်တာမက္ကီးပြောကြားခဲ့သည်မှာ၊ “သမ္မာကျမ်းစာတော်မြတ်၌ အနူသည်အပြစ်ကို ပုံဆောင်ပါသည်။ ဆိုလိုသည်မှာ ထိုရောဂါစွဲလာပါက ကုသ၍မပျောက်နိုင်အမျိုးရိုးစွဲ သောကြောင့်ဖြစ်သည်၊ နေမန်သည်ကောင်းမြတ်ခြင်းများစွာရှိသော်လည်း အပြစ်သား တဦးဖြစ်သည်။ သူ့၏အနူရောဂါမှပျောက်ကင်းလိုပါသော်လည်း မိမိကိုကိုမကုသနိုင် ပါ၊ ခရစ်တော်သခင်သည်သာကုသနိုင်သော အရှင်ဖြစ်သည်” (J. Vernon McGee, Th.D., Thru The Bible, Thomas Nelson Publishhers, 1982, volume II, p. 311; note on II Kings 5:1).

နူနာသည်၊ လူသားတို့၏ လုံး၀၏ဥဿုံပျက်စီးခြင်းကို ပုံဆောင်သည်။ အာဒံသည် ဘုရားရှင်၏စကားကို ဆန့်ကျင်သောအခါ အပြစ်တည်းဟူသော နူနာသည်လူသားထု တစ်ခုလုံး၌ ပျံ့နှံ့သွားခဲ့ရပါသည်။ တမန်တော်ရှင်ပေါလုပြောကြားခဲ့သည်မှာ၊

“အပြစ်တရားသည် လူတစ်ယောက်(အာဒံ)သောသူအားဖြင့် ဤလောကသို့ ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်လာသည်နှင့်အညီ လူအ ပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏”။
      (ရောမ ၅း၁၂)။

ထိုကြောင့် သမ္မာကျမ်းစာတော်မြတ်က မယုံကြည်သူအားလုံးတို့ကို “ဒုစရိုက်အပြစ်၌ သေသောသူ” (ဧဖက်၂း၅)ဟူ၍ ခေါ်ပါသည်။ ဒါဝိဒ်ဘုရင်ကပြောကြားခဲ့သည်မှာ၊

“ကျွန်ုပ်သည် မွေးစကပင်အပြစ်ပါလျှက်ရှိပါ၏ အမိဝမ်းထဲမှာပဋိသန္ဓေယူ စဉ်ပင်အပြစ်စွဲပါ၏။ (ဆာလံ ၅၁း၅)။

ဒေါက်တာဝပ်ဒ် သီကုံးရေးသားခဲ့သည်မှာ၊

-ကျွန်ုပ်၌နှစ်သက်ဖွယ်မရှိအပြစ်သားဖြစ်၏
သန့်ရှင်းခြင်းမရှိ မွေးဖွါးခြင်းကိုခံရ
အပြစ်၌လဲကျခြင်း အမွေဆက်ခံသောသူဖြစ်၏
အပြစ်မျိုးဆက် အမွေဆက်ခံသောသူဖြစ်ရ၏

-သခင့်မျက်မှောက်တော်၌သာ ခိုဝင်
ကျွန်ုပ်၏ခိုလှုံရာသည် ကိုယ်တော်ရှင်သာ
အပြင်သဏ္ဍန်အားဖြင့် ကျွန်ုပ်ကိုမသန့်ရှင်းစေနိုင်ပါ
အပြစ်နူနာသည် အတွင်းထဲအမြစ်စွဲ
(၁၆၇၄-၁၇၄၈ ခုနှစ်၊ ဒေါက်တာက္ကဇက်ဝပ့်သီကုံးသည်)။

