Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ပျောက်ဆုံးဝိညာဉ်ဖမ်းဆီးခြင်းဆိုင်ရာ နည်းလမ်း”အသစ်”

A “NEW” METHOD OF SOUL WINNING!

ဒေါက်တာအာရ်အယ်လ်ဟိုင်မာဂျေအာရ်၏ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ (၁၇)
by Dr. R. L. Hymers, Jr.

ဒေါက်တာ အာရ်အယ်လ် ဟိုင်မာ ဂျေအာရ်၏ ၂၀၁၁ခုနှစ် ဇူလိုင်လ
၂၄ ရက်၊လော့အိန်ဂျယ်လိတ် မြို့၊တဲ့တော် နှစ်ခြင်းအသင်းတော်၊သခင်ဘုရားနေ့ညနေပိုင်းဝတ်ပြုအစည်း၊အဝေး၌ဟောကြားခြင်းဒေသနာတော်၊
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, July 24, 2011

“အဘယ်သို့နည်းဟူမူကား၊ဘုရားသခင်၏ ပညာတော် စီရင်သည်နှင့်အညီ၊ လောကီသားတို့သည် မိမိတို့ပညာအားဖြင fhဘုရားသခင်ကို မသိပဲနေကြသော အခါ၊ဘုရားသခင်သည် ယုံကြည်သော သူတို့ကိုဒေသနာတော် မိုက်မဲခြင်း အားဖြင့် ကယ်တင်ခြင်းဌါစေတနာ ရှိတော်မူ၏ (၁ကော ၁း၂၁)”ဟောပြောသော သူမရှိလျှင် အဘယ်သို့ကြား နိုင်မည်နည်း” (ရောမ ၁ဝး၁၄)။


ကျွန်ုပ်သည် ပျောက်ဆုံးဝိညာဉ်ဖမ်းဆီးခြင်း အလို့ဌာ နည်းလမ်းအမျိုးမျိုး အသုံးပြု၍ ဆောင်ရွက်ခဲ့သည်မှာ အသက် ၅၃ နှစ်ပင်ပြည့်ပါတော့မည်။ ကျွန်ုပ်သည် ဆန်ဖရန်ဆစ္စကို မြို့လမ်းအချို့ ၊လမ်းကြား၊ လောစ့်အိန်ဂျယ်လိတ်မြို့အ နောက်ဘက်ခြမ်းတလျှောက်နှင့် လော့စ်အိန်ဂျယ်လိတ်မြို့လယ် ပါချိန်းစကွေးယား တလျှောက် အကြိမ်ပေါင်းရာနှင့် ချီပြီးဧဝံကလိ တရားဟောကြားခဲ့ပါသည်။ သို့သော် ပျောက်ဆုံးဝိညာဉ်တစ်ဦး တစ်ယောက်ပြောင်းလဲပြီး အသင်းတော် ပါဝင်လာသည်ဟူ၍ မရှိခဲ့ပေ။ အကြိမ်ပေါင်းရာနှင့်ချီပြီး ဝေစာများဖြန့်ဝေပါ သော်လည်းအသစ်ပြောင်းလဲသူများ ရှိမ လာခဲ့၊ ပင်ပန်းရကျိုးမနပ်ခဲ့ပါ။ အသင်းတော်၌ အသစ်ပြောင်းလဲသောသူများ ရောက်ရှိမလာပဲ ဝေစာပေါင်းသန်းနှင့်ချီ ၍ ပင်ပန်းစွာဖြန့်ဝေခဲ့သည်။ ကျွန်ုပ်တို့သည် တစ်အိမ်ဆင်းတစ်အိမ်တက် ကယ်တင်ခြင်းသတင်းကောင်းကို လော့စ်အိန်ဂျယ်လိတ် မြို့တလျှောက် ဝေဌပို့ချပြီးဆုတောင်းပေးကြသော်လည်း ၃ ယောက် ၄ ယောက် ကလွဲ၍စစ်မှန် သောခရစ်ယာန်များမတွေ့ရပေ။ အကျွန်ုပ်သည် လေလှိုင်းရေဒီယိုဖြင့် တစ်နှစ်ကြာကြာ သတင်းကောင်းဝေဌခဲ့သော် လည်းတစ်စုံတစ်ဦးမှအသင်းတော်၌ပြောင်းလဲလာသည်ဟူ၍မရှိခဲ့ပါ။နှစ်ပေါင်းများစွာအကြာတွင် ကယ်လီဖိုးနီးယား ပြည်နယ်၊ စကာမံတို မြို့၌လူပေါင်းများစွာ တို့အဖို့ “ဧဝံဂေလိ သတင်းကောင်း” ထိထိမိမိ ပြောကြားသွန်သင်ခဲ့သည်။ ထိုသင်တန်း၌ လက်တွေ့အမှုတော် ဆောင်ရွက်ခဲ့ကြသော်လည်း အသီးအပွင့်ဟူ၍မရှိခဲ့ပေ။ မည်သူတစ်ဦးကမှ အသင်း တော်သို့ပြောင်းလဲပြီးရောက်လာသည်ဟူ၍မရှိခဲ့ပါ။ ကျွန်ုပ်တို့အသင်းတော်၌ ဘတ်စ်ကားဖြင့် ဧဝံဂေလိဝေဌခြင်း အစီ အစဉ်ကိုနှစ်ပေါင်းများစွာ ကျင့်သုံးဆောင်ရွက်ခဲ့ကြသည်။ သို့သော်လည်း အဆုံး၌ အသီးအပွင့်ပင်မတွေ့ရပေ။