ထိုဓမ္မသီချင်းက၊ မယုံကြည်သူမိတ်ဆွေ၏ သဘာ၀ပင်ကိုယ်ကို ပြသဖေါ်ပြနေပါ သည်! အပြစ်သန္ဓေတည်၏! အပြစ်၌မွေးဖွါးခဲ့ရ၏! အပြင်သဏ္ဍန်တည်းဟူသော (အပေါ်ယံ သမား)ဇာတိပကတိက သင့်ကိုမသန့်ရှင်းစေနိုင်! နူနာသည်အတွင်းနှလုံး သားထဲ၌စွဲနေ သည်! ဣဇက်ဝပ့်၌ ရေးသားသီဆိုသကဲ့သို့ ကျွန်ုပ်တို့အသင်းတော်၌ လည်းတဖန်သီဆို စေချင်ပါသည်! ထိုသီချင်းက သင့်အကြောင်းဖေါ်ပြနေပါသည်! “အနူရောဂါသည် အတွင်းနှလုံးသားထဲစွဲမြဲနေပါသည်” ယေရမိအသေအချာမိန့်ကြား ထားပါသည်။

“စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်ယို ယွင်းသောသဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း
      (ယေရမိ ၁၇း၉)။

ပထမနိုးကြားမှုခေတ်ကာလ၌ နာမည်ကျော်တရားဟောဆရာကြီး ဂျော့ဝှိုက်ဖီးလ်ကမကြာ ခဏပြောကြားခဲ့သည်မှာ၊ လူသည်မိမိကိုကို အပြစ်၌လုံး၀ဥဿုံပျက်စီးနေသည်ဟု မိမိ၏ ဇာတိသဘောကိုနားမလည်ပါက အသက်တာမပြောင်းလဲနိုင်ပေ။ ထောပေါင်းများစွာ သောသူ၊ အပြစ်ကိုနာလည်းသောသူတို့က-မိမိတို့၏ခန္တာကိုယ် ယိုယွင်းပျက်စီးနေခြင်း အပြစ်အမြစ်ပြတ်အောင်ကုသ၍ မရသောအပြစ်နူနာစွဲကပ်နေသည်ကို နားလည်သဘော ကြသည်။ အပြစ်နူနာသည် အတွင်းနှလုံးသားထဲအမြစ်စွဲ နေပါသည်။

သင့်အတွက်လည်း မှန်ကန်မည်မဟုတ်ပါလား?ယေရှုမိန့်တော်မူသည်မှာ၊

“လူအတွင်းနှလုံးထဲက မကောင်းသောကြံစည်ခြင်း၊ သူ့မယားကိုပြစ်မှား ခြင်း၊ မိန်းမလွတ်နှင့် ပြစ်မှားခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်းလှည့်စားခြင်းညစ်ညူးခြင်း ငြူစူခြင်း၊ သူ့အသရေကိုဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်းလျှပ်ပေါ် ခြင်း”
       (မာကု ၈း၂၁-၂၂)။

သင့်အတွင်းနှလုံးအတွေးအခေါ်သည် ညစ်ညူးခြင်းနှင့် ပြည့်နှက်နေသည်မဟုတ်ပါ လား? အခုဆိုရင်၊ သင်သည်အဘယ်မည်မျှညစ်ညူးသောစိတ်နှလုံးကို ကုသဖြေရှင်း နိုင်ပါမည်နည်း? သင်၌အပြစ်နူနာစွဲနေပါသဖြင့် မည်ကဲ့သို့ သန့်ရှင်းအော်ကုသဖြေရှင်း နိုင်ပါမည်နည်း? ဗိုလ်ချုပ်နေမည်လည်း သင့်ကဲ့သို့ “အနူသည်တစ်ဦးဖြစ်သည်” အဘယ်မည်ကဲ့သို့နေမန်သည် သန့်ရှင်းခြင်းသို့ရောက်ရှိသနည်း? ထိုအကြောင်းအရာ က နောက်သင်ခန်းစာတခုနောက်သို့ ပို့ဆောင်ပေးနေပါသည်။