ထိုဧဝံဂေလိ ဝေဌနည်းမှားယွင်းသည်ဟု ကျွန်ုပ်ပြောလိုချင်၍မဟုတ်ပါ။ ကျွန်ုပ်ရိုးရှင်းစွာပြောလိုသည်မှာ ၎င်း နည်းလမ်းသည်အလုပ်မဖြစ်ပေ။ လော့စ်အိန်ဂျယ်လိတ်မြို့ဆန်ဖရန်ဆစ္စိကိုမြို့ သို့မဟုတ် စကာမံတိုမြို့ တို့၌ကျွန်ုပ်ကြိုး စားလုပ်ဆောင်မှုများက အလုပ်မဖြစ်ခဲ့၊အကျိုးမရှိခဲ့ပါ။ ထိုကဲ့သို့လုပ်ဆောင်ခြင်းနည်းလမ်းသည် ကျေးလက်ဒေသ သို့မဟုတ် လူမျိုးနွယ်စုငယ် တို့၌အကျိုးရှိကောင်းရှိပေမည်။ သို့ပါသော်လည်း မြို့ကြီး၊ ပြကြီးတွင်မူ ထိုနည်းလမ်းဖြင့် များစွာသောခရစ်ယာန် ယုံကြည်သူများပြောင်းလဲလာလိမ့်မည်မဟုတ်ပေ။

နောက်ဆုံးတွင် မယုံကြည်သူများ ခရစ်တော်ဘုရားသခင်ထံပြောင်းလဲလာ နိုင်ဖို့နည်းလမ်းအသစ်တရပ်ကို တွေ့ရှိခဲ့ပြီဖြစ်ပါသည်။ ကျွန်ုပ်ရည်ညွှန်းပြသလိုသော နည်းလမ်းသည် “ဒေသန္တရ အသင်းတော်ကိုဗဟိုပြုသော ဧဝံဂေလိ” လုပ်ငန်းဆောင်ရွက်ခြင်းပင်ဖြစ်သည်။ ကျွန်ုပ်ဆိုလိုသည်မှာ၊ လူသစ်တယောက်ကိုအချိန်တိုအတွင်း သင်းဝင်ဖို့ဆုတောင်း၊ ပေးလိုက်ပြီးနောက် ထိုသူကိုပြုစုစောင့်ရှောက်မည့်အစား၊ ဦးစွာလူချင်းမိတ်ဖွဲ့ပြီး၊ ပြီးနောက်မှ ဧဝံဂေလိသတင်းကောင်းဝေဌခြင်းနည်းလမ်း ကိုအသုံးပြုစေလို၍ဖြစ်သည်။ ထိုမှသာ လူသစ်ကိုဘုရားကျောင်းသို့နွေး ထွေးစွာခေါ်ဆောင်လာပြီး သတင်းကောင်းဝေဌတိုက်တွန်းနိုင်မည်ဖြစ်သည်။