၂။ ဒုတိယ၊ သန့်ရှင်းစင်ကြယ်ခြင်းရရှိမည့်နည်းလမ်းဖေါ်ပြပြီးဖြစ်ပါသည်။

“ဧလိရှဲကသင်သည် သွား၍ယော်ဒန်မြစ်၌ ခုနှစ်ကြိမ်တိုင်အောင်ရေချိုးလော့ အသားပြောင်း၍ သန့်ရှင်းလိမ့်မည်ဟု လူကိုစေလွှတ်၍ပြောစေ၏” (၄ရာ ၅း၁၀)။

ယော်ဒန်မြစ်သို့ ခုနှစ်ကြိမ်တိုင်အောင်သွား၍နှစ်ပါ။ အဲဒါပါပဲ! လုပ်ဆောင်ရန်ထို အရာပင်ဖြစ်သည်! နေမန်မျှော်လင့်နေသည်မှာ၊ လာ၍အနားမှာရပ်လျှက်လက်နှင့် သပ်၍နူနာကို ကုရန်မျှော်လင့်ခဲ့ပါသည်။ သူပြောကြားခဲ့သည်မှာ၊ “အကယ်၍ ပရော ဖက်သည်ထွက်လာမည့် ငါ့နားမှာရပ်လျှက် မိမိဘုရားသခင်ထာ၀ရဘုရား၏ နာမကို ခေါ်၍ မိမိလက်နှင့်သပ်သဖြင့် နူနာကိုပျောက်စေမည်ဟု ငါထင်၏” (၄ရာ၅း၁၁)။ သင်လည်း ထိုအခြေအနေ၌ရှိနေမည်ဟု “တွေးထင်” မိပါသည်! သင်လည်းနူနာစွဲခြင်း မှပျောက်ကင်းလိုမည်ဟု “တွေးထင်”မိပါသည်။ သင့်အတွေးများကိုဂရိုတစိုက်ထင် ခြင်းနေမည်ဟု”ထင်”ပါသည်! သင်အတွင်းနှလုံးသားထဲကို ပြည်နှင်ဒဏ်ပေးလိုက် ပါ၊ ပြီးနောက် ဘုရားသခင်မိန့်တော်မူသကဲ့သို့ လိုက်နာဆောင်ရွက်ပါ! ဒီ.အယ်လ်မုဒိ ပြောကြားခဲ့သည်မှာ၊

နေမန်၌ ရောဂါနှစ်မျိုးရှိပါသည်၊ မာန်မာနနှင့် နူနာရောဂါပင်ဖြစ်သည်။ ဒုတိယ ရောဂါသန့်ရှင်းရရှိဖို့ လိုအပ်နေသကဲ့သို့ ပထမရောဂါလည်း ထို့အတူလိုအပ်နေပါသည်။ နေမန်သည်မာန်မာနရထားပေါ်က ဆင်းလာဖို့ လိုအပ်ပြီး၊ မိန့်တော်မူသည်အတိုင်း ယော်ဒန်မြစ်ထဲရေနှစ်ဖို့ လိုအပ်ပါမည် (D. L. Moody, Notes From My Bible, page 58).

အကယ်၍ သင်ကယ်တင်ခြင်းခံယူလိုပါလျှင်၊ ထိုသို့ ယနေ့ညသင်လိုက်လျှောက်ဖို့လို ပါသည်။ သင့်အတွေးအမြင်များကို ဘေးချိတ်ထားဖို့လိုပါသည်။ သင့်၏ မာန်မာနနှင့် သင့်အတွေးအခေါ်များ၊ ဘေးချိတ်ပြီးကယ်တင်ခြင်းအလို့ငှါ “စီရင်သည့်အတိုင်းရေ၌ နှစ်ဖို့လိုပါသည်” စီရင်ခြင်းဟူမူကား “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့ ငါသည်ချမ်းသာပေးမည်။” (မဿဲ၁၁း၂၈)။ ယေရှုသခင်ထံတိုးဝင် ချဉ်းကပ် ပါ။ သခင့်အသွေးတော်အားဖြင့် သင့်အားဆေးကြောသန့်စင်ပါလိမ့်မည်၊ သင့်အားငြိမ် သက်ခြင်း၊ချမ်းသာကိုပေးပါလိမ့်မည်! “ယေရှုခရစ်၏ အသွေးတော်သည် ငါတို့အပြစ်ရှိ သမျှကို ဆေးကြောတော်မူ၏ (၁ယော ၁း၇)။

၃။ တတိယ၊ သူသည်နာခံလိုက်လျှောက်ဖို့လိုပါသည်၊

“ကျွန်ုပ်တို့သည် ချဉ်းကပ်၍အဘ၊ ခက်သောအမှုကိုပြုရမည်ဟု ပရောဖက် စီရင်လျှင်၊ ပြုတော်မူမည်မဟုတ်လော့။ ရေချိုး၍သာ သန့်ရှင်းခြင်းသို့ ရောက်လော့ဟု စီရင်လျှင်အဘယ်မျှလောက်သာ၍ ပြုတော်မူသည့်ပါသည် တကားဟု လျှောက်ကြသော်” (၄ရာ ၅း၁၃)။

“ရေနှစ်ပြီးသန့်ရှင်းခြင်းသို့ရောက်လော့။” ကနေ့ည ကျွန်ုပ်လုပ်ဆောင်စေလိုသောအရာ သည် ထိုအရာပင်ဖြစ်သည်! ရေနှစ်ပြီးသန့်ရှင်းသို့ရောက်လော့!

ယော်ဒန်မြစ်ရေသည် ယေရှု၏အသွေးတော်ကို ပုံဆောင်ထားပါသည်။ ယနေ့လူ အများတို့သည် ဣသရေလနိုင်ငံသို့ရောက်ရှိကြသောအခါ၊ ထိုယော်ဒန်မြစ်၌ နှစ်ခြင်း မင်္ဂလာကို “တဖန်ပြန်လည်” မိမိကိုကို နှစ်ယူခဲ့ကြသည်။ တစုံတရားထူးခြားလာမည် ဟု မိမိကိုကိုယုံကြည်ချက်နှင့် နှစ်ကြခြင်းဖြစ်သည်ဟု ကျွန်တော်ကြားဖူးခဲ့ပါသည်။ ကျွန်ုပ်အခြေနှင့် ထိုသို့လုပ်ဆောင်ခြင်းသည် ရူးမိုက်ခြင်းဖြစ်မည်ဟု!ထင်၏။ သင်ပ ထမအကြိမ်နှစ်ခြင်းမင်္ဂလာယူစဉ်၌လည်း ဘာဆိုဘာမှ “ထူးထူးခြားခြား”မရှိခဲ့ပါဘူး! နှစ်ခြင်းမင်္ဂလာဟူသည် သင်အသက်တာပြောင်းလဲပြီးနောက် ယေရှုနှင့်အတူအသေခံ ပြီးရှင်ပြန်ထမြောက်ခြင်းကို ပုံဆောင်ခြင်းသာဖြစ်သည်။ နေမန်သည် ဓမ္မဟောင်း ကျမ်း၌သာ သန့်ရှင်းခြင်းကိုရရှိခြင်းဖြစ်သည်။ ယနေ့မျက်မှောက်ကာလတွင်မူ၊ ယေရှု ကိုယုံကြည်ခြင်းအားဖြင့်သာ သန့်ရှင်းခြင်းကို ရရှိခြင်းကာလတွင်မူ၊ ယေရှုကိုယုံကြည် ခြင်းအားဖြင့်သာ သန့်ရှင်းခြင်းကိုရရှိခြင်းဖြစ်သည်။

“သခင်ယေရှု၏ အသွေးတော်ကိုယုံကြည်ခြင်းအားဖြင့် အပြစ်ဖြေစရာအ ကြောင်းဖြစ်စေခြင်းငှါ၊ ဘုရားသခင်ထင်ရှင်းစွာပြတော်မူပြီ။ (ရောမ ၃း၂၅)။