ကျွန်ုပ်တို့အသင်းတော်၌ရှိ အသင်းသူ^သား များအားလုံးနီးပါး “ဤအသစ်သော ဧဝံဂေလိ နည်းလမ်းသစ်” ဖြင့်ခရစ်တော် ယေရှုထံသို့ ပြောင်းလဲလာကြသူများဖြစ်သည်။ ဤနည်းလမ်းအသစ်ကို ကွင်းခတ်ပြီးဖော်ပြသည်။ အကြောင်းမှာ ၎င်းနည်းလမ်းက နည်းလမ်းအဟောင်းသာဖြစ်သည်။ တမန်တော်ဝတ္ထု၌ တစ်ဦးတစ်ယောက် ဧဝံဂေလိ သတင်းကောင်းဝေဌ သည့်အခါမှတ်သားဖွယ် ပြောဟောပုံစံ အချို့တွေ့ရပါသည်။ ဖိလိပ္ပုနှင့် အဲသယောပိ အမတ်၊ ရှင်ပေါလု နှင့် ဖိလိပ္ပိ အကျဉ်းထောင်မှူး ပြီးတော့ ရှင်ပေတဂုနှင့် ကောနေလိ တို့ကြားဟောပြောသက်သေခံ ပုံစံများ ကိုမှတ်သားဖွယ်တွေ့ရပါသည်။ (တမန်တော် ၆း၅-၆) ၌ ဖော်ပြထားသော ဖိလိပ္ပု သည်သင်းထောက်အရာကို လက် တင်ခံယူခဲ့သည်ကို၎င်း၊ ပေတဂုနှင့် ရှင်ပေါလု တို့သည် တမန်တော်များ ဖြစ်ကြသည်ကို သတိပြုသင့်ပါသည်။ တမန် ၈း၅ ၌ ဖိလိပ္ပု၊ ရှင်ပေတရုနှင့် ရှင်ပေါလု တို့သည် တရားဟောဆရာများ ဖြစ်ကြသည်။ သာမန်ခရစ်ယာန်များမ ဟုတ်ခဲ့ကြပါ။ ဖိလိပ္ပုသည် သာသနာပြုဆရာဖြစ်သည်ဟု တမန်တော် ၂၁း၈ ၌ဖော်ပြခဲ့ပါသည်။ သူသည် သင်း ထောက်အရာနှင့် သာသနာပြုဆရာအရာ၌ လက်တင်ခံယူခဲ့သူဖြစ်ပါသည်။ဘုရားရှင်က တမန်တော်ရာထူး၌၎င်းသာသ နာပြုဆရာအရာ၌၎င်း၊ ထူးခြားသောပုံစံအားဖြင့်လူသားတို့အား ခရစ်တော်၌အသစ်ပြုပြင်ပြောင်းလဲအောင် အသုံးပြုခဲ့ ၏။ လူပေါင်းထောင်ချီ၍ပြောင်းလဲမှုဖြစ်ရပ်ဆန်း တမန်တော်ဝတ္ထု၌ ရှိခဲ့သည်။ ထိုသူတို့ပြောင်းလဲခြင်းသည် တရားစ ကားနားထောင်ခြင်းအားဖြင်ဖြစ်စေ၊ ပင်တေကုတ္တေပွဲနေ့ကြီး၌ လူပေါင်း ၃၀၀၀ ပြောင်းလဲမှုကြီးသည် ရှင်ပေတဂု၏ တရားစကားနားထောင်ခြင်းဖြစ်သည်။ လူပေါင်း ၅၀၀၀ ပြောင်းလဲခြင်းဖြစ်ရပ်ဆန်းသည် တမန်တော်များ၏ တရား ဟောခြင်းအားဖြင့် ပြောင်းလဲကြသူများဖြစ်သည် (တမန် ၄း၄) ။ရှာမရိမြို့ သာသနာပြုဆရာကြီး ဖိလိပ္ပု တရားဒေသ နာဟောကြားခြင်းဖြင့် များပြားလှစွာသောလူအုပ်ကြီးပြောင်းလဲမှုတစ်ရပ် ဖြစ်ပွားခဲ့သည် (တမန် ၈း၅)။ ပိသိဒိပြည် အန္တိအုတ်မြို့ ရှိတပါး အမျိုးသားအများအပြား ဧဝံဂေလိသတင်းစကားကြောင့် အသစ်ပြောင်းလဲခဲ့ကြသည် (တမန် ၁၃း၄၄ ၄၈)။ ဤပြောင်းလဲမှုကြီးအားလုံးတို့သည် ဧဝံဂေလိ သတင်းကောင်းကိုကြားနာပြီး ဒေသန္တရ အသင်းတော် ၌ဖွဲ့စည်းပါဝင်ကြသည်။”နေစဉ်မပြတ်သခင်ဘုရားသည် သင်းဝင်စေတော်မူ၏” (တမန် ၂း၄၇)။ ထို့အတွက်ကြောင့်ဤ ကဲ့သို့ပြုပြင်ပြောင်းလဲသူများပြားတိုးပွါးခြင်း နည်းလမ်းဟောင်း အတိုင်းဆောင်ရွက်ခြင်းပင်ဖြစ်၏။ နည်းလမ်းအသစ် တရပ်မဟုတ်ပေ။

ခရစ်ယာန်သမိုင်းကြောင်းတလျှောက်လုံး ဧဝံဂေလိ ဟောကြားခြင်းနည်းလမ်းကိုလေ့လာရာတွင် ထိုတမန်တော် တို့၏ နည်းလမ်းအတိုင်းခေတ်အဆက်ဆက် အသုံးပြုဟောကြားခဲ့ကြ၏။ “အသင်းတော်ထဲ၌ အပြစ်ရှိလူသားကိုဦးစွာ ခေါ်ဆောင်ပါ၊ ထို့နောက် ဧဝံဂေလိ သတင်းကောင်းဟောကြားပေးပါ။ တစ်ဆယ့်ခုနှစ်ရာစု လောက သာသနာပြုဆရာကြီး ပါစတာ ရက်စ်ချက် ဘစ်တာ ပြောကြားခဲ့သည်မှာ၊

ဘုရားသခင်က လူတိုင်းအားရွေးနုတ်ခြင်း ကျေးဇူးကို လူသားတိုင်းအားပေးခဲ့ခြင်း ဆိုရာတွင်၊ အသင်းတော်လူစုလူဝေး(အသင်းတော်) အပေါ်သာသနာပြု ဆရာကြီး ခရစ်တော်ဘုရား၏ အသက်ရှင်ခြင်းနှင့် ဆိုင်သော နုတ်ကပတ် တရားတော်ကိုကြားနာခြင်းဖြင့်ဖြစ်သည်။ တရားစကားကို ကြားနာခြင်းမရှိပဲ မည်ကဲ့သို့ယုံကြည်မည့်နည်း၊ ဟောပြောသောသူ မရှိလျှင် အဘယ်သို့ ကြားနိုင်မည်နည်း၊ ကျမ်းတော်မြတ်ကို လေ့လာသောအခါ ပြောင်းလဲခြင်း၏ သာမန်ဖြစ်ရိုးလမ်းစဉ်သည် ဘုရားသခင်၏ သတင်းစကားကိုနားထောင်ခြင်းဖြင့် အဟုတ်ပေ။ (Richard Baxter, 1657 A Treatise on Conversion, The American Tract society, pp 320,321,325) ။”ဘုရားသခင်သည် ယုံကြည်သောသူတို့ကို ဒေသနာတော်မိုက်မဲခြင်း အားဖြင့်ကယ်တင်ခြင်းဌါ စေတနာရှိတော်မူ၏ (၁ကော ၁း၂၁)။ “ဟောပြောသောသူမရှိလျှင် အဘယ်သို့ကြားနိုင်မည်နည်း (ရောမ ၁ဝး၁၄)။

ခရစ်ယာန်ယုံကြည်သူတိုင်းလိုလိုပဲ၊ အလျှင်စလိုအပြစ်သားများအဖို့ ဆုတောင်းပေးလိုက်ခြင်းဖြင့် အသင်းသားအဖြစ် အသိအမှတ်ပြုကြပြီး၊ထို့နောက်အလျှင်စလို ပျိုးထောင်ခြင်းနည်းလမ်းသည် ဖိုင်နီး၏ “ခေတ်သစ်ခရစ်ယာန်ဗေဒ” ဖြစ် သဖြင့်နှစ်ပေါင်း ၁၇၀ တိုင်ခဲ့ပါပြီ။ မုဒီ လည်းဖိုင်နီး၏ ယုံကြည်ချက်ဖြစ်သော လူတစ်ယောက်သည် အချိန်တိုင်းကယ် တင်ခြင်းရရှိနိုင်သည် ဟူသောခံယူချက်နောက်ကို လိုက်သူဖြစ်သည်။ ထို့ကြောင့်ခရစ်ယာန် ယုံကြည်သူများသည် အချိန်တိုအတွင်း ဧဝံဂေလိ သတင်းကောင်းဝေဌပြီး၊ အချိန်တိုအတွင်း ခရစ်ယာန်ယုံကြည်သူအဖြစ်သတ်မှတ်ဆု တောင်းပေလိုက်ကြသည်။ အချိန်နှင့် အတွေ့အကြုံက ဤနည်းလမ်းဖြင့် ဧဝံဂေလိ ဆောင်ရွက်ခြင်းသည်ဖြစ်တောင့် ဖြစ်ခဲသောလုပ်ရပ်သည် ဖြစ်သည်ကိုတွေ့ရပါသည်။ ထို့ကြောင့်အသင်းတော်များများ ၎င်းနည်းလမ်းကိုအရှုံးပေးရပ် တန့်ကြပြီး ကယ်ဗင်နောက်သို့ လှည့်ပြောင်းကြကုန်ပြီ။ မယုံကြည်သူအပြစ်သားမျးဆီသို့ ဧဝံဂေလိ သတင်းကောင်း ရောက်ရှိဖို့ မကြိုးစားကြတော့ပေ။ “ယနေ့အသင်းတော်များတို့အဖို့- ကနဦး အသင်းတော်များတို့၏ ဧဝံဂေလိ ဝေဌ နည်းပုံစံနမူနာ” ကိုအင်တာနက် တွင်ဝင်ဖတ်နိုင်ပါသည်။ မိတ်ဆွေသည် ဟိုက်ပါ ကယ်ဗင်နီကပ် (hပစနမ-ဃalလငညငျာ) ကယ်ဗင်၏ နောက်လိုက်ဝါဒနှင့် (Calvinism) ကယ်ဗင်၏ ဝါဒထဲမှ အရေးပါသောအချက်ကြီး (၅)ချက်ကို ခွဲခြားစွာသင် လေ့လာနိုင်ပါသသည်။