သင်၌အသွေးတော်ကို ယုံကြည်ခြင်းရှိရမည်! သမ္မာကျမ်းစာ၌မိန့်တော်မူသည်ကား၊

“ဘုရားသခင်၏ သားတော်ယေရှုခရစ်၏ အသွေးတော်သည် ငါတို့အပြစ်ရှိ သမျှကို ဆေးကြောတော်မူ၏ (၁ယော ၁း၇)။

အားလုံးတို့သည် အပြစ်သားများဖြစ်ကြသည်! သင့်နှလုံးသား၌ကြံစည်သောအပြစ် သင်ကျူးလွန်သောအပြစ်၊ မည်သည့်အပြစ်ကိုမဆို ယေရှု၏အသွေးတော်အားဖြင့် သန့်ရှင်း-ဘုရားသခင်၏ သားတော်ယေရှု၏ အသွေးတော်အားဖြင့် သန့်ရှင်းစင် ကြယ်ပါသည်!

-ငါ့အပြစ်စွန်းဆေးအံငှါ
ရှင်ယေရှုအသွေးတတ်စွမ်းလေ
ငါ့ကိုကျန်းမာ စိမ့်သောငှါ
ရှင်ယေရှုအသွေး တတ်စွမ်းလေ

-အို! မြတ်လှစီးသောအသွေး
မိုးပွင့်လိုဖြူစင်စေ
ခြားစမ်းရေ ရှာမတွေ့
ရှင်ယေရှုအသွေးတတ်စွမ်းလေ
     (၁၈၂၆-၁၈၉၉၊ ရောဘတ်လော်ရီသီကုံးရေးသားသော “ယေရှုအသွေးတော် ကျူး”)။

ယနေ့ ကယ်တင်ရှင်ယေရှု၏ အသွေးတော်ကို တန်ဖိုးနိမ့်ကျအောင်လုပ်ဆောင်နေ သူများရှိသည်ကို ကျွန်ုပ်သိပါသည်။ ဘုရားရှင်၏သနားခြင်း ဂရုဏာတော်သည် ဤအပြစ်ရှိသူတို့အပေါ် သက်ရောက်တည်ပါစေ! အပြစ်နူနာစွဲသော သူတို့ကိုကုသဖို့ အခြားနည်းလမ်းမရှိပေ။ “အခြားနည်းလည်းမရှိပါ။ ယေရှုအသွေးတော်သာလျှင်တတ် စွမ်းနိုင်ပါသည်။” ကောင်းကင်ဘုံ၌ ထိုအသွေးသီချင်းသီဆိုရကြမည်။

“ငါတို့ကိုချစ်၍ မိမိသွေးနှင့် ငါတို့အပြစ်များကိုဆေးကြောတော်မူ၍”
     (ဗျာဒိတ် ၁း၅)။

“ငါ့အပြစ်စွန်းဆေးအံ့ငှါ၊ ရှင်ယေရှုအသွေးတတ်စွမ်းလေ”!

သင့်အပြစ်အဖိုးအခပေးဆပ်ဖို့ရန် ယေရှုသည်ကားတိုင်ပေါ် အသေခံပေးဆပ်ပြီးဖြစ် ပါသည်။ ဘုရားသခင်၏ တပါးတည်းသောသားတော်၏ မြတ်လှသောအသွေးတော် အားဖြင့် သင့်အပြစ်အားလုံးတို့အတွက် ကားတိုင်ပေါ်မှ၊သွန်းလောင်းပြီး ဖြစ်ပါသည်။ အဖခမည်းတော်၏လင်္ကျာတော်ဘက်၌ ကောင်းကင်ဘုံ၌စံပယ်တော်မူ သည်။ ယေရှုသခင်ထံတိုးဝင်ချဉ်းကပ်ပြီး အပြစ်ခွင့်လွှတ်ခြင်း၊ သန့်ရှင်းစင်ကြယ်ခြင်းကို ခံယူပါ! ပရောဖက်က၊ ဗိုလ်ချုပ်နေမန်အား မိန့်တော်မူထားသည်မှာ “ရေထဲနှစ် ပြီးသန့်ရှင်းစင်ကြယ်ခြင်းသို့ရောက်ရှိပါ” ယနေ့ည၊ ကျွန်ုပ်ပြောကြားလိုသည်မှာ၊ ခရစ် တော်ယေရှု၏ အသွေးတော်၌ နှစ်မြှပ်ပြီး သန့်ရှင်းခြင်းခံယူလိုက်ပါ! မစ္စတာ ဂရိဖက်စ်သီဆိုသကဲ့သို့ “ကျွန်ုပ်သိပါပြီ” တဖန်ပြန်လည်၍သီဆိုသည်