Hyper-Calvinism (ကယ်ဗင်နောက်လိုက်ဝါဒ ဆိုသည်မှာ ဝီလျှံကယ်ရီ အိန္ဒိယနိုင်ငံသို့သာသနာ့ ခရီးသွား ရန်၊ သင်းအုပ်ဆရားများကော်မတီ သို့အဆိုတင်သွင်းသောအခါ တွေ့ကြုံရသော မူဝါဒပင်ဖြစ်ပါသည်။ ထို့ကော်မတီ အဖွဲ့ဝင်ပါဝင်သော ကယ်ဗင်ဝါဒနောက်လိုက် နှစ်ခြင်းအသင်း ပါစတာတယောက်က ဝီလျှံကယ်ရီအား “ထိုင်နေပါလူ လေး” ဟုပြောကြားလိုက်သည်။ ဘုရားရှင်က ဘုရားမဲ့လူသားများအားကယ်တင်လိုပါက မိတ်ဆွေနှင့်ကျွန်ုပ်တို့နှစ်ယောက် ၏အကူအညီမပါဘဲ လုပ်ဆောင်နိုင်ပါတယ်ဟု ပြောကြားခဲ့သည်။ ထိုသဘောထားသည် ကယ်ဗင်ဝါဒမှ ဆင်းသက် လာခြင်းဖြစ်သည်။ ယနေ့နိုင်ငံတကာမှ သာသနာပြုစေလွှတ်သော ရီဖောင်းအသင်းမှ သာသနာပြုပုဂ္ဂိုလ်ကြီးများအဖို့ တကယ်စိတ်မကောင်းဖြစ်မိတယ်၊ အကြောင်းမှာ သူတို့သည် ကယ်ဗင်ဝါဒ စွဲကပ်နေသောကြောင့်ဖြစ်သည်။

ကယ်ဗင်ဝါဒများမှ အချက်ကြီး(၅)ချက်အားကောက်နုတ်ခဲ့သော သင်းအုပ်ဆရာကြီး အိုင်အိန်း အိပ်ခ်ျမူ ရေးပြောကြားသည်မှာ “စပါဂျန်၏ သာသနာ့အမှုတော်မြတ်၌ ဝိညာဉ်ဖမ်းဆီးခြင်းကို ဦးစားပေးဆောင်ရွက်ခဲ့ခြင်း အပေါ် ယနေ့ကျွန်ုပ်တို့ ထိုကဲ့သို့ဦးစားပေးဆောင်ရွက်ခြင်းမတွေ့ရပေ။ ရီဖောင်း အသင်းတော်များ၌ ဧဝံဂေလိ သတင်း ကောင်းဝေဌရေးနိုးကြားမှု အစီအစဉ် ကိုရှားပါးသလောက် လုပ်ဆောင်သည်ကိုသာတွေ့ရသည်။ ကယ်ဗင်နောက်လိုက် တို့၏ဝါဒခံယူချက်ကို လက်မခံခြင်းကကောင်းပေ၏။ သို့ပါသော်လည်းကျွန်ုပ်တို့၌ ဆိုးဝါးသောအန္တာရာယ်ဝင်ရောက် နိုင်မှုအပေါ်နိုးကြားသောအသိ သတိမရှိပါက၊ ခရစ်တော်ဘုရား၏ အမိန့်တော်ဖြစ်သောပျောက်ဆုံးဝိညာဉ်ဖမ်းဆီးခြင်း၊ နုတ်ကပတ်တော်၏ ဦးစားပေးတိုက်တွန်းမှုအပေါ်မိမိတို့ အားဖြင့်ကန့်ကွက်တားဆီးသကဲ့သို့ဖြစ်နေနိုင်ပါသည်။ အသုံး ပြု၍မရသော ယုံကြည်ခံယူချက်သည် တန်ဖိုးမရှိပေ” (Iain H. Murray, Spurgeon V. Hyper-Calvinism, The Banner of Truth trust,1995,P. Xiv).

ကျွန်ုပ်ပြောကြားလိုပါသည်၊ ဧဝံဂေလိ သတင်းကောင်းအလို့ဌါ ထူးခြားသောနည်းလမ်းကို အလေးပေးဆောင် ရွက်စေလိုပါသည်။ သတင်းကောင်းနားထောင်စေဖို့ရန် လူတိုင်းပျောက်ဆုံး လူသားများအား၊ အသင်းတော်သို့ခေါ် ဆောင်လာရပါသည်၊ အကြောင်းမှာ

“ဘုရားသခင်ကိုမသိပဲနေကြသောအခါ၊ ဘုရားသခင် သည်ယုံကြည်သော သူတို့ကို ဒေသနာတော်မိုက်မဲခြင်းအားဖြင့် ကယ်တင်ခြင်းဌါ စေတနာရှိတော်မူ၏(၁ကော ၁း၂၁)။

“ဟောပြောသူမရှိလျှင် အဘယ်သို့ကြားနိုင်မည်နည်း
(ရောမ ၁ဝး၁၄)။

စပါဂျန်က ဤဧဝံဂေလိ သတင်းကောင်းဝေဌနည်းကိုအောက်ပါအတိုင်းလမ်းညွှန်ပေးပါသည်။

ပျောက်ဆုံးဝိညာဉ်များ သင်မည်သို့ဖမ်းဆီးခေါ်ဆောင်နိုင်မည်နည်း၊အသင်းတော်၌ အခြားသောမိတ်ဆွေအပေါင်းအသင်းများကို သတင်းကောင်းကြားနာစေရန် ခေါ်ဆောင်ပါ ဟုလမ်းညွှန်ပေးပါရစေ။ ဤကဲ့သို့လုပ်ဆောင်ရန် လျစ်လျူ ရှုထားကြသည်။ ဝတ်ပြုဆုတောင်းသောနေရာ၌ မိတ်ဆွေ အသစ် များဆွဲခေါ်လာပါ။ဂရုစိုက်ပြုစုပါ။ ဆွဲဆောင်မှုအပြည့်ဖြင့် ခေါ်ဆောင်လာပါ။ နုတ်ကပတ် တော်ကြားနာ ဖို့အလို့ဌါ ခေါ်ဆောင်လာပါ။ ထိုကဲ့သို့ သင်လုပ်ဆောင်ခြင်း၌အဘယ်နှစ်ယောက် သောသူများပြောင်းလဲလာမည်ကို မည်သူသိနိုင်မည်နည်း၊ထိုကဲ့သို့လုပ်ဆောင်ခြင်း အပေါ်ကြီးမားသောကောင်းကျိုးခံစားရပါမည်။ အကယ်၍ ထိုကဲ့သို့မဆောင်ရွက်ပါက ကောင်းကြီးချပေးမည်မဟုတ်၊ သင်းအုပ်ဆရာသင့်အားပြုပြီးသကဲ့သို့ သင်လုပ် ဆောင်ပါ။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားထံ ခွန်အားတောင်းခံကာလုပ်ဆောင်ပါ။ ကျေးဇူးတော်ကာလမကုန်ဆုံးခင်၏ ဧဝံဂေလိသတင်းကောင်းဖို့အလို့ဌါ လူသစ်တဦး တယောက်အားသတင်းကောင်းကြားနာစေဖို့ခေါ်ဆောင်လာပါ (C.H. Spurgeon , '' Soul Winning '' The metropolitan Tabenacle Pulpit, Pilgrim Publication, 1976. Volume XV. P.P 32-33).

ဤနည်းလမ်းများအားဖြင့်လူသစ်များအား ဘုရားကျောင်းသို့ခေါ်လာကြပြီး ဧဝံဂေလိ သတင်းကြားနာစေခဲ့ သည်ကို စပါဂျန် တွေ့မြင်ခဲ့ပါသည်။ အမှန်တကယ်ပါပဲ ထိုသူအားသတင်းကောင်းနားထောင်စေပါဍ သင်းအုပ်ဆရာ သည်လူသစ်ကလေးများအား အသင်းတော်သို့ခေါ်ဆောင်လာသည်ကို တွေ့ရပါက၊ ခရစ်တော်ဘုရား၏ ဧဝံဂေလိ သတင်းကောင်းဝေဌရာတွင် အကျိုးနပ်ပါလိမ့်မည်စိတ်အားထက်သန်ပါမည်။ ထိုကဲ့သို့ကျွန်ုပ် တနင်္ဂနွေနေ့ ဧဝံဂေလိ တရားဟောကြားခြင်းကို အချို့သောသူတို့အံ့အားသင့်စွာ တွေ့မြင်ကြသည်။ ကျွန်ုပ်လည်းထိုလူသစ်ကလေးများတွေ့ရ၍ တရားဟောချက်များအကောင်းဆုံးပြင်ဆင်ဟောကြားနိုင်သကဲ့သို့ အပတ်စဉ်တိုင်း လူသစ်ကလေးများလည်း တိုးသ ထက်တိုးပွါးလာပါသည်။