-မျှော်လင့်ရာမရှိ ပျောက်ဆုံးလူသားကြွလာပါ
     ယေရှုအသွေးတော် ချမ်းသာပေး၏
သာ၍ဆိုးသွမ်းမိုက်သားကို ပင်ကယ်ချွတ်
     ကျွန်ုပ်ကဲ့သို့ လူဆိုးကိုကယ်ချွတ်သနား
-ကျွန်ုပ်သိပါပြီ၊ ယခုသိပါပြီ
     အပြစ်ဆိုးညစ်စွန့်ပယ်သူ အသွေးတော်ကသန့်ရှင်းပေး
ကျွန်ုပ်သိပါပြီ၊ ယခုသိပါပြီ
     အပြစ်ဆိုးညစ်စွန့်ပယ်သူ၊ အသွေးတော်ကသန့်ရှင်းပေး
(၁၉၂၀၊ အန်နာဒဗလျူ ဝါတာမန်ရေးသားသီကုံးသော”အကျွန်ုပ်သိပါပြီ”)။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

-ဒေသနာတော်မတိုင်ခင် ဒေါက်တာဂရိတန်အယ်ချန်မှ ၄ရာ၅း၁-၁၅ အထိကိုဖတ် ကြားပေးပါသည်။
-ဒေသနာတော်မတိုင်ခင် မစ္စတာဘင်ဂျမင် ခင်ကိတ်ဂရိဖက်ခ်မှ ၁၉၂၀ခုနှစ်၊ အန်နာ. ဒဗလျူဝါတာမန် သီကုံးရေးသားသော “ကျွန်ုပ်သိပါပြီ”ဟူသော ဓမ္မသီချင်းကိုသီဆို ပေးပါသည်။


အခှပှေုကမြွး

သန့်ရှင်းခြင်းသို့ရောက်သွားသောနေမန်

“ဧလိရှဲက၊ သင်သည်သွား၍ယော်ဒန်မြစ်၌ ခုနှစ်ကြိမ်တိုင်အောင်ရေချိုး လော့။ အသားပြောင်း၍သန့်ရှင်းလိမ့်မည်ဟု လူကိုစေလွှတ်၍ ပြော ကြစေ၏။ (၄ရာ၅း၁၀)။

(၄ရာ ၅း၇၊၈)

၁။ ပထမ၊ သူသည်အနူသည်တစ်ဦးဖြစ်သည်။
၄ရာ ၅း၁၊ ရောမ ၅း၁၂၊ ဧဖက် ၂း၅၊ ဆာလံ ၅၁း၅၊ ယေရမိ ၁၇း၉၊
မာကု ၇း၂၁-၂၂၊

၂။ ဒုတိယ၊ သန့်ရှင်းစင်ကြယ်ခြင်းရရှိမည့်နည်းလမ်းဖေါ်ပြီးဖြစ်ပါသည်။
၄ရာ ၅း၁၁၊ မဿဲ ၁၁း၂၈၊ ၁ယော ၁း၇၊

၃။ တတိယ၊ သူသည်နာခံလိုက်လျှောက်ရန်လိုသည်။
၄ရာ ၅း၁၃၊ ရောမ ၃း၂၅၊ ၁ယော ၁း၇၊ ဗျာဒိတ် ၁း၅။