ကလေးဥပုသ် စာဖြေသင်ကြားခြင်းနှင့် ကျမ်းစာလေ့လာခြင်းအစီအစဉ်ပြီးနောက်၊ ဝတ်ပြုအစည်းအဝေးခြင်း၌ သာပျေက်ဆုံးဝိညာဉ်လူသစ်များအား ဧဝံဂေလိ တရားဟောပေးခြင်းက ကယ်တင်ခြင်းအဖို့မလုံလောက်ပေ။ ထိုသူတို့ ကိုလည်း ကျမ်းစာလေ့လာခြင်းအစီအစဉ်သို့ခေါ်ဆောင်ရပါမည်။ သို့မှသာထိုလူသစ်များ ကယ်တင်ခြင်းအကြောင်း စိတ်ချမှုရရှိနိုင်မည် ဟုတချို့တယောက်သောသူအား ထင်ကောင်းထင်ပါလိမ့်မည်။ ထိုအတွေးအခေါ်မှားကြောင်း ကျွန်ုပ်သိနေပါသည်။ ကျွန်ုပ်သိရသော ဝိညာဉ်ရေးရာကြီးထွားရင့်ကျက်သူ အသင်းသူ^သားများ သည်တစ်နှစ်ပြီး တစ်နှစ် တနင်္ဂနွေနေ့တိုင်း ဧဝံဂေလိ သတင်းကောင်းအမြဲကြားနာသူများပင်ဖြစ်ပါသည်။ ဝိညာဉ်ရေးရာအားနည်းသော သူအချို့တို့သည်ကျမ်းစာ တစ်ပိုဒ်ပြီးတစ်ပိုဒ်လေ့လာသူများဖြစ်ပြီး၊ ခရစ်တော်ဘုရား၏ ဧဝံဂေလိ သတင်းကောင်း အကုန်အစင် နားမလည်သောသူများသာဖြစ်ကြပါသည်။

စပါဂျန်သေဆုံးသွားတာ နှစ်ပေါင်းတစ်ရာကျော် နေပါပြီ။ ထိုသူ၏ တရားဒေသနာကို အသစ်အသစ် ထုတ်ဝေ ပြီးထောင်နှင့်ချီသော သူတို့အခုတိုင်ဖတ်ကြားနေတုန်းပင်ဖြစ်သည်။ ထိုဆရာ၏ တရားဒေသနာများသည် ဧဝံဂေလိ ဆိုင်ရာသတင်းကောင်း ချည်းသာဖြစ်ပါသည်။ စပါဂျန်သည် သူနာမကျန်းသေခါနီးဆဲဆဲ ထိတိုင် ထိုဧဝံဂေလိ သတင်းကောင်းကိုစိတ်အားထက်သန်စွာဖြင့်ဟောကြားခဲ့ပါသည်။ ဒေါက်ဂျွန်အာရ်ရိုက်ခ် ပြောကြားရာတွင်”စပါဂျန် သည်သူသက်ရှိထင်ရှားအမှုတော်ဆောင်ရန် မိမိကိုယ်ကို မိမိ သင်းအုပ်ဆရာ၊ ဧဝံဂေလိ တရားဟောဆရာဟုပင်မသုံး နှုန်းခဲ့ပါ။ ထိုဆရာ၏ သတင်းကောင်းဝေဌခြင်းဖြင့် ထောင်ပေါင်းများစွာ ကယ်တင်ခြင်းခဲ့ရကြပါသည်။ ထို့ကြောင့် သူ၏ အသင်းတော် မက်ထရို ပိုလီတန်တာဘဲလ်နီကယ် (သူ့အသင်းနာမည်) ကို “ဝိညာဉ်ထောင်ချောက် ဟုခေါ်တွင် ကြသည် အကြေင်းမှာ ထိုဆရာကြီး၏ တရားဒေသနာဝေဌခြင်းဖြင့်မြောက်များစွာအသစ်ပြောင်းလဲ၍ဖြစ်ပါသည်။ (John R. Rice,D.D., Why Our Churches Do not Win Souls, Sword of the lord Publishers, 1966,P.68)/

အိုဍကျွန်ုပ်တို့သည် တမန်တော်များ၏ ခြေရာအတိုင်းအမှုတော်ကိုဆောင်ရွက်ကြရအောင်၊ Richard Baxter, Spurgeon နှင့် ဧဝံဂေလိ သတင်းကောင်းဝေဌပြောကြားသူတို့၏ ခြေရာအတိုင်း အမှုတော်မြတ်ဆောင်ရွက်ကြပါစို့ဍ ရှင်ပေါလု ပြောကြားသကဲ့သို့အဆုံးတိုင်အောင် ဧဝံဂေလိ သတင်းကောင်းဝေဌနိုင်ဖို့ဘုရားသခင် ကျွန်ုပ်အားခွန်အား ပေးပါစေ့ဍ

“အကြောင်းမူကား ယေရှုခရစ်တည်း ဟူသောလက်ဝါးကားတိုင်မှ အသေခံတော်မူ သော သခင်မှတစ်ပါး၊ အဘယ်အရာကိုမျှသင်တို့တွင် ငါမသိဟုငါ့စိတ်ပြဌာန်း ခြင်း ရှိ၏(၁ကော ၂း၂)။

“ဘုရားသခင်သည် ယုံကြည်သော သူတို့ကို ဒေသနာတော် မိုက်မဲ့ခြင်းအားဖြင့် ကယ်တင်ခြင်းဌါ စေတနာ ရှိတော် မူ၏(၁ကော ၁း၂၁)။” ဟော ပြောသောသူမရှိလျှင် အဘယ်သို့ကြားနိုင်မည်နည်း (ရောမ ၁ဝး၁၄)။

မိတ်ဆွေသင်သည်လည်း ပျောက်ဆုံးဝိညာဉ်တို့အား ဧဝံဂေလိ သတင်းကောင်းကြားနာဖို့ရန် အသင်းတော်သို့ခေါ် ဆောင်လာနိုင်သူဖြစ်နိုင်ပါစေဍအတူတကွ မတ်တပ်ရပ်လျှက် “ဝိညာဉ်ခေါ်ဆောင်လာပါ” ဟူသောဓမ္မသီချင်းသီဆိုကြ ပါစို့ဍ

ခေါ်ဆောင်လာပါ၊ ခေါ်ဆောင်လာပါ အပြစ်အမှောင်ကမ္ဘာဖုံးလွှမ်းခြင်းထဲက ခေါ်ဆောင်လာပါ ၊ခေါ်ဆောင်လာပါ ယေရှုသခင်ထံ ခေါ်ဆောင်လာပါ
(၁၉ရာစု အဲလက်စ် စေနက် သောမက်စ် သီကုံးသော “ဝိညာဉ်သစ်များခေါ်ဆောင်လာပါ)

ချစ်သော အပေါင်းအသင်းများခင်ဗျား၊ သင်သည်လည်း အသစ်ပြုပြင်ပြောင်းလဲသူမဟုတ်သေးပါက ယေရှု သခင်ထံသင့်အပြစ်လွှတ်ခြင်းခံရဖို့ ကြွလှမ်းလာဖို့ မေတ္တာရပ်ခံပါရစေ၊ သင်၏အပြစ်ကြွေးရှိသမျှအတွက် ကားတိုင် ပေါ်သင့်အစားအသေခံ ပေးခဲ့ပြီ။ သင့်အပြစ်အားလုံးကို သန့်ရှင်းသော အသွေးတော်နှင့် ဆေးကြာဖို့ရန် အသွေးသွန်ခဲ့ ပြီ၊သင့်အားထာ၀ရ အသက်ကိုပေးဖို့ရန်သင့်ဖို့ သေခြင်းမှ ရှင်ပြနိ်ထမြောက်ခဲ့ပြီ၊ အဖခမည်းတော်၏ လင်္ကျာတော် ဘက်အထက်ကောင်းကင်ဘုံ၌ သင့်အဖို့ဆုတောင်းပေးနေပြီ၊ မိတ်ဆွေသည်သခင်ထံ တိုးဝင်ချဉ်းကပ်ပါက အခုပင် သင့်အားကယ်တင်မည်ဖြစ်ပါသည်။

ကယ်တင်ခြင်း မခံရသေးပါက ၊၎င်းကယ်တင်ခြင်းနှင့်ပက်သက်၍တစ်စုံတစ်ရာသိလို၍ မေးမြန်းလိုပါက၊ ကျွန်ုပ်နှင့်သင်းထောက်တို့နှစ်ယောက်သည်သင့်အားဟောကြား ပေးဖို့ရန်အဆင်သင့်ရှိနေလျှက်ပါ။ ကျေးဇူးတော်ပြု၍ အနောက်ဘက်အခန်းထဲသို့ဝင်သွားပါ၊ ကျွန်ုပ်တို့ တွေ့ဆုံနွေးထွေးနိုင်ရင် ဒေါက်တာ ကေကန်မှ ဦးဆောင်လမ်းပြ ပါ လိမ့်မည်။အာမင်။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

-ဒေသနာတော်မတိုင်ခင်ဒေါက်တာ ခရိတ်တန် အယ်လ်ချန် မှ ရောမဩဝါဒစာ ၁ဝး၁၄-၁၇ ကိုဖတ်ကြားပေးပါသည်။
-ဒေသနာတော်မတိုင်ခင် မစ္စတာ ဘင်ဂျမင်ခင်ကိတ် ဂရိဖက်ခ် မှ (၁၈၉၅-၁၉၈၀၊ ဒေါက်တာ ရိုက်ခ် သီကုံးသော “ကျွန်ုပ် ရှိပါ၏” ဟူသောဓမ္မသီချင်းကိုသီဆိုပေးပါသည်။